[Unicode]

ဈေးကွက်သုတေသနအဖွဲ့အစည်း Canalys က ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကမ္ဘာ့ Wearable Band ရောင်းအားကို စစ်တမ်းပြုစုလိုက်ပါတယ်။ Wearable Band လို့ဆိုရာမှာ Smart Fitness Bands, Smart Watches နဲ့ Fitness Trackers တို့ ပါပါတယ်။ ကွာတား ၃ မှာ Xiaomi ဟာ ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး အလုံးရေ ၁၂.၂ သန်း ရောင်းချထားပါတယ်။ အရင်နှစ်ကထက် ၇၄.၄ ရာခိုင်နှုန်းတောင် တိုးတက်လာတာက အရမ်းမိုက်ပါတယ်။ ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပါတယ်။ Xiaomi အခုလို ရောင်းအား ကောင်းလာခြင်းမှာ ပြည်တွင်းအပြင် ပြည်ပမှာပါ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

Apple က နံပါတ် ၂ နေရာကို ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းနဲ့ ရရှိထားပါတယ်။ ရောင်းအား ၆၀ ရာခိုင်နှုန်းဟာ အသစ်ရောင်းချထားတဲ့ Apple Watch Series 5 တွေ ဖြစ်ပါတယ်။ Huawei က အလုံးရေ ၅.၉ သန်း ရောင်းချထားပြီး ဈေးကွက်ဝေစု ၁၃ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အရင်နှစ်ကထက် ၂၄၃ ရာခိုင်နှုန်း ရောင်းအားတိုးတက်လာခြင်းမှာ တရုတ်က ရောင်းအားကြောင့် ဖြစ်ပါတယ်။

Fitbit က ဈေးကွက်ဝေစု ၈ ရာခိုင်နှုန်း ရထားပြီး အရင်နှစ်ကထက် သိပ်မတိုးတက်လာတဲ့ ၁ ခုထဲသော ကုမ္ပဏီ ဖြစ်ပါတယ်။ Samsung က နံပါတ် ၅ နေရာမှာ ဈေးကွက်ဝေစု ၆ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။ တန်ဖိုးနည်း Galaxy Fit Tracker ဟာ အာရှမှာ ရောင်းအားကောင်းနေပါတယ်။ အမေရိကမှာ Apple Watch Series 5 တွေဟာ ရောင်းအား လန်းနေပြီး အရင်နှစ် ကွာတား ၃ ရဲ့ Series 4 တွေထက် ရောင်းအား ၃.၅ ဆ ပိုကောင်းနေပါတယ်။ ဒါ့အပြင် Series 3 တွေ ဈေးပေါလာတဲ့အတွက်လည်း ဒီနှစ် ကွာတား ၃ မှာ ရောင်းအား တိုးတက်လာပါတယ်။ တရုတ်မှာ Apple Watch Series 5 တွေရဲ့ ရောင်းအားတွေလည်း ကောင်းနေပါတယ်။

Ref : gsmarena

[Zawgyi]

ကြာတား ၃ ရဲ႕ ကမာၻ႕ Wearable Band ေစ်းကြက္ကို Xiaomi ဦးေဆာင္ေန

ေစ်းကြက္သုေတသနအဖြဲ႕အစည္း Canalys က ဒီႏွစ္ ကြာတား ၃ ျဖစ္တဲ့ ဇူလိုင္လကေန စက္တင္ဘာလအတြင္း ကမာၻ႕ Wearable Band ေရာင္းအားကို စစ္တမ္းျပဳစုလိုက္ပါတယ္။ Wearable Band လို႔ဆိုရာမွာ Smart Fitness Bands, Smart Watches နဲ႔ Fitness Trackers တို႔ ပါပါတယ္။ ကြာတား ၃ မွာ Xiaomi ဟာ ေရာင္းအား အေကာင္းဆံုး ျဖစ္ေနၿပီး အလံုးေရ ၁၂.၂ သန္း ေရာင္းခ်ထားပါတယ္။ အရင္ႏွစ္ကထက္ ၇၄.၄ ရာခုိင္ႏႈန္းေတာင္ တိုးတက္လာတာက အရမ္းမိုက္ပါတယ္။ ေစ်းကြက္ေ၀စု ၂၇ ရာခုိင္ႏႈန္းကို သိမ္းပိုက္ထားပါတယ္။ Xiaomi အခုလို ေရာင္းအား ေကာင္းလာျခင္းမွာ ျပည္တြင္းအျပင္ ျပည္ပမွာပါ ေစ်းကြက္ခ်ဲ႕ထြင္ႏုိင္ခဲ့လို႔ ျဖစ္ပါတယ္။

Apple က နံပါတ္ ၂ ေနရာကို ေစ်းကြက္ေ၀စု ၁၅ ရာခုိင္ႏႈန္းနဲ႔ ရရွိထားပါတယ္။ ေရာင္းအား ၆၀ ရာခုိင္ႏႈန္းဟာ အသစ္ေရာင္းခ်ထားတဲ့ Apple Watch Series 5 ေတြ ျဖစ္ပါတယ္။ Huawei က အလံုးေရ ၅.၉ သန္း ေရာင္းခ်ထားၿပီး ေစ်းကြက္ေ၀စု ၁၃ ရာခုိင္ႏႈန္းနဲ႔ နံပါတ္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။ အရင္ႏွစ္ကထက္ ၂၄၃ ရာခုိင္ႏႈန္း ေရာင္းအားတိုးတက္လာျခင္းမွာ တရုတ္က ေရာင္းအားေၾကာင့္ ျဖစ္ပါတယ္။

Fitbit က ေစ်းကြက္ေ၀စု ၈ ရာခုိင္ႏႈန္း ရထားၿပီး အရင္ႏွစ္ကထက္ သိပ္မတိုးတက္လာတဲ့ ၁ ခုထဲေသာ ကုမၸဏီ ျဖစ္ပါတယ္။ Samsung က နံပါတ္ ၅ ေနရာမွာ ေစ်းကြက္ေ၀စု ၆ ရာခုိင္ႏႈန္းနဲ႔ ရပ္တည္ေနပါတယ္။ တန္ဖိုးနည္း Galaxy Fit Tracker ဟာ အာရွမွာ ေရာင္းအားေကာင္းေနပါတယ္။ အေမရိကမွာ Apple Watch Series 5 ေတြဟာ ေရာင္းအား လန္းေနၿပီး အရင္ႏွစ္ ကြာတား ၃ ရဲ႕ Series 4 ေတြထက္ ေရာင္းအား ၃.၅ ဆ ပိုေကာင္းေနပါတယ္။ ဒါ့အျပင္ Series 3 ေတြ ေစ်းေပါလာတဲ့အတြက္လည္း ဒီႏွစ္ ကြာတား ၃ မွာ ေရာင္းအား တိုးတက္လာပါတယ္။ တရုတ္မွာ Apple Watch Series 5 ေတြရဲ႕ ေရာင္းအားေတြလည္း ေကာင္းေနပါတယ္။

Ref : gsmarena