Zawgyi

အေမရိကန္ နည္းပညာ ကုမၸဏီႀကီး ျဖစ္တဲ့ Google ကေနၿပီး Google Assistant ကိုအသုံးျပဳတဲ့ေနရာမွာ အသုံးျပဳသူေတြရဲ႕ အသံအျပင္ အသုံးျပဳသူေတြကို မွတ္မိလြယ္ေစမယ့္ တစ္ျခား နည္းလမ္းတစ္ခုကို မၾကာခင္ အခ်ိန္အတြင္းမွာ မိတ္ဆက္ေပးေတာ့မွာပါ။ လတ္တေလာမွာေတာ့ Google Assistant က အသုံးျပဳသူေတြကို မွတ္မိေစဖို႔အတြက္ အသုံးျပဳသူေတြရဲ႕ အသံနဲ႕ တိုက္စစ္ၿပီး ဖုန္းပိုင္ရွင္ ဟုတ္မဟုတ္ဆိုတာ ခြဲျခားေပးတာပါ။

မၾကာခင္မွာေတာ့ Google Assistant ဟာ အသုံးျပဳသူရဲ႕ အသံ အျပင္ မ်က္ႏွာေတြကိုပါ မွတ္သားၿပီး ဖုန္းပိုင္ရွင္ေတြကို ခြဲျခားေပးနိုင္ေတာ့မွာပါ။ အဆိုပါ Feature အသစ္ဟာ ဖုန္းတစ္လုံးတည္းမွာပဲ အသုံးျပဳလို႔ရတာမ်ိဳးမဟုတ္ပဲ Google Account ဝင္ထားတဲ့ ဘယ္ဖုန္းမွာမဆို အသုံးျပဳနိုင္မွာပါ။ မ်က္ႏွာကိုမွတ္သားထားၿပီး သုံးစြဲသူေတြကို ခြဲျခားလာနိုင္မွာမို႔ အသုံးျပဳသူတစ္ဦးထက္မကရွိတဲ့ Device ေတြအတြက္ေတာ့ အသံနဲ႕ခြဲျခားေပးတာထက္စာရင္ အမ်ားႀကီးပိုၿပီးထိေရာက္လာမွာပါ။

အဆိုပါ Feature အသစ္ဟာ ေနာက္ထပ္ထြက္လာမယ့္ Google App Update အသစ္မွာပါလာနိုင္ပါတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဒါေပမယ့္ Google ဘက္ကေန ဘယ္အခ်ိန္ရမယ္ဆိုတာေသခ်ာမေျပာထားေသးပါဘူး။ ေသခ်ာတာတစ္ခုကေတာ့ အဆိုပါ Feature အသုံးျပဳဖို႔ Selfie Camera လိုၿပီး Selfie ကင္မရာမပါတဲ့ ဖုန္းဆိုတာ အခုေခတ္မွာ မရွိသေလာက္ရွားတာေၾကာင့္ Google Service အေထာက္အပံ့ေပးတဲ့ ဘယ္ဖုန္းမဆို ဒီ Feature အသစ္ကို အသုံးျပဳနိုင္မွာပါ။

Google Assistant ဟာ Google ရဲ႕ ကိုယ္ပိုင္ Voice Assistant AI ျဖစ္ၿပီး အသုံးျပဳရတာလြယ္ကူၿပီး မတူညီတဲ့ ေလယူေလသိမ္း အသံေတြကို အလြယ္တကူသိရွိနားလည္နိုင္တာေၾကာင့္ ၿပိဳင္ဘက္ AI ေတြၾကားမွာ ထိပ္ဆုံးက ရပ္တည္လ်က္ရွိပါတယ္။ Google ဟာ Google Assistant ကို အၿမဲလိုလို အဆင့္ျမႇင့္တင္ေပးေနၿပီး Google Home Hub ကိုမိတ္ဆက္တဲ့အခ်ိန္မွာေတာ့ Google Assistant ဟာ အသံနဲ႕တုန႔္ျပန္႐ုံသာ မကေတာ့ပဲ မ်က္ႏွာျပင္မွာ ပုံေလးေတြေဖာ္ျပေပးနိုင္တဲ့အထိ အဆင့္ျမင့္ခဲ့ပါတယ္။ ဒါ့အျပင္ အသုံးျပဳသူကိုယ္စား ဖုန္းကိုင္ေပးတာနဲ႕ ေဟာ္တယ္ Booking လုပ္တာမ်ိဳးလို ရႈပ္ေထြးတဲ့ Task ေတြေတာင္ ကိုင္တြယ္လာနိုင္ခဲ့ပါတယ္။

Ref: Engadget

Unicode

အသံအစား မျက်နှာမှတ်သားစနစ်နဲ့ အသုံးပြုသူတွေကို ခွဲခြားနိုင်တော့မယ့် Google Assistant

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ Google ကနေပြီး Google Assistant ကိုအသုံးပြုတဲ့နေရာမှာ အသုံးပြုသူတွေရဲ့ အသံအပြင် အသုံးပြုသူတွေကို မှတ်မိလွယ်စေမယ့် တစ်ခြား နည်းလမ်းတစ်ခုကို မကြာခင် အချိန်အတွင်းမှာ မိတ်ဆက်ပေးတော့မှာပါ။ လတ်တလောမှာတော့ Google Assistant က အသုံးပြုသူတွေကို မှတ်မိစေဖို့အတွက် အသုံးပြုသူတွေရဲ့ အသံနဲ့ တိုက်စစ်ပြီး ဖုန်းပိုင်ရှင် ဟုတ်မဟုတ်ဆိုတာ ခွဲခြားပေးတာပါ။

မကြာခင်မှာတော့ Google Assistant ဟာ အသုံးပြုသူရဲ့ အသံ အပြင် မျက်နှာတွေကိုပါ မှတ်သားပြီး ဖုန်းပိုင်ရှင်တွေကို ခွဲခြားပေးနိုင်တော့မှာပါ။ အဆိုပါ Feature အသစ်ဟာ ဖုန်းတစ်လုံးတည်းမှာပဲ အသုံးပြုလို့ရတာမျိုးမဟုတ်ပဲ Google Account ဝင်ထားတဲ့ ဘယ်ဖုန်းမှာမဆို အသုံးပြုနိုင်မှာပါ။ မျက်နှာကိုမှတ်သားထားပြီး သုံးစွဲသူတွေကို ခွဲခြားလာနိုင်မှာမို့ အသုံးပြုသူတစ်ဦးထက်မကရှိတဲ့ Device တွေအတွက်တော့ အသံနဲ့ခွဲခြားပေးတာထက်စာရင် အများကြီးပိုပြီးထိရောက်လာမှာပါ။

အဆိုပါ Feature အသစ်ဟာ နောက်ထပ်ထွက်လာမယ့် Google App Update အသစ်မှာပါလာနိုင်ပါတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် Google ဘက်ကနေ ဘယ်အချိန်ရမယ်ဆိုတာသေချာမပြောထားသေးပါဘူး။ သေချာတာတစ်ခုကတော့ အဆိုပါ Feature အသုံးပြုဖို့ Selfie Camera လိုပြီး Selfie ကင်မရာမပါတဲ့ ဖုန်းဆိုတာ အခုခေတ်မှာ မရှိသလောက်ရှားတာကြောင့် Google Service အထောက်အပံ့ပေးတဲ့ ဘယ်ဖုန်းမဆို ဒီ Feature အသစ်ကို အသုံးပြုနိုင်မှာပါ။

Google Assistant ဟာ Google ရဲ့ ကိုယ်ပိုင် Voice Assistant AI ဖြစ်ပြီး အသုံးပြုရတာလွယ်ကူပြီး မတူညီတဲ့ လေယူလေသိမ်း အသံတွေကို အလွယ်တကူသိရှိနားလည်နိုင်တာကြောင့် ပြိုင်ဘက် AI တွေကြားမှာ ထိပ်ဆုံးက ရပ်တည်လျက်ရှိပါတယ်။ Google ဟာ Google Assistant ကို အမြဲလိုလို အဆင့်မြှင့်တင်ပေးနေပြီး Google Home Hub ကိုမိတ်ဆက်တဲ့အချိန်မှာတော့ Google Assistant ဟာ အသံနဲ့တုန့်ပြန်ရုံသာ မကတော့ပဲ မျက်နှာပြင်မှာ ပုံလေးတွေဖော်ပြပေးနိုင်တဲ့အထိ အဆင့်မြင့်ခဲ့ပါတယ်။ ဒါ့အပြင် အသုံးပြုသူကိုယ်စား ဖုန်းကိုင်ပေးတာနဲ့ ဟော်တယ် Booking လုပ်တာမျိုးလို ရှုပ်ထွေးတဲ့ Task တွေတောင် ကိုင်တွယ်လာနိုင်ခဲ့ပါတယ်။

Ref: Engadget