Redmi Note 9 စီးရီးဟာ နိုင်ငံတကာဈေးကွက်ကိုရောက်ရှိနေပြီဖြစ်ပေမယ့် တရုတ်ပြည်တွင်းမှာ မိတ်မဆက်ရသေးပါဘူး။ နောက်ဆုံးထွက်ထားတဲ့သတင်းတွေအရတော့ မိခင်တရုတ်ပြည်ဈေးကွက်ကို ဒီစီးရီးအား လုံးဝ မိတ်ဆက်လာတော့မှာမဟုတ်ဘဲ ဆင်တူတဲ့ဒီဇိုင်းကို ကွဲပြားတဲ့ Specs နဲ့ 5G နက်ဝပ်သုံးစွဲနိုင်စွမ်းပေါင်းစပ်ပြီး အသစ်မိတ်ဆက်လာမယ်လို့ဆိုနေပါတယ်။

ယနေ့မှာတော့ Geekbench ဟာ Redmi ရဲ့ စမတ်ဖုန်းသစ်နှစ်ခုဖြစ်တဲ့ M2004J7AC နဲ့ M2004J7BC တို့ရဲ့ စမ်းသပ်ချက်ရမှတ်တွေကို ထုတ်ဖော်ပြလာခဲ့ပါတယ်။ ဒီဖုန်းသစ်နှစ်လုံးမှာ တူညီတဲ့ Specs တွေရှိကြပြီး ကွဲပြားမှုကတော့ သူတို့ရဲ့ Motherboard ကုဒ်နာမည်တွေသာဖြစ်ပါတယ်။ M2004J7AC မှာ ‘Atom’ လို့ဖော်ပြထားပြီး M2004J7BC မှာတော့ ‘Bomb’ လို့မှတ်သားထားပါတယ်။

ဟန်းဆက်နှစ်ခုလုံးမှာ တူညီတဲ့ MediaTek MT6875 Octa-core ပရိုဆက်ဆာအသုံးပြုထားကာ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Dimensity 800 သို့မဟုတ် မကြေညာရသေးတဲ့ Dimensity 820 ဖြစ်နိုင်ပါတယ်။ နှစ်ခုလုံးမှာ 8GB RAM မန်မိုရီတွေနဲ့ အစမ်းသပ်ခံခဲ့ပြီး Android 10 OS အသုံးပြုခဲ့ပါတယ်။

TENAA မှာတွေ့ခဲ့ရစဉ်မှာတော့ ဒီဖုန်းနှစ်လုံးဟာ 6.57” OLED Display မှာ Dew-drop Notch ဒီဇိုင်းနဲ့ ဖြစ်ပြီး Fingerprint Sensor ကိုလည်း Display ထဲမှာပဲ ထည့်ထားပါတယ်။ နောက်ဘက်မှာ Triple-cam နဲ့ဖြစ်ပြီး အမြင့်ဆုံး 8/256GB မန်မိုရီအတွဲ၊ 22.5W အားသွင်းစနစ်နဲ့ 4,420 mAh ဘက္ထရီတို့ ပါဝင်ပါတယ်။

Ref – GizmoChina