[Zawgyi]

၂၀၁၉ မွာ ထြက္ရွိလာမယ့္ မ်ိဳးဆက္သစ္ iPhone ေတြမွာ ကင္မရာတပ္ဆင္တည္ေဆာက္ပုံဟာ ေလးေထာင့္ေဘာင္ထဲမွာ ထည့္သြင္းထားတဲ့အေၾကာင္းက အေတာ္မ်ားမ်ားလည္း သိၿပီးၾကမွာပါ။ ေလးေထာင့္ ေဘာင္ထဲမွာ ကင္မရာသုံးလုံးကို ထားရွိတဲ့႐ုပ္ပုံေတြ အႀကိမ္ႀကိမ္ထြက္ေပၚလာေပမယ့္လည္း အတည္ျပဳႏိုင္ၿပီလို႔ေတာ့ မေျပာႏိုင္ခဲ့ေသးပါဘူး။

ဖုန္းကာဗာေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို ထုတ္လုပ္ေရာင္းခ်တဲ့ Olixar ကေတာ့ ၂၀၁၉ iPhone ေတြရဲ႕ ေက်ာဘက္ကင္မရာေတြအတြက္ Glass protector ေတြကို အမ်ိဳးအစားသုံးမ်ိဳးနဲ႔ ထုတ္ထားတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ဆက္စပ္ပစၥည္းေတြ ထုတ္လုပ္တဲ့ အျခားထုတ္လုပ္ေရးလုပ္ငန္းတစ္ခုဆီမွာလည္း အလားတူ Glass protector ကိုေတြ႕ရၿပီး Mobile Fun UK မွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

ဒီ Glass protector ေတြဟာ အေျမာက္အမ်ားထုတ္လုပ္ၿပီးျဖစ္သလို ေရာင္းခ်ဖို႔လည္း အဆင္သင့္ျဖစ္ေနၿပီဆိုတဲ့သတင္းေၾကာင့္ ၂၀၁၉ iPhone ကင္မရာေတြရဲ႕ တည္ရွိပုံဟာ လက္ရွိျမင္ေတြ႕ရတဲ့ ပုံေတြအတိုင္း ျဖစ္မယ္လို႔ ဆိုရပါေတာ့မယ္။ Apple အေနနဲ႔ 120-degree wide angle camera ကို ပထမဆုံးအႀကိမ္အျဖစ္ ထည့္သြင္းလာမယ္လို႔ သတင္းထြက္ထားပါတယ္။

အျခားသတင္းတစ္ခုမွာေတာ့ Telephoto နဲ႔ Standard ကင္မရာေတြက Stabilize ျဖစ္ေပမယ့္ Ultra-wide အတြက္ OIS အစီအစဥ္ေတာ့ မရွိဘူးလို႔ အခိုင္အမာဆိုထားပါတယ္။ iPhone XR ကို ဆက္ခံမယ့္ အမ်ိဳးအစားကေတာ့ Telephoto နဲ႔ Standard ကင္မရာေတြပဲ ပါရွိမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၉ iPhone တွေအတွက် ကင်မရာတပ်ဆင်တည်ဆောက်ပုံကို အတည်ပြုနိုင်ပြီ

၂၀၁၉ မှာ ထွက်ရှိလာမယ့် မျိုးဆက်သစ် iPhone တွေမှာ ကင်မရာတပ်ဆင်တည်ဆောက်ပုံဟာ လေးထောင့်ဘောင်ထဲမှာ ထည့်သွင်းထားတဲ့အကြောင်းက အတော်များများလည်း သိပြီးကြမှာပါ။ လေးထောင့် ဘောင်ထဲမှာ ကင်မရာသုံးလုံးကို ထားရှိတဲ့ရုပ်ပုံတွေ အကြိမ်ကြိမ်ထွက်ပေါ်လာပေမယ့်လည်း အတည်ပြုနိုင်ပြီလို့တော့ မပြောနိုင်ခဲ့သေးပါဘူး။

ဖုန်းကာဗာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတဲ့ Olixar ကတော့ ၂၀၁၉ iPhone တွေရဲ့ ကျောဘက်ကင်မရာတွေအတွက် Glass protector တွေကို အမျိုးအစားသုံးမျိုးနဲ့ ထုတ်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အခြားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဆီမှာလည်း အလားတူ Glass protector ကိုတွေ့ရပြီး Mobile Fun UK မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီ Glass protector တွေဟာ အမြောက်အများထုတ်လုပ်ပြီးဖြစ်သလို ရောင်းချဖို့လည်း အဆင်သင့်ဖြစ်နေပြီဆိုတဲ့သတင်းကြောင့် ၂၀၁၉ iPhone ကင်မရာတွေရဲ့ တည်ရှိပုံဟာ လက်ရှိမြင်တွေ့ရတဲ့ ပုံတွေအတိုင်း ဖြစ်မယ်လို့ ဆိုရပါတော့မယ်။ Apple အနေနဲ့ 120-degree wide angle camera ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလာမယ်လို့ သတင်းထွက်ထားပါတယ်။

အခြားသတင်းတစ်ခုမှာတော့ Telephoto နဲ့ Standard ကင်မရာတွေက Stabilize ဖြစ်ပေမယ့် Ultra-wide အတွက် OIS အစီအစဉ်တော့ မရှိဘူးလို့ အခိုင်အမာဆိုထားပါတယ်။ iPhone XR ကို ဆက်ခံမယ့် အမျိုးအစားကတော့ Telephoto နဲ့ Standard ကင်မရာတွေပဲ ပါရှိမှာ ဖြစ်ပါတယ်။

Ref: GSMArena