Gionee F8 Neo ကို ပြီးခဲ့တဲ့အပတ်က Google Play Console မှာတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီဟန်းဆက်ရဲ့ အစိတ်အပိုင်းအချို့အကြောင်းကိုလည်း သိရှိနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ Entry-level အမျိုးအစားဖြစ်တဲ့ ဒီဟန်းဆက်ဟာ မကြာခင်မှာပဲ အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်ဝင်ရောက်လာမှာလည်း ဖြစ်ပါတယ်။

Gionee F8 Neo ဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း Entry-level ဖြစ်တာနဲ့အညီ တန်ဖိုးနည်းဖုန်း သုံးစွဲသူတွေကို ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဈေးနှုန်းကလည်း အတော်လေးကို ချိုသာတဲ့ဈေးနှုန်းဖြစ်တဲ့ $75 (၉ သောင်း ၇ ထောင်ဝန်းကျင်) နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Gionee F8 Neo ဟာ 5.4-inch HD+ (720 x 1440 pixels) LCD panel နဲ့ဖြစ်ပေမယ့် Notch တွေ၊ Punch-hole တွေတော့ ပါဝင်ခြင်းမရှိပါဘူး။ ဒါကြောင့် ဘေးနှစ်ဖက်အပါအဝင်၊ အပေါ် Bezel နဲ့ အောက်က Chin တို့ကတော့ ခေတ်ဟောင်းပုံစံ ခပ်ထူထူပဲ ဖြစ်ပါတယ်။ အပေါ် Bezel မှာတော့ 5MP Selfie ကင်မရာတစ်လုံးနဲ့ LED ဖလက်ရှ်ကို တပ်ဆင်ပေးထားပါတယ်။

ကျောဘက်မှာတော့ စတုရန်းပုံစံကင်မရာအိမ်ထဲမှာ 8MP ကင်မရာတစ်လုံး၊ LED ဖလက်ရှ်တို့ကို တပ်ဆင်ပေးထားပါတယ်။ မြန်မာငွေ တစ်သိန်းအောက်ဈေးနှုန်းနဲ့ စမတ်ဖုန်းဖြစ်တာကြောင့် Fingerprint sensor ကိုတော့ မျှော်လင့်ထားလို့မရပါဘူး။ ဒါကြောင့်Face Unlock တို့၊ ပုံမှန်ပါနေကျ Pattern lock တို့လိုမျိုးလုံခြုံရေးစနစ်ကိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google Play Console မှာတော့ အမှတ်တံဆိပ်ကို ဖော်ပြထားခြင်းမရှိဘူးဆိုပေမယ့် ဒီဟန်းဆက်ဟာ UNISOC (ယခင် Spreadtrum) SC9863A chipset ကို အသုံးပြုထားပြီး 2GB of RAM နဲ့ 32GB Storage ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ Android 10 မောင်းနှင်ထားပြီး 3,000mAh ဘက်ထရီနဲ့ 10W အားသွင်းစနစ်လည်း ထောက်ပံ့ထားတဲ့ ဒီဟန်းဆက်ဟာ Samsung ရဲ့ GalaxyM01 Core ကို ယှဉ်ပြိုင်နိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာလည်း ဖြစ်ပါတယ်။

Ref: Gizmochina