Google ကနေ ထုတ်လုပ်ထားတဲ့ Gboard Keyboard ဟာ လက်ရှိအချိန်မှာ Android ဖုန်းအသုံးပြုသူတွေအတွက် အကောင်းဆုံး Keyboard တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Google ကနေ Gboard ကို သိသိသာသာ Design ပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။

Google ဟာ ယခု Design အသစ်ကို ဆောင်ရွက်နေတာ အချိန်အားဖြင့် ၂ လကျော်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်မှာ Beta Tester အချို့ကို Version 9.8.07 Update နဲ့အတူ စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် Gboard Design အသစ်ကို မကြာခင်မှာ Stable Version အသုံးပြုနေတဲ့သူတွေအတွက် ရရှိလာတော့မှာပါ။

အဆိုပါ Design အသစ်မှာ အဓိကပြောင်းလဲသွားတာကတော့ ယခင်အသုံးပြုနေတဲ့ Roboto Font ကို Product Sans Font နဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Material Design နဲ့တောင် ပိုပြီး လိုက်ဖက်သွားမှာဖြစ်ပါတယ်။

ကျန်တဲ့ပြောင်းလဲမှုတွေကတော့ Theme Setting ထဲမှာဖြစ်ပြီး ယခင် Gray အရောင်နေရာတွေက အဖြူနဲ့ အစားထိုးလိုက်သလို Shift ၊ Backspace ၊ Enter နဲ့ တခြား Key တွေရဲ့ Design ကိုလည်း ပိုထင်းနေအောင် Gray အရောင်ပြောင်းလဲထားတာဖြစ်ပါတယ်။ Dark Theme အနေနဲ့လည်း Keys တွေကပဲ Gray ဖြစ်နေမှာဖြစ်ပြီး နောက်ခံ Background ကို လုံးဝ Black အဖြစ်ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

Google ဟာ မကြာသေးခင်တုန်းကလည်း Gboard အတွက် System Setting ပေါ်မှုတည်ပြီးတော့ Dark နဲ့ White Theme ကို အလိုအလျောက်ပြောင်းလဲနိုင်တဲ့ Feature ကို Update လုပ်ပေးခဲ့ပါသေးတယ်။ ယခု Update ဟာ Server-side ဖြစ်တဲ့အတွက် Beta Tester အဖြစ် Sign-in ဝင်ရောက်ထားရင်တောင်မှ တချို့သော အသုံးပြုသူတွေပဲ ရရှိဦးမှာဖြစ်ပါတယ်။

Ref – Android Police