Vivo V19 ကို ပြီးခဲ့တဲ့ ၁ လက အင်ဒိုနီးရှားမှာ တွေ့ခဲ့ရပြီး အဲဒီဖုန်းဟာ Vivo V17 ကို နာမည်ပြောင်းထားတာပါ။ အခုတော့ ဆဲလ်ဖီး ကင်မရာ ၂ လုံး၊ 33W Fast Charging နဲ့ 4,500mAh ဘက်ထရီတွေ ပါတဲ့ Global Vivo V19 ကို မိတ်ဆက်လိုက်ပါပြီ။ Dual Punch Hole မျက်နှာပြင်ပါတဲ့ Vivo ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ်လို့ ထင်ပါတယ်။

Vivo V19 မှာ Snapdragon 712 မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ 128GB or 256GB Storage တွေ ရွေးချယ်နိုင်ပြီး ၆.၄၄ လက်မ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Full HD+ Resolution ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံကိရိယာ ပါပါတယ်။ 32MP ပင်မ ဆဲလ်ဖီး ကင်မရာနဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို L ပုံစံ တပ်ဆင်ထားပြီး 48MP Main, 8MP Ultrawide Angle , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေ အားလုံးမှာ Super Night Mode နဲ့ Ultra Stable Video တွေ ထောက်ပံ့ထားပါတယ်။

USB-C Port , 3.5mm Audio Jack နဲ့ Bluetooth 5.0 တွေ ပါလာပြီး Sleek Silver နဲ့ Gleam Black ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။ နိုင်ငံအလိုက် ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်တွေကို နောက်ပိုင်းမှာ ကြေညာမှာပါ။

Ref : gsmarena