Google က ရိုးရိုး TV တွေကို စမတ် TV အဖြစ် ပြောင်းလဲပေးမယ့် Chromecast အသစ်ကို ကြေညာလိုက်ပါတယ်။ Chromecast with Google TV လို့ နာမည်ပေးထားပြီး အရင်မျိုးဆက်တွေမှာ မပါတဲ့ ကိုယ်ပိုင် UI နဲ့ Remote ပါလာတာက ထူးခြားချက်ပါ။ ဒီဇိုင်းကတော့ အရင်မျိုးဆက်တွေနဲ့ တူညီပြီး HDMI ကြိုးနဲ့ TV မှာ ချိတ်ဆက်ရမှာ ဖြစ်ကာ USB-C နဲ့ အားသွင်းရမှာပါ။

၂၀၂၀ ခုနှစ်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ Specs တွေ ထည့်သွင်းထားပြီး Dolby Vision ပါတဲ့ 4K 60Hz, HDR10+ နဲ့ HDR10  တွေ ထောက်ပံ့ထားပါတယ်။ အသံပိုင်းမှာ Dolby Atmos ပါတဲ့ Dolby Digital နဲ့ Dolby Digital Plus ထည့်ထားတဲ့အတွက် အသံအရည်အသွေး မြင့်မားမှာပါ။ dual-band 802.11ac Wi-Fi ထည့်ထားပေမယ့် Bluetooth Version ကို မသိရသေးပါဘူး။ Snow, Sunrise နဲ့ Sky ၃ ရောင် ရွေးချယ်နိုင်ပါတယ်။

Remote မှာ ခလုတ် နည်းနည်းပဲ ပါတဲ့အတွက် ရိုးရှင်းပြီး ထိပ်ဖက်မှာ Navigation Pad ထည့်ထားပါတယ်။ Google Assistant , YouTube နဲ့ Netflix တို့အတွက် Shortcut ခလုတ်တွေ တပ်ဆင်ထားပြီး အသံခလုတ်တွေကို ဘေးဘက်မှာ ထည့်ထားတာက ဖုန်းတွေနဲ့တူပါတယ်။ Accelerometer ပါလာပြီး ဂိမ်းကစားရင် သုံးနိုင်ပါတယ်။ Remote ဟာ Bluetooth ကနေ Chromecast နဲ့ ချိတ်ဆက်နိုင်ပြီး TV, Soundbar နဲ့ Receiver တွေကို ထိန်းချုပ်နိုင်တဲ့ IR ပါပါတယ်။

ဆော့ဖ်ဝဲအပိုင်းမှာ Google TV အသစ် ထည့်ထားပြီး လက်ရှိ Android TV ကို ဆန်းသစ်ထားတာပါ။ လက်ရှိ Android TV OS , Apps တွေနဲ့ တွဲသုံးနိုင်တဲ့ Launcher လို သဘောဖြစ်ပါတယ်။ Google TV UI အသစ်ဟာ Apple TV , Amazon Fire TV UI တို့နဲ့  တော်တော်တူပြီး Category Tabs တွေကို ထိပ်ဖက်မှာ ပြသထားပါတယ်။ Recently Watched Content နဲ့ Apps တွေကို Navigate လုပ်ဖို့ Tile-based UI သုံးထားပါတယ်။ သင်နှစ်သက်တဲ့ ရုပ်ရှင် ၊ ဗီဒီယို၊ တီဗီရှိုးတွေကို အကြံပြုပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ Google အကောင့်နဲ့ချိတ်ဆက်နိုင်တဲ့ Watchlist လုပ်ဆောင်ချက် အသစ် ထည့်ထားပြီး ဘယ် App ၊ ဘယ် Device ကနေ မဆို Watch List ထဲကို Content တွေ သိမ်းနိုင်ပါတယ်။

Chromecast with Google TV ကို အမေရိကန်မှာ ဒေါ်လာ ၅၀ နဲ့ စတင် ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ၆ သောင်းခွဲလောက် ကျသင့်မှာပါ။

Ref : gsmarena