[Zawgyi]

Allo ကို Update ထပ္ၿပီးမေပးေတာ့တာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကတည္းက ျဖစ္ပါတယ္။ ဒီဇင္ဘာမွာေတာ့ Allo ကို ပိတ္သိမ္းဖို႔ စီစဥ္ေနတယ္လို႔ Google က ေၾကညာခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ မတ္လ ၁၃ ရက္မွာေတာ့ အၿပီးသတ္ ပိတ္သိမ္းလိုက္ၿပီလို႔ Google က ေၾကညာလိုက္ပါတယ္။

၂၀၁၆ ခုႏွစ္ စက္တင္ဘာလက စတင္ခဲ့တဲ့ Allo ဟာ ၃ ႏွစ္မျပည့္ခင္မွာဘဲ နိဂုံးခ်ဳပ္သြားခဲ့ရၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ Allo ကိုအသုံးျပဳဖို႔ ဝင္လိုက္ရင္ ႏႈတ္ဆက္စာသားေတြနဲ႔အတူ Android Messages ကို ေျပာင္းလဲအသုံးျပဳဖို႔ အႀကံေပးထားတာကိုပဲ ေတြ႕ျမင္ရေတာ့မွာပါ။

Google က အခုလိုမ်ိဳး Allo ကို ပိတ္သိမ္းလိုက္ျခင္းရဲ႕ေနာက္ကြယ္မွာ RCS ကိုပိုၿပီး အသုံးျပဳလာေစလိုတဲ့ ရည္႐ြယ္ခ်က္ ရွိႏိုင္တယ္လို႔လည္း ဆိုရပါမယ္။ Rich Communication Services လို႔ေခၚတဲ့ ဒီဝန္ေဆာင္မႈဟာ Internet Messaging ေတြနဲ႔ SMS, MMS စတဲ့ ဝန္ေဆာင္မႈေတြကို အတူ သုံးစြဲႏိုင္မယ့္ ဝန္ေဆာင္မႈတစ္ခုျဖစ္ပါတယ္။

Google ရဲ႕ Allo ဟာ Google Assistant ကို Built-in ထည့္သြင္းေပးထားတဲ့ Internet Messaging Service App ျဖစ္ပါတယ္။ Google Assistant ကေတာ့ အသုံးျပဳသူနဲ႔ စာသား၊ ဒါမွမဟုတ္ စကားနဲ႔ အျပန္အလွန္ ေျပာဆိုႏိုင္ျခင္းကို ေထာက္ပံ့ေပးထားတာ ျဖစ္ပါတယ္။ အခုေတာ့ Allo ဟာ ဘယ္သူနဲ႔မွ စကားမေျပာႏိုင္ေတာ့ဘဲ လက္ျပႏႈတ္ဆက္သြားခဲ့ရၿပီျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

အပြီးသတ် ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့ Google Allo

Allo ကို Update ထပ်ပြီးမပေးတော့တာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက ဖြစ်ပါတယ်။ ဒီဇင်ဘာမှာတော့ Allo ကို ပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ Google က ကြေညာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၁၃ ရက်မှာတော့ အပြီးသတ် ပိတ်သိမ်းလိုက်ပြီလို့ Google က ကြေညာလိုက်ပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ Allo ဟာ ၃ နှစ်မပြည့်ခင်မှာဘဲ နိဂုံးချုပ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ Allo ကိုအသုံးပြုဖို့ ဝင်လိုက်ရင် နှုတ်ဆက်စာသားတွေနဲ့အတူ Android Messages ကို ပြောင်းလဲအသုံးပြုဖို့ အကြံပေးထားတာကိုပဲ တွေ့မြင်ရတော့မှာပါ။

Google က အခုလိုမျိုး Allo ကို ပိတ်သိမ်းလိုက်ခြင်းရဲ့နောက်ကွယ်မှာ RCS ကိုပိုပြီး အသုံးပြုလာစေလိုတဲ့ ရည်ရွယ်ချက် ရှိနိုင်တယ်လို့လည်း ဆိုရပါမယ်။ Rich Communication Services လို့ခေါ်တဲ့ ဒီဝန်ဆောင်မှုဟာ Internet Messaging တွေနဲ့ SMS, MMS စတဲ့ ဝန်ဆောင်မှုတွေကို အတူ သုံးစွဲနိုင်မယ့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

Google ရဲ့ Allo ဟာ Google Assistant ကို Built-in ထည့်သွင်းပေးထားတဲ့ Internet Messaging Service App ဖြစ်ပါတယ်။ Google Assistant ကတော့ အသုံးပြုသူနဲ့ စာသား၊ ဒါမှမဟုတ် စကားနဲ့ အပြန်အလှန် ပြောဆိုနိုင်ခြင်းကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ အခုတော့ Allo ဟာ ဘယ်သူနဲ့မှ စကားမပြောနိုင်တော့ဘဲ လက်ပြနှုတ်ဆက်သွားခဲ့ရပြီဖြစ်ပါတယ်။

Ref: GSMArena