[Zawgyi]

Google ဟာ ၿပီးခဲ့တဲ့ရက္တုန္းက Android Q Developer Preview ကို ေၾကညာခဲ့ပါတယ္။ Android Q ဟာ Android P ရဲ႕ေနာက္ မ်ိဳးဆက္သစ္ Operating System ျဖစ္ပါတယ္။ ကုမၸဏီကေတာ့ ႏွစ္ကုန္ပိုင္းေလာက္မွာ Stable Version ကို ထုတ္လႊတ္ေပးႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း ဆိုပါတယ္။

Pixel စမတ္ဖုန္းေတြအတြက္ ထုတ္လႊတ္ေပးလိုက္တဲ့ Android Q Beta ဟာ နည္းပညာပိုင္းဆိုင္ရာေတြမွာ အဆင့္ျမႇင့္တင္ေျပာင္းလဲမႈေတြ ျပဳလုပ္လာခဲ့သလို Media Codecs, Camera Features, UI စတာေတြလည္း ေျပာင္းလဲလာသလို၊ အဆင့္ျမင့္လာတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Android Q Beta ဟာ Power Button ဖိထားခ်ိန္မွာ Emergency Shortcut ကိုပါျမင္ေတြ႕ႏိုင္ေအာင္ ျဖည့္စြက္ထည့္သြင္းလာခဲ့ပါတယ္။ ဒါ့အျပင္ စာသားေတြကို Select လုပ္ရာမွာနဲ႔ Charging လုပ္ရာမွာလည္း Haptic Feedback ရရွိလာပါတယ္။ Screen Recorder ပါဝင္လာသလို သီခ်င္းဖြင့္ထားရင္လည္း Always-on Display မွာ သီခ်င္းနာမည္ကို ျမင္ေတြ႕ႏိုင္ၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ယခင္ကတည္းက သတင္းထြက္ထားတဲ့ Wi-Fi ကို QR Code သုံးၿပီး မွ်ေဝႏိုင္တဲ့ Feature လည္း ပါဝင္လာခဲ့သလို System-wide Dark Theme လည္း ပါဝင္လာခဲ့ၿပီ ျဖစ္ပါတယ္။ Notification Swipe ကေတာ့ ညာဘက္ကေန ဘယ္ဘက္တစ္ဘက္တည္းကိုပဲ Swipe လုပ္လို႔ရေတာ့မွာ ျဖစ္ပါတယ္။ ဘက္ထရီအသုံးျပဳႏိုင္မယ့္ ခန႔္မွန္းၾကာခ်ိန္ကို ပိုၿပီးလြယ္ကူရွင္းလင္းစြာနဲ႔ ေတြ႕ျမင္ရေတာ့မွာလည္း ျဖစ္ပါတယ္။

Share Menu ရဲ႕လုပ္ေဆာင္မႈ ျမန္ႏႈန္းလည္း ျမင့္လာသလို File Explorer ကလည္း ဒီဇိုင္းသစ္နဲ႔ ျဖစ္လာပါတယ္။ APK Installer UI လည္း ေျပာင္းလဲသြားသလို Pop-up Messages ေတြကို အခ်ိန္သတ္မွတ္ထားလို႔ရတဲ့ Time to read Setting သစ္လည္း ပါဝင္လာခဲ့ၿပီျဖစ္ပါတယ္။ ဒီ Android Q Beta ကို Google Pixel ဖုန္းေတြျဖစ္တဲ့ Pixel, Pixel XL, Pixel 2 XL, Pixel 3 နဲ႔ Pixel 3 XL အပါအဝင္ Google Pixel Devices အားလုံးမွာ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Pixel ဖုန်းတွေအတွက် ပထမဆုံး Android Q beta ကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း Google ကြေညာ

Google ဟာ ပြီးခဲ့တဲ့ရက်တုန်းက Android Q developer preview ကို ကြေညာခဲ့ပါတယ်။ Android Q ဟာ Android P ရဲ့နောက် မျိုးဆက်သစ် Operating System ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ နှစ်ကုန်ပိုင်းလောက်မှာ Stable Version ကို ထုတ်လွှတ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

Pixel စမတ်ဖုန်းတွေအတွက် ထုတ်လွှတ်ပေးလိုက်တဲ့ Android Q Beta ဟာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အဆင့်မြှင့်တင်ပြောင်းလဲမှုတွေ ပြုလုပ်လာခဲ့သလို Media Codecs, Camera Features, UI စတာတွေလည်း ပြောင်းလဲလာသလို၊ အဆင့်မြင့်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Android Q Beta ဟာ Power Button ဖိထားချိန်မှာ Emergency Shortcut ကိုပါမြင်တွေ့နိုင်အောင် ဖြည့်စွက်ထည့်သွင်းလာခဲ့ပါတယ်။ ဒါ့အပြင် စာသားတွေကို Select လုပ်ရာမှာနဲ့ Charging လုပ်ရာမှာလည်း Haptic Feedback ရရှိလာပါတယ်။ Screen Recorder ပါဝင်လာသလို သီချင်းဖွင့်ထားရင်လည်း Always-on Display မှာ သီချင်းနာမည်ကို မြင်တွေ့နိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယခင်ကတည်းက သတင်းထွက်ထားတဲ့ Wi-Fi ကို QR Code သုံးပြီး မျှဝေနိုင်တဲ့ Feature လည်း ပါဝင်လာခဲ့သလို System-wide Dark Theme လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ Notification Swipe ကတော့ ညာဘက်ကနေ ဘယ်ဘက်တစ်ဘက်တည်းကိုပဲ Swipe လုပ်လို့ရတော့မှာ ဖြစ်ပါတယ်။ ဘက်ထရီအသုံးပြုနိုင်မယ့် ခန့်မှန်းကြာချိန်ကို ပိုပြီးလွယ်ကူရှင်းလင်းစွာနဲ့ တွေ့မြင်ရတော့မှာလည်း ဖြစ်ပါတယ်။

Share Menu ရဲ့လုပ်ဆောင်မှု မြန်နှုန်းလည်း မြင့်လာသလို File Explorer ကလည်း ဒီဇိုင်းသစ်နဲ့ ဖြစ်လာပါတယ်။ APK Installer UI လည်း ပြောင်းလဲသွားသလို Pop-up messages တွေကို အချိန်သတ်မှတ်ထားလို့ရတဲ့ Time to read Setting သစ်လည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဒီ Android Q Beta ကို Google Pixel ဖုန်းတွေဖြစ်တဲ့ Pixel, Pixel XL, Pixel 2 XL, Pixel 3 နဲ့ Pixel 3 XL အပါအဝင် Google Pixel devices အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: Android Authority