Xiaomi ဟာ လာမဲ့ မတ်လ ၁၅ ရက်နေ့မှာ Xiaomi 12 စီးရီးကို Global အဖြစ် မိတ်ဆက်မှာ ဖြစ်ပါတယ်။ Xiaomi 12 စီးရီးဝင် ဟန်းဆက်တွေကို ပေါက်ကြားမှုတွေကြောင့် အနည်းနဲ့အများတော့ တွေ့မြင်ဖူးကြပါလိမ့်မယ်။ အခု မြင်တွေ့ရတဲ့ Global images တွေနဲ့လည်း အနည်းငယ်သာ ကွာခြားတာကို တွေ့မြင်ရပါတယ်။

ဒီတစ်ကြိမ်ထွက်ပေါ်လာတဲ့ Renders တွေမှာတော့ ရေစာ (watermarks) မပါဝင်တော့ပါဘူး။ ဒါ့အပြင် Xiaomi 12 စီးရီးအတွက် ဥရောပဈေးနှုန်းအချို့လည်း ပေါက်ကြားလာပြီး Redmi Note 11 Pro+ 5G လည်း ပါဝင်လာပါတယ်။ Redmi Note 11 Pro+ 5G ကို အိန္ဒိယမှာ ဖြန့်ချိရောင်းချနေပေမဲ့ ဥရောပမှာ ရောင်းချမယ်၊ မရောင်းချဘူးဆိုတာကိုတော့ မသိရသေးပါဘူး။

Xiaomi 12 Pro ဟာ သူ့ရဲ့ Memory configuration ပေါ်မူတည်ပြီး ယူရို €1,000-1,200 ကြား ကျသင့်မယ်လို့ Snoopy က ဆိုပါတယ်။ Mi 11 Pro ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဥရောပကို ချန်လှပ်ခဲ့တာကြောင့် ဈေးနှုန်းချင်း တိုက်ရိုက်နှိုင်းယှဉ်တာမျိုး ပြုလုပ်လို့မရပါဘူး။ ဒါပေမဲ့ Pro အသစ်ရဲ့ ဈေးနှုန်းက မြင့်မားတယ်လို့တော့ ဆိုနိုင်ပါတယ်။

Xiaomi 12 ဟာ €850-900 ကြား ကျသင့်မယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအားဖြင့် အလွန်အမင်းမြင့်မားနေတာမျိုးမဟုတ်ပေမဲ့ ပြီးခဲ့တဲ့နှစ်က Mi 11 ရဲ့ ကုန်ကျစရိတ်ထက် €100 ပိုများနေပါသေးတယ်။ Snapdragon 8 Gen 1 အစား Snapdragon 870 အသုံးပြုထားတဲ့ Xiaomi 12X ကတော့ €650-700 ကြားကျသင့်မယ်လို့ ဆိုပါတယ်။

အခုပေါက်ကြားလာတဲ့ဈေးနှုန်းတွေက ရာနှုန်းပြည့်နီးပါး မှန်တယ်လို့ယူဆရသလို ကနဦးပေါက်ကြားမှုနဲ့လည်း လိုက်လျောညီထွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ Redmi Note 11 Pro+ 5G ကတော့ €460-500 ကြားသာ ရှိတာကြောင့် ဈေးနှုန်းပိုသက်သာနေတာ ဖြစ်ပါတယ်။

Ref: GSM Arena