Zawgyi

Vivo ကုမၸဏီအတြက္ ပထမဆုံး Punch-hole ကင္မရာပါဝင္တဲ့ စမတ္ဖုန္းျဖစ္လာမယ့္ Vivo Z5x ဟာ ေမလ ၂၄ ရက္ေန႔မွာ မိတ္ဆက္ဖို႔ျဖစ္ေပမယ့္ ရက္ပိုင္းအလိုမွာပဲ Geekbench ေပၚကို Specs အျပည့္အစုံနဲ႔ ေရာက္လာခဲ့ပါတယ္။

အဆုိပါစာရင္းထဲမွာ ေဖာ္ျပခ်က္အရ Z5x ဟာ 6.53” လက္မအရြယ္ Super AMOLED Display နဲ႔ ထြက္လာမွာျဖစ္ၿပီး FHD+ Resolution ပုိင္ဆုိင္ပါတယ္။ အတြင္းမွာ Snapdragon 710 ခ်စ္ပ္ဆက္ကို 8GB RAM / 128GB Storage မန္မုိရီတုိ႔နဲ႔ တြဲဖက္လာတယ္ဆုိတာကိုလည္း ျမင္ေတြ႕ရပါတယ္။

Z5x ဟာ Geekbench စမ္းသပ္ခ်က္မွာေတာ့ Single-Core စမ္းသပ္မႈအတြက္ 1848 မွတ္ရရွိၿပီး Multi-Core မွာေတာ့ 5915 ရရွိခဲ့တာေၾကာင့္ Realme X နဲ႔ Oppo Reno တုိ႔လို SD710 အသုံးျပဳထားတဲ့ အျခားဖုန္းေတြနဲ႔ အတူတူပါပဲ။

အရင္ကထြက္ထားတဲ့ သတင္းေတြမွာ ဒီဖုန္းဟာ မန္မုိရီအတြဲသုံးမ်ဳိးနဲ႔ ထြက္လာမွာျဖစ္ၿပီး 4/64GB, 6/64GB နဲ႔ 6/129GB တုိ႔ျဖစ္ပါတယ္။ ေနာက္ဘက္မွာလည္း Triple-Camera ပါဝင္ေပမယ့္ တရားဝင္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

Geekbench ရဲ႕ေကာင္းမႈေၾကာင့္ Vivo Z5x ဖုန္းအသစ္ဟာ Android Pie ကိုအေျခခံထားတဲ့ Funtouch 9 OS အသုံးျပဳလာမယ္ဆုိတာကိုလည္း အတည္ျပဳႏုိင္ခဲ့ပါတယ္။ ဒီဖုန္းဟာ 5,000 mAh ဘကၳရီႀကီးနဲ႔ ပြဲထြက္လာမယ္လို႔လည္း ဆုိထားတဲ့အတြက္ လာမယ့္ ၂၄ ရက္ေန႔က်ရင္ေတာ့ ဘယ္လိုစိတ္လႈပ္ရွားစရာ ထုတ္ကုန္ကို မိတ္ဆက္လာမလဲ ဆုိတာ ျမင္ရေတာ့မွာပါ။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီအတွက် ပထမဆုံး Punch-hole ကင်မရာပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာမယ့် Vivo Z5x ဟာ မေလ ၂၄ ရက်နေ့မှာ မိတ်ဆက်ဖို့ဖြစ်ပေမယ့် ရက်ပိုင်းအလိုမှာပဲ Geekbench ပေါ်ကို Specs အပြည့်အစုံနဲ့ ရောက်လာခဲ့ပါတယ်။

အဆိုပါစာရင်းထဲမှာ ဖော်ပြချက်အရ Z5x ဟာ 6.53” လက်မအရွယ် Super AMOLED Display နဲ့ ထွက်လာမှာဖြစ်ပြီး FHD+ Resolution ပိုင်ဆိုင်ပါတယ်။ အတွင်းမှာ Snapdragon 710 ချစ်ပ်ဆက်ကို 8GB RAM / 128GB Storage မန်မိုရီတို့နဲ့ တွဲဖက်လာတယ်ဆိုတာကိုလည်း မြင်တွေ့ရပါတယ်။

Z5x ဟာ Geekbench စမ်းသပ်ချက်မှာတော့ Single-core စမ်းသပ်မှုအတွက် 1848 မှတ်ရရှိပြီး Multi-core မှာတော့ 5915 ရရှိခဲ့တာကြောင့် Realme X နဲ့ Oppo Reno တို့လို SD710 အသုံးပြုထားတဲ့ အခြားဖုန်းတွေနဲ့ အတူတူပါပဲ။

အရင်ကထွက်ထားတဲ့ သတင်းတွေမှာ ဒီဖုန်းဟာ မန်မိုရီအတွဲသုံးမျိုးနဲ့ ထွက်လာမှာဖြစ်ပြီး 4/64GB, 6/64GB နဲ့ 6/129GB တို့ဖြစ်ပါတယ်။ နောက်ဘက်မှာလည်း Triple-camera ပါဝင်ပေမယ့် တရားဝင် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Geekbench ရဲ့ကောင်းမှုကြောင့် Vivo Z5x ဖုန်းအသစ်ဟာ Android Pie ကိုအခြေခံထားတဲ့ Funtouch 9 OS အသုံးပြုလာမယ်ဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဖုန်းဟာ 5,000 mAh ဘက္ထရီကြီးနဲ့ ပွဲထွက်လာမယ်လို့လည်း ဆိုထားတဲ့အတွက် လာမယ့် ၂၄ ရက်နေ့ကျရင်တော့ ဘယ်လိုစိတ်လှုပ်ရှားစရာ ထုတ်ကုန်ကို မိတ်ဆက်လာမလဲ ဆိုတာ မြင်ရတော့မှာပါ။

Ref – GSM Arena