[Zawgyi]

ခ်စ္ပ္ဆက္ထုတ္လုပ္သူ Qualcomm ဟာ ႏုိင္ငံတကာမွာ Apple နဲ႔ မူပုိင္ခြင့္တရားရင္ဆုိင္ေနၿပီး ၾကာသပေတးေန႔က ဒုတိယေျမာက္ ေအာင္ပြဲအျဖစ္ ဂ်ာမဏီမွာ အႏုိင္ရခဲ့ပါတယ္။ ဂ်ာမန္တရားရုံးဟာ iPhone 7 နဲ႔ 8 ေမာ္ဒယ္ေတြမွာ အသုံးျပဳထားတဲ့ Intel Modem ေတြဟာ Qualcomm မူပုိင္ခြင့္တစ္ခုနဲ႔ ညိစြန္းေနေၾကာင္း ဆုံးျဖတ္ခ်က္ခ်ခဲ့တာပါ။

မၾကာေသးခင္ကလည္း တရုတ္ျပည္တြင္းမွာ အလားတူ အႏုိင္ရခဲ့ၿပီးေနာက္ တရုတ္ေစ်းကြက္ထဲမွ သူ႕ရဲ႕ ထုတ္ကုန္ေတြကို ျပန္မသိမ္းရဖို႔အတြက္ Apple ဟာ iOS စက္ႏွင္စနစ္ကို ေျပာင္းလဲေပးရမွာ ျဖစ္ပါတယ္။ ဂ်ာမန္ တရားရုံးကလည္း အခုဆုံးျဖတ္ခ်က္အား Apple မွ ျပန္လည္ေျပာင္းလဲႏုိင္တဲ့အထိ သက္ဆုိင္ရာအုိင္ဖုန္းေမာ္ဒယ္ ေတြကို ဂ်ာမဏီေစ်းကြက္မွာ ေရာင္းခ်ခြင့္ ပိတ္ပင္ထားပါတယ္။ ဒါေပမယ့္ တဆင့္ခံေရာင္းခ်သူေတြကေတာ့ ေရာင္းခ်ျမဲ ေရာင္းခ်ႏုိင္ပါတယ္။

ဒီပိတ္ပင္မႈဟာ အုိင္ဖုန္းသန္းဂဏန္းကို အက်ဳိးသက္ေရာက္ႏုိင္ေပမယ့္ Apple ႏွစ္စဥ္ေရာင္းခ်ေနတဲ့ အုိင္ဖုန္း သန္းရာဂဏန္းနဲ႔ ယွဥ္ၾကည့္ရင္ အရမ္းအထိနာတဲ့ အေရးေတာ့ မဟုတ္ေသးပါဘူး။ အဓိက က်ေနတာက ၂၀၁၈ ေမာ္ဒယ္ေတြ အပါအဝင္ ေနာက္ပိုင္းထုတ္ အုိင္ဖုန္းအသစ္ေတြပါ။

Apple ရဲ႕ထုတ္ျပန္ခ်က္မွာ ၂၀၁၈ ခုႏွစ္ထုတ္ iPhone XS, XS Max နဲ႔ XR ေမာ္ဒယ္ေတြဟာ Qualcomm ရဲ႕မူပုိင္ခြင့္နဲ႔ မညိစြန္းတာေၾကာင့္ ဆက္လက္ေရာင္းခ်သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္ Qualcomm ကေတာ့ တရုတ္ႏုိင္ငံမွာ iPhone X, iPhone 8 နဲ႔ေရွ႕ေမာ္ဒယ္ေဟာင္းေတြကို ပိတ္ပင္မႈ ေအာင္ျမင္ခဲ့ၿပီးတဲ့ေနာက္ iPhone XS နဲ႔ XR ေတြကိုပါ ပိတ္ပင္ႏုိင္ေအာင္ ႀကိဳးစားလ်က္ရွိပါတယ္။

Ref – Reuters

[Unicode]

ချစ်ပ်ဆက်ထုတ်လုပ်သူ Qualcomm ဟာ နိုင်ငံတကာမှာ Apple နဲ့ မူပိုင်ခွင့်တရားရင်ဆိုင်နေပြီး ကြာသပတေးနေ့က ဒုတိယမြောက် အောင်ပွဲအဖြစ် ဂျာမဏီမှာ အနိုင်ရခဲ့ပါတယ်။ ဂျာမန်တရားရုံးဟာ iPhone 7 နဲ့ 8 မော်ဒယ်တွေမှာ အသုံးပြုထားတဲ့ Intel Modem တွေဟာ Qualcomm မူပိုင်ခွင့်တစ်ခုနဲ့ ညိစွန်းနေကြောင်း ဆုံးဖြတ်ချက်ချခဲ့တာပါ။

မကြာသေးခင်ကလည်း တရုတ်ပြည်တွင်းမှာ အလားတူ အနိုင်ရခဲ့ပြီးနောက် တရုတ်ဈေးကွက်ထဲမှ သူ့ရဲ့ ထုတ်ကုန်တွေကို ပြန်မသိမ်းရဖို့အတွက် Apple ဟာ iOS စက်နှင်စနစ်ကို ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ဂျာမန် တရားရုံးကလည်း အခုဆုံးဖြတ်ချက်အား Apple မှ ပြန်လည်ပြောင်းလဲနိုင်တဲ့အထိ သက်ဆိုင်ရာအိုင်ဖုန်းမော်ဒယ် တွေကို ဂျာမဏီဈေးကွက်မှာ ရောင်းချခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် တဆင့်ခံရောင်းချသူတွေကတော့ ရောင်းချမြဲ ရောင်းချနိုင်ပါတယ်။

ဒီပိတ်ပင်မှုဟာ အိုင်ဖုန်းသန်းဂဏာန်းကို အကျိုးသက်ရောက်နိုင်ပေမယ့် Apple နှစ်စဉ်ရောင်းချနေတဲ့ အိုင်ဖုန်း သန်းရာဂဏာန်းနဲ့ ယှဉ်ကြည့်ရင် အရမ်းအထိနာတဲ့ အရေးတော့ မဟုတ်သေးပါဘူး။ အဓိက ကျနေတာက ၂၀၁၈ မော်ဒယ်တွေ အပါအဝင် နောက်ပိုင်းထုတ် အိုင်ဖုန်းအသစ်တွေပါ။

Apple ရဲ့ထုတ်ပြန်ချက်မှာ ၂၀၁၈ ခုနှစ်ထုတ် iPhone XS, XS Max နဲ့ XR မော်ဒယ်တွေဟာ Qualcomm ရဲ့မူပိုင်ခွင့်နဲ့ မညိစွန်းတာကြောင့် ဆက်လက်ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် Qualcomm ကတော့ တရုတ်နိုင်ငံမှာ iPhone X, iPhone 8 နဲ့ရှေ့မော်ဒယ်ဟောင်းတွေကို ပိတ်ပင်မှု အောင်မြင်ခဲ့ပြီးတဲ့နောက် iPhone XS နဲ့ XR တွေကိုပါ ပိတ်ပင်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။

Ref – Reuters