Google Assistant ဆိုတာက Android ဖုန်းတွေမှာတင်မကပဲ iOS Devices တွေမှာပါ အသုံးပြုနိုင်ပြီဖြစ်တဲ့ Digital Assistant တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ သူရဲ့ Google Assistant ကို ပိုပြီး အဆင့်မြှင့်ထားလိုက်ပြီပဲဖြစ်ပါတယ်။

အခု Google ရဲ့ အဆင့်မြှင့်တင်မှုကတော့ ရုပ်ရှင်ကြည့်ရတာကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ အကောင်းစားအဆင့်မြှင့်တင်မှုတစ်ခုလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ Google Assistant ကို အသုံးပြုပြီးတော့ ရုပ်ရှင်လက်မှတ်တွေကို ဝယ်ဖို့ ခိုင်းစေနိုင်အောင် ပြုလုပ်ပေးလိုက်တာကြောင့်ပဲဖြစ်ပါတယ်။

Google ရဲ့ အခု Feature ဟာ Fandango နဲ့ ပူးပေါင်းဆောင်ရွကတာဖြစ်ပြီးတော့ Google Pay မှာ ပိုက်ဆံထည့်သွင်းထားပြီးတော့ ကြည့်ချင်တဲ့ ရုပ်ရှင်ကား၊ လက်မှတ်အရေအတွက်နဲ့ အချိန်ကိုပြောပြီး Google Assistant ကို လက်မှတ်ဝယ်ခိုင်းလိုက်ရုံပဲဖြစ်ပါတယ်။ အခုလိုမျိုး ဝယ်ယူခိုင်းဖို့အတွက်လည်း Mobile Devices တွေတင်မကပဲ Google Home Smart Speaker တွေကနေပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Mobile Devices တွေမှာတော့ လောလောဆယ်မှာ Android Devices တွေပဲ ရရှိဦးမယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း အခု Features ဟာ အမေရိကန် Fandango ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့အတွက် လောလောဆယ်မှာ US မှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီးတော့ အခြားသောနိုင်ငံတွေမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။