[Zawgyi]

Digitimes ရဲ႕ ဆန္းစစ္မႈအရ ကမာၻ႔ တက္ဘလက္တင္ပို႔ေရာင္းခ်မႈဟာ ၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္မွာ ၁၉.၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာဖို႔ ေမွ်ာ္လင့္ႏိုင္ေၾကာင္း သိရပါတယ္။ ၂၀၁၉ ရဲ႕ ပထမသုံးလပတ္တုန္းကေတာ့ တင္ပို႔ေရာင္းခ်မႈေတြဟာ ၈.၇ ရာခိုင္ႏႈန္းသာျဖစ္ခဲ့ၿပီး ဒုတိယသုံးလပတ္တုန္းကလည္း ရာခိုင္ႏႈန္းက ေလ်ာ့က်ေနခဲ့တာ ျဖစ္ပါတယ္။

တတိယသုံးလပတ္မွာ တင္ပို႔ေရာင္းခ်မႈ ျပန္လည္ျမင့္တက္လာႏိုင္တဲ့ အေၾကာင္းရင္း ႏွစ္ခ်က္ရွိပါတယ္။ တစ္ခ်က္က ေရာင္းခ်မႈ အထြတ္အထိပ္ကိုေရာက္တဲ့ ရာသီျဖစ္တာေၾကာင့္ပါ။ ဒီအခ်ိန္မွာ Apple ကလည္း သူတို႔ရဲ႕ iPad သစ္ေတြကို ေၾကညာပါလိမ့္မယ္။ ဒါကလည္း တက္ဘလက္ေတြ ေရာင္းအားျမင့္တက္လာႏိုင္တဲ့ အေၾကာင္းရင္းထဲမွာ ပါဝင္ပါတယ္။

ဒုတိယအခ်က္ကေတာ့ Huawei နဲ႔ သက္ဆိုင္ပါတယ္။ တ႐ုတ္ နည္းပညာကုမၸဏီက တတိယသုံးလပတ္အတြင္းမွာ သူတို႔ရဲ႕ တက္ဘလက္တင္ပို႔ေရာင္းခ်မႈကို အရင္တုန္းကအတိုင္း ျပန္ၿပီးလည္ပတ္လုပ္ေဆာင္သြားဖြယ္ ရွိတာေၾကာင့္ ျဖစ္ပါတယ္။ ဒီအခ်က္ႏွစ္ခ်က္က ၂၀၁၉ တတိယသုံးလပတ္ရဲ႕ ကမာၻ႔တက္ဘလက္တင္ပို႔ေရာင္းခ်မႈႏႈန္းကို ျပန္လည္ျမင့္တက္ေစမယ့္ အခ်က္ေတြထဲမွာ အဓိကအားျဖင့္ပါဝင္တယ္ဆိုတာကေတာ့ သံသယျဖစ္စရာ မလိုပါဘူး။

ဒုတိယသုံးလပတ္မွာ တင္ပို႔ေရာင္းခ်မႈႏႈန္းနည္းသြားရတဲ့ အေၾကာင္းရင္းကိုၾကည့္လိုက္ရင္လည္း iPad သစ္ေတြမရွိတာရယ္၊ အေမရိကန္က Huawei ကို ပိတ္ပင္ထားတာရယ္ေတြေၾကာင့္ သက္ေရာက္မႈေတြျဖစ္ခဲ့ရတာကို ေတြ႕ျမင္ရပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာေတာ့ Apple ဟာ တက္ဘလက္ေရာင္းခ်မႈမွာ ထိပ္ဆုံးေနရာကို ရယူထားပါတယ္။ ဒုတိယေနရာမွာ Samsung ရွိေနၿပီး Amazon က တတိယေနရာမွာပါ။ Huawei က စတုတၳေနရာမွာျဖစ္ၿပီး Lenovo ကေတာ့ ပၪၥမေနရာမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

၂၀၁၉ တတိယသုံးလပတ်မှာ ပြန်လည်မြင့်တက်လာနိုင်တဲ့ ကမ္ဘာ့တက်ဘလက် တင်ပို့ရောင်းချမှုနှုန်း

Digitimes ရဲ့ ဆန်းစစ်မှုအရ ကမ္ဘာ့ တက်ဘလက်တင်ပို့ရောင်းချမှုဟာ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်မှာ ၁၉.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာဖို့ မျှော်လင့်နိုင်ကြောင်း သိရပါတယ်။ ၂၀၁၉ ရဲ့ ပထမသုံးလပတ်တုန်းကတော့ တင်ပို့ရောင်းချမှုတွေဟာ ၈.၇ ရာခိုင်နှုန်းသာဖြစ်ခဲ့ပြီး ဒုတိယသုံးလပတ်တုန်းကလည်း ရာခိုင်နှုန်းက လျော့ကျနေခဲ့တာ ဖြစ်ပါတယ်။

တတိယသုံးလပတ်မှာ တင်ပို့ရောင်းချမှု ပြန်လည်မြင့်တက်လာနိုင်တဲ့ အကြောင်းရင်း နှစ်ချက်ရှိပါတယ်။ တစ်ချက်က ရောင်းချမှု အထွတ်အထိပ်ကိုရောက်တဲ့ ရာသီဖြစ်တာကြောင့်ပါ။ ဒီအချိန်မှာ Apple ကလည်း သူတို့ရဲ့ iPad သစ်တွေကို ကြေညာပါလိမ့်မယ်။ ဒါကလည်း တက်ဘလက်တွေ ရောင်းအားမြင့်တက်လာနိုင်တဲ့ အကြောင်းရင်းထဲမှာ ပါဝင်ပါတယ်။

ဒုတိယအချက်ကတော့ Huawei နဲ့ သက်ဆိုင်ပါတယ်။ တရုတ် နည်းပညာကုမ္ပဏီက တတိယသုံးလပတ်အတွင်းမှာ သူတို့ရဲ့ တက်ဘလက်တင်ပို့ရောင်းချမှုကို အရင်တုန်းကအတိုင်း ပြန်ပြီးလည်ပတ်လုပ်ဆောင်သွားဖွယ် ရှိတာကြောင့် ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်က ၂၀၁၉ တတိယသုံးလပတ်ရဲ့ ကမ္ဘာ့တက်ဘလက်တင်ပို့ရောင်းချမှုနှုန်းကို ပြန်လည်မြင့်တက်စေမယ့် အချက်တွေထဲမှာ အဓိကအားဖြင့်ပါဝင်တယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။

ဒုတိယသုံးလပတ်မှာ တင်ပို့ရောင်းချမှုနှုန်းနည်းသွားရတဲ့ အကြောင်းရင်းကိုကြည့်လိုက်ရင်လည်း iPad သစ်တွေမရှိတာရယ်၊ အမေရိကန်က Huawei ကို ပိတ်ပင်ထားတာရယ်တွေကြောင့် သက်ရောက်မှုတွေဖြစ်ခဲ့ရတာကို တွေ့မြင်ရပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ Apple ဟာ တက်ဘလက်ရောင်းချမှုမှာ ထိပ်ဆုံးနေရာကို ရယူထားပါတယ်။ ဒုတိယနေရာမှာ Samsung ရှိနေပြီး Amazon က တတိယနေရာမှာပါ။ Huawei က စတုတ္ထနေရာမှာဖြစ်ပြီး Lenovo ကတော့ ပဉ္စမနေရာမှာ ဖြစ်ပါတယ်။

Ref: GSM Arena