ဂျာမနီရဲ့ ကျန်းမာရေး ဝန်ကြီးက Contact Tracing စမတ်ဖုန်း App ကို ဒီတစ်ပတ်ထဲမှာ ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။ App ဟာ ဘလူးတုကို သုံးပြီး ကိုရိုနာဗိုင်းရက်စ် ကူးစက်ထားသူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ သူတွေကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီရဲ့ Contact Tracing မူဝါဒတွေထဲမှာ ဗိုင်းရက်စ် ကူးစက်သူတွေကို မေးခွန်းတွေ မေးမြန်းပါတယ်။ သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို မေးမြန်းပြီး ဗိုင်းရက်စ် ကူးစက်မှုကို ထိန်းချုပ်မှာ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေမှာလည်း အလားတူ Contact Tracing App တွေကို ဖြန့်ချိပေးထားကြပေမယ့် အမေရိကန်မှာ ကိုယ်ရေးကိုယ်တာ ဒေတာတွေ ပေါက်ကြားမှာ စိုးတဲ့အတွက် သုံးစွဲမှု နည်းပါးလာကြပါတယ်။

ဂျာမနီဟာ ဥရောပ သမဂ္ဂ နိုင်ငံတွေအတွက် ခရီးသွားလာမှု ကန့်သတ်ချက်တွေကို မကြာခင်က ဖြေလျှော့ပေးခဲ့ပြီး ဗြိတိန်က လူတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ နိုင်ငံတွင်း ဝင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဂျာမနီရဲ့  ကျန်းမာရေး ဝန်ကြီး Jens Spahn က ဂျာမနီဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဗိုင်းရက်စ် မကူးစက်အောင် အကြံတွေ ပေးသွားမယ်လို့ ပြောပါတယ်။ ဂျာမနီမှာ ကူးစက်သူ ၁၈၆,၀၀၀ ကျော်ရှိခဲ့ပြီး ၈,၇၈၇ ယောက် သေဆုံးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဂျာမနီဟာ ကျယ်ကျယ်ပြန့်ပြန့် ဗိုင်းရက်စ် စမ်းသပ်မှုတွေနဲ့ Social Distancing စနစ်တွေကြောင့် ခရီးသွားတွေက မျက်စိကျနေကြပါတယ်။

Ref : theverge