[Zawgyi]

Xiaomi Mi Mix 3 နဲ႔ Honor Magic 2 တို႔ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတြင္း မိတ္ဆက္ခဲ့တဲ့ ဖုန္းေတြထဲမွာ စိတ္ဝင္စားစရာ အေကာင္းဆုံး ဖုန္းႏွစ္လုံး ျဖစ္ပါတယ္။ ႏွစ္မ်ိဳးစလုံးက Slider ေတြနဲ႔အတူ Bezel-Less နီးပါးေလာက္ကို ေဘာင္ေတြ ပါးၾကပါတယ္။ Magic 2 ကေတာ့ တ႐ုတ္ႏိုင္ငံျပင္ပမွာ မေရာင္းခ်ေပမယ့္ Mi Mix 3 ကေတာ့ တျဖည္းျဖည္းနဲ႔ ျပည္ပေဈးကြက္ကို တိုးဝင္ေနပါတယ္။

Mi Mix 3 ဟာ သိပ္မၾကာခင္ေသးကပဲ ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္တို႔မွာ ျဖန႔္ခ်ိခဲ့ပါေသးတယ္။ လာမယ့္ ၂၀၁၉ ပထမသုံးလပတ္အတြင္း ယူႏိုက္တက္ ကင္းဒမ္းမွာလည္း ေရာင္းခ်လိမ့္မယ္လို႔ သတင္းေတြ ထြက္ေပၚထားပါတယ္။ ဒီလို ေဈးကြက္ခ်ဲ႕ထြင္မႈေနာက္မွာ MIUI 10 Global ROM ကို ေစာင့္ဆိုင္းစရာမလိုေတာ့ေအာင္ Xiaomi က ႀကိဳးပမ္းခဲ့ပါတယ္။

 

Mi Mix 3 ရဲ႕ MIUI 10 Global Stable ROM ကို တ႐ုတ္ႏိုင္ငံတြင္းမွာေတာ့ လြယ္လြယ္ကူကူပဲ ေဒါင္းလုဒ္ဆြဲၿပီး သုံးလို႔ရေနၿပီျဖစ္ပါတယ္။ ဒါေပမယ့္ Mi Mix 3 ကို အသုံးျပဳေနတဲ့ တ႐ုတ္ႏိုင္ငံအျပင္ဘက္ကလူေတြအတြက္ XDA-Developers အဖြဲ႕ဝင္တစ္ဦးက Full image downloading link ကို ေထာက္ပံ့ေပးထားတာ ျဖစ္ပါတယ္။

Mi Mix 3 ရဲ႕ MIUI 10 Global Stable ROM ဟာ Android 9.0 Pie ကို အေျခခံထားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ပုံမွန္ Google Play apps ေတြနဲ႔ Services ေတြအားလုံးလည္း ပါဝင္ၿပီး ဘာသာစကားပိုင္းကိုလည္း ပိုၿပီးေတာ့ ေ႐ြးခ်ယ္လာႏိုင္တယ္လို႔ သိရပါတယ္။ ဖိုင္ဆိုဒ္ကေတာ့ 1.7GB နီးပါး ရွိတယ္လို႔သိရပါတယ္။ ဒါေပမယ့္ သာမန္ Official update လိုေတာ့ တစ္ဆင့္တည္း လုပ္သြားလို႔ရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ လြယ္လြယ္ကူကူ Update လုပ္ခ်င္ရင္ေတာ့ Official ကို ေစာင့္ရမွာ ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

Xiaomi Mi Mix 3 နဲ့ Honor Magic 2 တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတွင်း မိတ်ဆက်ခဲ့တဲ့ ဖုန်းတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖုန်းနှစ်လုံး ဖြစ်ပါတယ်။ နှစ်မျိုးစလုံးက Slider တွေနဲ့အတူ Bezel-Less နီးပါးလောက်ကို ဘောင်တွေ ပါးကြပါတယ်။ Magic 2 ကတော့ တရုတ်နိုင်ငံပြင်ပမှာ မရောင်းချပေမယ့် Mi Mix 3 ကတော့ တဖြည်းဖြည်းနဲ့ ပြည်ပဈေးကွက်ကို တိုးဝင်နေပါတယ်။

Mi Mix 3 ဟာ သိပ်မကြာခင်သေးကပဲ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာ ဖြန့်ချိခဲ့ပါသေးတယ်။ လာမယ့် ၂၀၁၉ ပထမသုံးလပတ်အတွင်း ယူနိုက်တက် ကင်းဒမ်းမှာလည်း ရောင်းချလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ဒီလို ဈေးကွက်ချဲ့ထွင်မှုနောက်မှာ MIUI 10 Global ROM ကို စောင့်ဆိုင်းစရာမလိုတော့အောင် Xiaomi က ကြိုးပမ်းခဲ့ပါတယ်။

Mi Mix 3 ရဲ့ MIUI 10 Global Stable ROM ကို တရုတ်နိုင်ငံတွင်းမှာတော့ လွယ်လွယ်ကူကူပဲ ဒေါင်းလုဒ်ဆွဲပြီး သုံးလို့ရနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Mi Mix 3 ကို အသုံးပြုနေတဲ့ တရုတ်နိုင်ငံအပြင်ဘက်ကလူတွေအတွက် XDA-Developers အဖွဲ့ဝင်တစ်ဦးက Full image downloading link ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

Mi Mix 3 ရဲ့ MIUI 10 Global Stable ROM ဟာ Android 9.0 Pie ကို အခြေခံထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပုံမှန် Google Play apps တွေနဲ့ Services တွေအားလုံးလည်း ပါဝင်ပြီး ဘာသာစကားပိုင်းကိုလည်း ပိုပြီးတော့ ရွေးချယ်လာနိုင်တယ်လို့ သိရပါတယ်။ ဖိုင်ဆိုဒ်ကတော့ 1.7GB နီးပါး ရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် သာမန် Official update လိုတော့ တစ်ဆင့်တည်း လုပ်သွားလို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် လွယ်လွယ်ကူကူ Update လုပ်ချင်ရင်တော့ Official ကို စောင့်ရမှာ ဖြစ်ပါတယ်။

Ref: GSMarena