OPPO ကနေ Reno4 5G Series စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့လပိုင်းတုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Reno4 5G Series ဖုန်းတွေဟာ Qualcomm Snapdragon 765G Chipset ကိုအသုံးပြုထားသလို 5G Network ကိုပါ Support ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း China Version Reno4 5G Series ဖုန်းတွေကိုတော့ Global စျေးကွက်မှာရောင်းချခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ OPPO ကနေ Reno4 Global Version ကို တိတ်တဆိတ်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါကိုတော့ OPPO Thailand ရဲ့ Website မှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး Pre-order မှာယူနိုင်ပြီလို့သိရပါတယ်။

Reno4 Global Version မှာဆိုရင် Qualcomm Snapdragon 720G Chipset ကို အသုံးပြုထားပြီးတော့ နောက်ကျောဘက်မှာ Quad Camera Setup ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6.4″ Full HD+ Resolution ရှိမှာဖြစ်ပြီး 32MP + 2MP Dual Selfie Camera Setup ကို Punch-hole Design ပြုလုပ်ပေးထားပါတယ်။

Back Camera Setup အနေနဲ့ကတော့ 48MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Sensor ၂ ခုထည့်သွင်းထားမှာဖြစ်ပါတယ်။ China Version Reno4 5G ဖုန်းလိုမျိုးတော့ Laser Autofocus ပါဝင်မှာမဟုတ်တော့ပါဘူး။

Performance ပိုင်းမှာ Qualcomm Snapdragon 720G Chipset နဲ့ RAM 8GB + 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 4015mAh Battery ကိုမှ 30W VOOC 4.0 Fast Charging Support ပြုလုပ်မှာလည်းဖြစ်ပါတယ်။

OPPO Thailand ဟာ အဆိုပါ Reno4 စမတ်ဖုန်းကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ 11,990 THB (မြန်မာငွေ ၅ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena