Google နဲ့ Microsoft တို့ဟာ Chrome နဲ့ Edge မှာ Spellcheck တိုးတက်အောင် ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ Chrome နဲ့ Edge တို့ရဲ့ နောက်ဆုံးထုတ် ဗားရှင်းတွေမှာ Hunspell Open Source Implementation အစား Windows Spellcheck လုပ်ဆောင်ချက် ထည့်ထားပါတယ်။ အဲဒီအတွက် Chrome နဲ့ Edge တို့မှာ URLs, Acronyms , Email Addresses နဲ့ Custom Dictionary တို့အတွက် Spellcheck ဟာ ပိုကောင်းလာပါတယ်။

“ အဲဒီ လုပ်ဆောင်ချက်ကို Chromium Project မှာ Google နဲ့ Microsoft အင်ဂျင်နီယာတွေ ပူးပေါင်း ဖန်တီးခဲ့တာဖြစ်ပြီး Chromium အခြေပြု ဘရောက်စာအားလုံးမှာ Windows Spellcheck ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ “ လို့ Microsoft ရဲ့ Edge အဖွဲ့က ပြောပါတယ်။

Chrome မှာ Spellcheck လုပ်ဆောင်ချက် အသစ်ကို မတွေ့ရဘူးဆိုရင် လိပ်စာဘားမှာ chrome://flags/ လို့ရိုက်ပြီး အန်းတားခေါက်ပါ။ “ Use the Windows OS Spell Checker” ကို ရှာပြီး Enable လုပ်ပါ။ Chrome ကို Restart လုပ်ပြီးရင် ဒီလုပ်ဆောင်ချက်ကို သုံးနိုင်ပါပြီ။

Microsoft ဟာ ပြီးခဲ့တဲ့နှစ်က Chromium ကို ပြောင်းသုံးခဲ့ပြီးနောက် Chromium နဲ့တကွ Edge နဲ့ Chrome တို့ကို တိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။ Microsoft ဟာ ဇန်နဝါရီလမှာ Chrome Tab Management ပိုကောင်းအောင် ပြုလုပ်ပေးခဲ့သလို Bounce Effects နဲ့ Percentage-based Scrolling တို့နဲ့ Chromium မှာ Scrolling ပိုကောင်းအောင် ကြိုးစားနေပါတယ်။

Ref : theverge