Zawgyi

ေအာက္တိုဘာ ၂၃ ရက္ေန႔မွာ မိတ္ဆက္မယ့္ Xiaomi Black Shark 2 ရဲ႕ Geekbench အမွတ္ေတြေပၚထြက္လာပါျပီ။ TENAA မွာ Spec ေတြ ေပၚထြက္လာျပီးတဲ့ ေနာက္မွာေတာ့ Mobile Gamer ေတြရဲ႕ စိတ္ဝင္စားမွုကို ရရွိခဲ့တဲ့ Xiaomi ရဲ႕ Gaming Phone Black Shark ရဲ႕ ေနာက္ထြက္ Black Shark 2 ရဲ႕ စြမ္းေဆာင္ရည္ ရမွတ္ေတြဟာ Geekbench မွာ ေပၚထြက္လို႔လာပါျပီ။ Geekbench ရမွတ္ေတြ အေတာ္ေလးေကာင္းမြန္ျပီး လက္တေလာ Gaming Phone ေလာကမွာ နာမည္ၾကီးေနတဲ့ Razer Phone 2 ထက္ကို စြမ္းေဆာင္ရည္ပိုင္းမွာ အမွတ္မ်ားေနတာကိုေတြ႔ရပါတယ္။


ပံုမွာျပထားတဲ့အတိုင္းပဲ Black Shark 2 ဟာ Single Core ရမွတ္မွာ Razer Phone 2 ထက္ အမွတ္ သံုးရာေက်ာ္ ပိုသာေနျပီး Multi Core ရမွတ္မွာေတာ့ တစ္ရာေက်ာ္ ပိုသာေနတာကိုေတြ႔ႏိုင္ပါတယ္။ စိတ္ဝင္စားစရာအခ်က္ကေတာ့ ဖုန္းႏွစ္လံုးစလံုးမွာ Qualcomm ရဲ႕ေနာက္ဆံုးထြက္ Flagship SoC ျဖစ္တဲ့ Snapdragon 845 ကိုပဲအသံုးျပဳထားတာပါ။ RAM ပမာဏကလည္း ႏွစ္လံုးစလံုးမွာ 8GB သံုးထားပါတယ္။ အဲ့အခ်က္ကိုၾကည့္ျပီး ဖုန္းတစ္လံုးရဲ႕ စြမ္းေဆာင္ရည္ကို SoC တစ္ခုတည္းကိုပဲ ၾကည့္လို႔မရဘူးဆိုတာဘသိသာသြားေစပါတယ္။ Spec အတူတူသံုးထားေပမယ့္ စြမ္းေဆာင္ရည္ကြာေနရတဲ့ အေၾကာင္းရင္းကေတာ့ ဖုန္းအတြင္းပိုင္းမွာ အသံုးျပဳထားတဲ့ တစ္ျခား အစိတ္အပိုင္းေတြ ကြာျခားခ်က္နဲ႔ Software Optimization ကြာျခားလို႔ျဖစ္ႏိုင္ပါတယ္။ အဲ့အတြက္ ေနာက္အသစ္ထြက္မယ့္ Software Update ေတြတင္ျပီး ထပ္စမ္းသပ္ၾကည့္ရင္ေတာ့ အဆိုပါ ရလဒ္ေတြက ေျပာင္းလဲေကာင္းေျပာင္းလဲႏိုင္ပါတယ္။

Ref: Giz China

Unicode

အောက်တိုဘာ ၂၃ ရက်နေ့မှာ မိတ်ဆက်မယ့် Xiaomi Black Shark 2 ရဲ့ Geekbench အမှတ်တွေပေါ်ထွက်လာပါပြီ။ TENAA မှာ Spec တွေ ပေါ်ထွက်လာပြီးတဲ့ နောက်မှာတော့ Mobile Gamer တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ Xiaomi ရဲ့ Gaming Phone Black Shark ရဲ့ နောက်ထွက် Black Shark 2 ရဲ့ စွမ်းဆောင်ရည် ရမှတ်တွေဟာ Geekbench မှာ ပေါ်ထွက်လို့လာပါပြီ။ Geekbench ရမှတ်တွေ အတော်လေးကောင်းမွန်ပြီး လက်တလော Gaming Phone လောကမှာ နာမည်ကြီးနေတဲ့ Razer Phone 2 ထက်ကို စွမ်းဆောင်ရည်ပိုင်းမှာ အမှတ်များနေတာကိုတွေ့ရပါတယ်။

ပုံမှာပြထားတဲ့အတိုင်းပဲ Black Shark 2 ဟာ Single Core ရမှတ်မှာ Razer Phone 2 ထက် အမှတ် သုံးရာကျော် ပိုသာနေပြီး Multi Core ရမှတ်မှာတော့ တစ်ရာကျော် ပိုသာနေတာကိုတွေ့နိုင်ပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့ ဖုန်းနှစ်လုံးစလုံးမှာ Qualcomm ရဲ့နောက်ဆုံးထွက် Flagship SoC ဖြစ်တဲ့ Snapdragon 845 ကိုပဲအသုံးပြုထားတာပါ။ RAM ပမာဏကလည်း နှစ်လုံးစလုံးမှာ 8GB သုံးထားပါတယ်။ အဲ့အချက်ကိုကြည့်ပြီး ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ကို SoC တစ်ခုတည်းကိုပဲ ကြည့်လို့မရဘူးဆိုတာဘသိသာသွားစေပါတယ်။ Spec အတူတူသုံးထားပေမယ့် စွမ်းဆောင်ရည်ကွာနေရတဲ့ အကြောင်းရင်းကတော့ ဖုန်းအတွင်းပိုင်းမှာ အသုံးပြုထားတဲ့ တစ်ခြား အစိတ်အပိုင်းတွေ ကွာခြားချက်နဲ့ Software Optimization ကွာခြားလို့ဖြစ်နိုင်ပါတယ်။ အဲ့အတွက် နောက်အသစ်ထွက်မယ့် Software Update တွေတင်ပြီး ထပ်စမ်းသပ်ကြည့်ရင်တော့ အဆိုပါ ရလဒ်တွေက ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။

Ref: Giz China