Canalys ရဲ့ စစ်တမ်းအရ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှုကြောင့် ကုန်ထုတ်လုပ်မှုတွေ အကန့်အသတ် ရှိနေပေမယ့်  တစ်ကမ္ဘာလုံး စမတ်နာရီ ရောင်းအားဟာ ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ ၁၂ ရာခိုင်နှုန်း တက်လာတယ်လို့ သိရပါတယ်။

ကွာတား ၁ စမတ်နာရီ ရောင်းအားမှာ Apple က အများဆုံး ဖြစ်ပြီး အလုံးရေ ၅.၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရင်နှစ် ကွာတား ၁ ထက် ရောင်းအား ၁၃ ရာခိုင်နှုန်းကျသွားပါတယ်။ နံပါတ်  ၂ နေရာကို Huawei က ၂.၁ သန်းနဲ့ ရသွားပြီး အရင်နှစ်ကထက် ၁၁၃ ရာခိုင်နှုန်း တက်လာပါတယ်။ Samsung က အလုံးရေ ၁.၈ သန်းနဲ့ နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပြီး အရင်နှစ် ကွာတား ၁ မှာ ၁.၂ သန်းပဲ ရောင်းချနိုင်ခဲ့တာပါ။ Garmin နဲ့ Fitbit က နံပါတ် ၄ နဲ့ ၅ နေရာကို အသီးသီး ရထားပြီး အရင်နှစ်ကထက် Garmin က ၂၄ ရာခိုင်နှုန်းနဲ့ Fitbit က ၂၁ ရာခိုင်နှုန်း တက်လာပါတယ်။

ဒီနှစ် ကွာတား  ၁ မှာ မြောက်အမေရိကရဲ့ စမတ်နာရီ ရောင်းအားဟာ စုစုပေါင်း ရောင်းအားရဲ့ ၃ ပုံပုံ ၁ ပုံအောက်ပဲ ရှိခဲ့တာက ပထမဆုံး အကြိမ်ဖြစ်လာပါတယ်။ အမေရိကန် ပြင်ပမှာ Apple Watch ဝယ်လိုအားဟာ တိုးတက်လာပြီး အမေရိကန်နဲ့ ဥရောပမှာ ကျဆင်းခဲ့ပါတယ်။ Canalys က မြောက်အမေရိကမှာ AirPods ဝယ်လိုအား ပိုများနေတဲ့အတွက် Apple Watch ရောင်းအားကျတာလို့ သုံးသပ်ပါတယ်။

တရုတ်မှာ စမတ်နာရီ ရောင်းအားက ၆၆ ရာခိုင်နှုန်းတောင် တက်လာခဲ့ပြီး ဆယ်လ်လူလာ ပါတဲ့ Apple နဲ့ Xiaomi တို့ရဲ့ စမတ်နာရီတွေဟာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ၁ နှစ်လုံးမှာလည်း တရုတ်မှာ Xiaomi ,  Huawei နဲ့ OPPO တို့ရဲ့ စမတ်နာရီတွေ ရောင်းအားကောင်းနိုင်ပါတယ်။

Ref : gsmarena