မကြာသေးမှီက IDC ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်အတွက် တကမ္ဘာလုံးဆိုင်ရင် Smart Wearable စျေးကွက်ရောင်းအားကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၀ ပထမ ၃ လပတ်မှာတင် Smart Wearable စုစုပေါင်း ၇၂.၆ သန်းအထိ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါရောင်းအားဟာ မနှစ်တုန်းကနဲ့ယှဥ်မယ်ဆိုရင် ၂၉.၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာဖြစ်ပြီး အခုလိုမျိုး COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အချိန်မှာ ထူးထူးခြားခြားရောင်းအားတက်ခဲ့တာဖြစ်ပါတယ်။

IDC ရဲ့ ဖော်ပြချက်အရ Apple ဟာ စုစုပေါင်း Product ၂၁.၂ သန်းရောင်းချထားပြီး စျေးကွက်ရာခိုင်နှုန်း ၂၉.၃ ရာခိုင်နှုန်းနဲ့ ဦးဆောင်ထားပြီး ဒုတိယနေရာမှာတော့ Xiaomi ကနေ ရောင်းအားအလုံးရေ ၁၀.၁ သန်းနဲ့ စျေးကွက်ရဲ့ ၁၄ ရာခိုင်နှုန်းကို ရယူထားခဲ့ပါတယ်။ Samsung ကတော့ ရောင်းအား ၈.၆ သန်းနဲ့ စျေးကွက်မှာ ၁၁.၉ ရာခိုင်နှုန်း၊ Huawei ကတော့ ရောင်းအား ၈.၁ သန်းနဲ့ စျေးကွက်မှာ ၁၁.၁ ရာခိုင်နှုန်းဆိုပြီး အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။

Wearable စျေးကွက်ထဲမှာ Smartwatch စျေးကွက်ကိုတော့ Apple ကနေ စုစုပေါင်း Smartwatch ၁၆.၉ သန်းရောင်းချရတဲ့အထဲက ၄.၅ သန်းရောင်းချထားရပြီးတော့ စျေးကွက်ပထမနေရာကို ရယူထားသလို Smart Band စျေးကွက်ကိုလည်း Xiaomi နဲ့ Huawei ကိုက ပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ ပထမနေရာလုနေကြတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် စမတ်ဖုန်းတွေရောင်းအားကျဆင်းနေတယ်ဆိုပေမယ့် Earbuds ၊ Smartwatch နဲ့ Smart Band လိုမျိုး ရောင်းအားတွေကတော့ ဆက်လက်ပြီး တိုးတက်နေဦးမယ့် ပုံစံပါပဲ။

Ref – Giz China