Zawgyi

Redmi Brand ရဲ႕ ပထမဆုံး ဖုန္းျဖစ္တဲ့ Redmi Note 7 ဟာ 48MP ပမာဏ ရွိတဲ့ ကင္မရာႀကီးေၾကာင့္ နာမည္ႀကီးေနတာျဖစ္ၿပီး သူ႕ရဲ႕ ကင္မရာဟာ ကိန္းဂဏန္းနဲ႕ ရွိုးျပေနတာထက္ေတာ့ ပိုပါတယ္။ Redmi Note 7 ကို စမ္းသပ္ၿပီးတဲ့ YouTubers ေတြၾကားမွာလည္း Redmi Note 7 ဟာ အေတာ္ေလးအေျခအေနေကာင္းေနပါတယ္။ အေသးစိတ္က်တဲ့ ပုံေတြရိုက္နိုင္ၿပီး Zoom ဆြဲၾကည့္တာေတာင္ မဝါးတဲ့ ပုံရိပ္ေတြထုတ္ေပးနိုင္ပါတယ္။ ညဘက္ရိုက္တဲ့ပုံေတြမွာလည္း 4in1 Pixel Binning နည္းပညာကို သုံးထားတဲ့အတြက္ ပုံမွန္ထက္ ပိုလင္းတဲ့ ပုံရိပ္ေတြကို ထုတ္ေပးနိုင္တာပါ။

အဲ့ေလာက္ေတာင္ ကင္မရာ အရည္အေသြးေကာင္းေနတယ္ဆိုရင္ လက္ရွိ ကင္မရာဖုန္းအျဖစ္နာမည္ႀကီးေနတဲ့ Pixel 3 ကိုေရာ မွီနိုင္လား? အေျဖကေတာ့ နိုးပါပဲ။ Pixel 3 ဟာ Software Hardware အခ်ိတ္အဆက္ အရမ္းမိတာေၾကာင့္ အေကာင္းဆုံး ကင္မရာ ဖုန္းတစ္လုံးျဖစ္ေနတာပါ။ ဒါေပမယ့္ Pixel 3 ရဲ႕ ကင္မရာ ေဆာ့ဖ္ဝဲလ္ကို Redmi Note 7 မွာ သုံးလို႔ရမယ္ဆိုရင္ေရာ? အဲ့လိုဆိုရင္ေတာ့ ပုံထြက္ေတြက သိသိသာသာကို ေကာင္းသြားမွာပါ။

Pixel ဖုန္းေတြမွာပါတဲ့ Goggle Camera ကို Android Developer ေတြက ျပဳျပင္ၿပီး တစ္ျခား ဖုန္းေတြမွာ အသုံးျပဳလို႔ရေအာင္ ႀကိဳးစားခဲ့ၾကပါတယ္။ မတူညီတဲ့ Developer ေတြနဲ႕ အတူ မတူညီတဲ့ Google Camera ဗားရွင္းေတြအမ်ားႀကီးရွိပါတယ္။ Redmi 5 Plus က စလို႔ Mi 8 နဲ႕ OnePlus 6T လို Flagship ေတြအထိ Google Camera က ပုံေကာင္းေတြရိုက္ကူးနိုင္ေစပါတယ္။ Stock Camera ေတြနဲ႕ယွဥ္ရင္ Google Camera သုံးၿပီး ရိုက္ထားတဲ့ ပုံေတြက အေသးစိတ္က်ၿပီး အေရာင္ထြက္လည္း မွန္သလို အလင္းအားနည္းတဲ့အခ်ိန္ေတြမွာလည္း ပုံေကာင္းေတြထုတ္ေပးပါတယ္။

Redmi Note 7 မွာလည္း Google Camera သုံးလို႔ရေနပါၿပီ။ သတင္းေကာင္းကေတာ့ Google Camera သုံးဖို႔အတြက္ Redmi Note 7 ကို Root လုပ္စရာမလိုပါဘူး။ XDA ဝဘ္ဆိုက္က Developer ေတြဟာ Redmi Note 7 ရဲ႕ System File ေတြထဲမွာ Camera2API ဆိုတဲ့ Feature ကို အေထာက္အကူျပဳတဲ့ Code ေလးေတြကို ရွာေတြ႕ခဲ့တာပါ။

Camera2API ဆိုတာကေတာ့ အျပင္က ထပ္သြင္းလိုက္တဲ့ ကင္မရာအပ္ ေတြက ဖုန္းရဲ႕ ကင္မရာ Hardware ကို အျပည့္အဝ ထိန္းခ်ဳပ္နိုင္ခြင့္ပါ။ Redmi Note 7 ဟာ Camera2API ကို အျပည့္အဝ ေထာက္ပံ့ေပးလို႔ Google Camera ကို အလြယ္တကူ ထည့္သြင္းအသုံးျပဳနိုင္မွာပါ။ ေအာက္က ဗီဒီယိုမွာေတာ့ Redmi Note 7 ရဲ႕ ေအာ္ရီဂ်င္နယ္ Camera App နဲ႕ Google Camera တို႔နဲ႕ ရိုက္ထားတဲ့ပုံေတြကို ယွဥ္ျပထားပါတယ္။

Google Camera ကို စမ္းသပ္ အသုံးျပဳခ်င္ရင္ေတာ့ ေအာက္မွာျပထားတဲ့ လင့္ခ္ကတစ္ဆင့္ ရယူနိုင္ပါတယ္။ Redmi Note 7 အတြက္ သီးသန႔္ေရးဆြဲေပးထားတဲ့ ဗားရွင္းမဟုတ္ေသးပဲ Mi8 အတြက္ ထုတ္ထားတဲ့ ဗားရွင္းကိုသာ အသုံးျပဳရမွာမို႔ Error ေလးေတြ၊ Bug ေလးေတြေတာ့ ရွိနိုင္ပါတယ္။

>Gcam Download Here<

Ref: XDA

Unicode

Redmi Note 7 မှာ Root မလိုပဲ Google Camera သုံးလို့ရမည်

Redmi Brand ရဲ့ ပထမဆုံး ဖုန်းဖြစ်တဲ့ Redmi Note 7 ဟာ 48MP ပမာဏ ရှိတဲ့ ကင်မရာကြီးကြောင့် နာမည်ကြီးနေတာဖြစ်ပြီး သူ့ရဲ့ ကင်မရာဟာ ကိန်းဂဏန်းနဲ့ ရှိုးပြနေတာထက်တော့ ပိုပါတယ်။ Redmi Note 7 ကို စမ်းသပ်ပြီးတဲ့ YouTubers တွေကြားမှာလည်း Redmi Note 7 ဟာ အတော်လေးအခြေအနေကောင်းနေပါတယ်။ အသေးစိတ်ကျတဲ့ ပုံတွေရိုက်နိုင်ပြီး Zoom ဆွဲကြည့်တာတောင် မဝါးတဲ့ ပုံရိပ်တွေထုတ်ပေးနိုင်ပါတယ်။ ညဘက်ရိုက်တဲ့ပုံတွေမှာလည်း 4in1 Pixel Binning နည်းပညာကို သုံးထားတဲ့အတွက် ပုံမှန်ထက် ပိုလင်းတဲ့ ပုံရိပ်တွေကို ထုတ်ပေးနိုင်တာပါ။

အဲ့လောက်တောင် ကင်မရာ အရည်အသွေးကောင်းနေတယ်ဆိုရင် လက်ရှိ ကင်မရာဖုန်းအဖြစ်နာမည်ကြီးနေတဲ့ Pixel 3 ကိုရော မှီနိုင်လား? အဖြေကတော့ နိုးပါပဲ။ Pixel 3 ဟာ Software Hardware အချိတ်အဆက် အရမ်းမိတာကြောင့် အကောင်းဆုံး ကင်မရာ ဖုန်းတစ်လုံးဖြစ်နေတာပါ။ ဒါပေမယ့် Pixel 3 ရဲ့ ကင်မရာ ဆော့ဖ်ဝဲလ်ကို Redmi Note 7 မှာ သုံးလို့ရမယ်ဆိုရင်ရော? အဲ့လိုဆိုရင်တော့ ပုံထွက်တွေက သိသိသာသာကို ကောင်းသွားမှာပါ။

Pixel ဖုန်းတွေမှာပါတဲ့ Goggle Camera ကို Android Developer တွေက ပြုပြင်ပြီး တစ်ခြား ဖုန်းတွေမှာ အသုံးပြုလို့ရအောင် ကြိုးစားခဲ့ကြပါတယ်။ မတူညီတဲ့ Developer တွေနဲ့ အတူ မတူညီတဲ့ Google Camera ဗားရှင်းတွေအများကြီးရှိပါတယ်။ Redmi 5 Plus က စလို့ Mi 8 နဲ့ OnePlus 6T လို Flagship တွေအထိ Google Camera က ပုံကောင်းတွေရိုက်ကူးနိုင်စေပါတယ်။ Stock Camera တွေနဲ့ယှဉ်ရင် Google Camera သုံးပြီး ရိုက်ထားတဲ့ ပုံတွေက အသေးစိတ်ကျပြီး အရောင်ထွက်လည်း မှန်သလို အလင်းအားနည်းတဲ့အချိန်တွေမှာလည်း ပုံကောင်းတွေထုတ်ပေးပါတယ်။

Redmi Note 7 မှာလည်း Google Camera သုံးလို့ရနေပါပြီ။ သတင်းကောင်းကတော့ Google Camera သုံးဖို့အတွက် Redmi Note 7 ကို Root လုပ်စရာမလိုပါဘူး။ XDA ဝဘ်ဆိုက်က Developer တွေဟာ Redmi Note 7 ရဲ့ System File တွေထဲမှာ Camera2API ဆိုတဲ့ Feature ကို အထောက်အကူပြုတဲ့ Code လေးတွေကို ရှာတွေ့ခဲ့တာပါ။

Camera2API ဆိုတာကတော့ အပြင်က ထပ်သွင်းလိုက်တဲ့ ကင်မရာအပ် တွေက ဖုန်းရဲ့ ကင်မရာ Hardware ကို အပြည့်အဝ ထိန်းချုပ်နိုင်ခွင့်ပါ။ Redmi Note 7 ဟာ Camera2API ကို အပြည့်အဝ ထောက်ပံ့ပေးလို့ Google Camera ကို အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်မှာပါ။ အောက်က ဗီဒီယိုမှာတော့ Redmi Note 7 ရဲ့ အော်ရီဂျင်နယ် Camera App နဲ့ Google Camera တို့နဲ့ ရိုက်ထားတဲ့ပုံတွေကို ယှဉ်ပြထားပါတယ်။

Google Camera ကို စမ်းသပ် အသုံးပြုချင်ရင်တော့ အောက်မှာပြထားတဲ့ လင့်ခ်ကတစ်ဆင့် ရယူနိုင်ပါတယ်။ Redmi Note 7 အတွက် သီးသန့်ရေးဆွဲပေးထားတဲ့ ဗားရှင်းမဟုတ်သေးပဲ Mi8 အတွက် ထုတ်ထားတဲ့ ဗားရှင်းကိုသာ အသုံးပြုရမှာမို့ Error လေးတွေ၊ Bug လေးတွေတော့ ရှိနိုင်ပါတယ်။

>Gcam Download Here<
Ref: XDA