Google ကနေ Apple Device တွေမှာပါဝင်တဲ့ AirDrop File Sharing Feature ကို ယှဥ်ပြိုင်နိုင်မယ့် Feature အသစ်ကို ဆောင်ရွက်နေတာ လအနည်းငယ်ရှိသွားပါပြီ။ အခုအချိန်မှာတော့ Nearby Share လို့နာမည်ပေးထားတဲ့ အဆိုပါ File Sharing Feature အသစ်ကို Google Pixel Series စမတ်ဖုန်းတွေနဲ့ Samsung Galaxy ဖုန်းအချို့အတွက် တရားဝင်ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ Android Version 6.0 နဲ့အထက် ဖုန်းတွေအကုန်လုံးအသုံးပြုနိုင်မှာဖြစ်သလို တခြားသော Operating System တွေအတွက်လည်း ထုတ်ပေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး Nearby Share Feature ကိုအသုံးပြုဖို့အတွက် သီးသန့် Application ထည့်သွင်းစရာလည်း လိုအပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

 

အဆိုပါ Nearby Share Feature ကနေ Files တွေ၊ ဓါတ်ပုံတွေနဲ့ Website Link တွေကိုပါ မျှဝေနိုင်မှာဖြစ်ပြီး Wi-Fi ၊ Data နဲ့ Bluetooth တွေထဲက အဆင်အပြေဆုံးနည်းလမ်းကို အသုံးပြုပြီး Transfer ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တကယ်လို့ Mobile Data ကို အသုံးမပြုချင်ဘူးဆိုရင်လည်း Setting ကနေတစ်ဆင့် ပိတ်ထားလို့ရမယ်လို့ သိရပါတယ်။

နောက်ထပ် Privacy ပိုင်းအနေနဲ့ကတော့ Nearby Share ကိုအသုံးပြုနေတဲ့ Sender နဲ့ Receiver ၂ ဦးစလုံးရဲ့ Information ကို Fully-encrypted ပြုလုပ်ထားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကိုယ့်ရဲ့ Contact တွေကလွဲပြီး တခြား Devices တွေကနေ ချိတ်ဆက်လို့မရအောင် (သို့မဟုတ်) Hidden အနေနဲ့ ပြုလုပ်ထားနိုင်ဦးမယ်လို့လည်း သိရပါတယ်။

Google ရဲ့ ပြောကြားချက်အရတော့ လာမယ့်ရက်သတ္တပတ်ပိုင်းမှာ တခြားသော Android စမတ်ဖုန်းတွေမှာ ရရှိလာမှာဖြစ်ပြီး လာမယ့်လပိုင်းမှာတော့ Chromebook တွေကစတင်ပြီးတော့ တခြား Operation System တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China