Zawgyi

Gionee ဟာ နည္းပညာထုတ္ကုန္ေစ်းကြက္ထဲ တေၾကာ့ျပန္ဝင္ေရာက္လာၿပီျဖစ္ကာ သူတုိ႔ရဲ႕အမွတ္တံဆိပ္ကို ျပန္လည္ခ်ဲ႕ထြင္ဖို႔ ႀကိဳးစားလာပါတယ္။ Gionee M11 နဲ႔ M11s တို႔အျပင္ စက္တင္ဘာလထဲမွာလည္း Gionee K3 တုိ႔ကို မိတ္ဆက္ခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ ဒီတစ္ခါ သူတုိ႔ရဲ႕ေနာက္ဆုံးထုတ္ကုန္က အလန္းစားစမတ္ဖုန္းေတြမဟုတ္ဘဲ Classic စတုိင္လ္လို႔ ဆုိရမယ့္ ေခါက္ဖုန္းတစ္လုံးျဖစ္ပါတယ္။

Gionee A326 ဖုန္းဟာ ပုံမွာျမင္ရတဲ့အတုိင္း Flip ဖုန္းေတြရဲ႕ ဒီဇုိင္းကို ေသသပ္စြာ ျပန္လည္မြမ္းမံထားတာပါ။ အတြင္းမွာပါဝင္တဲ့ အဓိက Display ဟာ 2.8” လက္မဝန္းက်င္သာ ရွိမွာျဖစ္ၿပီး ေရွ႕ဘက္မွာေတာ့ အခုေခတ္ဖုန္းအခ်ဳိ႕လို ဒုတိယ Display အေသးစားေလးပါဝင္ကာ ႏုိတီနဲ႔ အခ်ိန္တုိ႔ကို လက္တန္းၾကည့္ရႈႏုိင္မွာျဖစ္ပါတယ္။

ဒီဖုန္းဟာ အဓိကအေရာင္အေနနဲ႔ အနက္ေရာင္ျဖင့္ ထြက္ရွိလာေပမယ့္ အျခား Starry Blue, Elegant Red နဲ႔ Rose Gold ကာလာေတြနဲ႔လည္း ဝယ္ယူႏုိင္မွာပါ။ တစ္ေခတ္တစ္ခါက ေခါက္ဖုန္းပရိသတ္ေတြအတြက္ အလြမ္းေျပေစမယ့္ Gionee A326 ဟာ ကုမၸဏီရဲ႕ထင္ရွားတဲ့အမွတ္အသားတစ္ခုျဖစ္တဲ့ လွပသပ္ရပ္တဲ့ဒီဇုိင္းကို ယူေဆာင္လာခဲ့ပါတယ္။ Dual-SIM ေထာက္ပံ့ေပးၿပီး ေခါက္ဖုန္းေတြရဲ႕ထုံးစံအတုိင္း Standby Time ၾကာျမင့္စြာ သုံးစြဲႏုိင္မွာပါ။

Gionee A326 ရဲ႕အခ်က္အလက္ေတြကိုေတာ့ တရားဝင္ေဖာ္ျပမလာေပမယ့္ ဒီဖုန္းဟာ Android OS အသုံးျပဳ ဖုန္းတစ္လုံးမဟုတ္ဘဲ Feature Phone တန္းဝင္ဟန္းဆက္တစ္ခုသာ ျဖစ္ပါတယ္။ စက္ႏွင္စနစ္အေနနဲ႔ KaiOS ကို ထည့္သြင္းထားတယ္လို႔ ယုံၾကည္ရတယ္။

ဒီဖုန္းကို ရရွိႏုိင္မယ့္ေစ်းကြက္ေတြနဲ႔ ေစ်းႏႈန္းတုိ႔ကိုလည္း ထည့္သြင္းမေၾကညာလာခဲ့ေေပမယ့္ Gionee ဟာ အခုလို ႀကီးမားတဲ့ Display ေတြနဲ႔ ၿပိဳင္ဆုိင္မႈျပင္းထန္ေနတဲ့ စမတ္ဖုန္းေစ်းကြက္အလယ္မွာ အခုလို သယ္ယူရလြယ္ကူၿပီး အေျခခံလိုအပ္ခ်က္ေတြကိုသာ ျဖည့္စြမ္းေပးမယ့္ Compact ဖုန္းေတြလည္း လိုလားတဲ့ ေစ်းကြက္ရွိေနေသးတယ္လို႔ ဆုိခဲ့ပါတယ္။

Ref – Gizmo China

Unicode

Gionee ဟာ နည်းပညာထုတ်ကုန်ဈေးကွက်ထဲ တကြော့ပြန်ဝင်ရောက်လာပြီဖြစ်ကာ သူတို့ရဲ့အမှတ်တံဆိပ်ကို ပြန်လည်ချဲ့ထွင်ဖို့ ကြိုးစားလာပါတယ်။ Gionee M11 နဲ့ M11s တို့အပြင် စက်တင်ဘာလထဲမှာလည်း Gionee K3 တို့ကို မိတ်ဆက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီတစ်ခါ သူတို့ရဲ့နောက်ဆုံးထုတ်ကုန်က အလန်းစားစမတ်ဖုန်းတွေမဟုတ်ဘဲ Classic စတိုင်လ်လို့ ဆိုရမယ့် ခေါက်ဖုန်းတစ်လုံးဖြစ်ပါတယ်။

Gionee A326 ဖုန်းဟာ ပုံမှာမြင်ရတဲ့အတိုင်း Flip ဖုန်းတွေရဲ့ ဒီဇိုင်းကို သေသပ်စွာ ပြန်လည်မွမ်းမံထားတာပါ။ အတွင်းမှာပါဝင်တဲ့ အဓိက Display ဟာ 2.8” လက်မဝန်းကျင်သာ ရှိမှာဖြစ်ပြီး ရှေ့ဘက်မှာတော့ အခုခေတ်ဖုန်းအချို့လို ဒုတိယ Display အသေးစားလေးပါဝင်ကာ နိုတီနဲ့ အချိန်တို့ကို လက်တန်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီဖုန်းဟာ အဓိကအရောင်အနေနဲ့ အနက်ရောင်ဖြင့် ထွက်ရှိလာပေမယ့် အခြား Starry Blue, Elegant Red နဲ့ Rose Gold ကာလာတွေနဲ့လည်း ဝယ်ယူနိုင်မှာပါ။ တစ်ခေတ်တစ်ခါက ခေါက်ဖုန်းပရိသတ်တွေအတွက် အလွမ်းပြေစေမယ့် Gionee A326 ဟာ ကုမ္ပဏီရဲ့ထင်ရှားတဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ လှပသပ်ရပ်တဲ့ဒီဇိုင်းကို ယူဆောင်လာခဲ့ပါတယ်။ Dual-SIM ထောက်ပံ့ပေးပြီး ခေါက်ဖုန်းတွေရဲ့ထုံးစံအတိုင်း Standby Time ကြာမြင့်စွာ သုံးစွဲနိုင်မှာပါ။

Gionee A326 ရဲ့အချက်အလက်တွေကိုတော့ တရားဝင်ဖော်ပြမလာပေမယ့် ဒီဖုန်းဟာ Android OS အသုံးပြု ဖုန်းတစ်လုံးမဟုတ်ဘဲ Feature Phone တန်းဝင်ဟန်းဆက်တစ်ခုသာ ဖြစ်ပါတယ်။ စက်နှင်စနစ်အနေနဲ့ KaiOS ကို ထည့်သွင်းထားတယ်လို့ ယုံကြည်ရတယ်။

ဒီဖုန်းကို ရရှိနိုင်မယ့်ဈေးကွက်တွေနဲ့ ဈေးနှုန်းတို့ကိုလည်း ထည့်သွင်းမကြေညာလာခဲ့ေပေမယ့် Gionee ဟာ အခုလို ကြီးမားတဲ့ Display တွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ စမတ်ဖုန်းဈေးကွက်အလယ်မှာ အခုလို သယ်ယူရလွယ်ကူပြီး အခြေခံလိုအပ်ချက်တွေကိုသာ ဖြည့်စွမ်းပေးမယ့် Compact ဖုန်းတွေလည်း လိုလားတဲ့ ဈေးကွက်ရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။

Ref – Gizmo China