၂ မျိုးသုံး လက်ပ်တော့ အပါအဝင် တစ်ကမ္ဘာလုံး လက်ပ်တော့ ရောင်းအားဟာ ၂၀၂၀ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ၁၀ ရာခိုင်နှုန်းကျော် တက်လာပါတယ်။ အလုံးရေ သန်း ၆၀ အထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။

Laptop

DigiTimes ရဲ့ သတင်းအရ လက်ပ်တော့ရောင်းအား အဓိက တက်လာရတဲ့ အကြောင်းအရင်းဟာ ကိုဗစ် ကပ်ရောဂါကြောင့် နေအိမ်ကနေ အလုပ်လုပ်ကြပြီး အွန်လိုင်းကနေ ပညာသင်ကြားကြတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ကုန် ခရစ်စမတ်ကာလမှာ ပရိုမိုးရှင်း ပေးတာတွေကြောင့်လည်း ပါပါတယ်။

Laptop

၁ နှစ်ပတ်လုံး လက်ပ်တော့ရောင်းအားဟာ အရင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ လက်ရှိမှာ လက်ပ်တော့ထုတ်လုပ်သူတွေဟာ နေအိမ်ကနေ အလုပ်လုပ်လို့ကောင်းစေမယ့် လက်ပ်တော့တွေကို အဓိက ဖန်တီးရောင်းချနေကြပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံး လက်ပ်တော့ ရောင်းအားဟာ ဒီနှစ် ကွာတား ၁ ဖြစ်တဲ့  ပထမ ၃ လအတွင်း ၁၀ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့်လည်း အရင်နှစ် ပထမ ကွာတားထက် ၁၅ ကနေ ၂၅ ရာခိုင်နှုန်းလောက် တက်လာမှာပါ။

လက်ရှိမှာ နာမည်ကြီး လက်ပ်တော့ ထုတ်လုပ်သူတွေရဲ့ ရောင်းအားဟာ အစိတ်အပိုင်း ပြတ်တောက်မှုကြောင့် ဒီကွာတားမှာ အနည်းငယ်ပဲ ကျဆင်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီတွေဟာ ဒီကာလမှာ လက်ပ်တော့ ရောင်းအား တက်အောင် ကြိုးစားကြနိုင်ပါတယ်။ ဥပမာ အနေနဲ့ HP ဟာ တန်ဖိုးနည်း Chromebook တွေနဲ့ ရောင်းအား လန်းအောင် ပြုလုပ်နေပါတယ်။ တချို့နိုင်ငံတွေမှာ ကိုဗစ် ကူးစက်မှု နည်းပါးလာတဲ့အတွက် လက်ပ်တော့ ရောင်းအား ပြန်ကောင်းလာနိုင်ပါတယ်။

Ref : gizmochina