Google Chrome ဟာ Android ဖုန်းတွေအတွက် အသုံးအများဆုံး Web Browser တစ်ခုဖြစ်ပါတယ်။ အခုလည်း Google ကနေ Android အတွက် Chrome မှာ တခြား Device တွေမှာ အသုံးပြုနိုင်ခြင်းမရှိသေးတဲ့ Privacy Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။

ဒါက Chrome Browser ရဲ့ Incognito Tab တွေကို ဝင်ကြည့်လို့မရအောင် Lock ပြုလုပ်ထားနိုင်တဲ့ Feature ပဲဖြစ်ပါတယ်။ ဒါကြောင့် Chrome Browser ကနေ အပြင်ထွက်လိုက်တာနဲ့ Incognito Tab တွေကို အလိုအလျောက် Lock ပြုလုပ်သွားမှာဖြစ်ပါတယ်။

Incognito Tab ဟာ ကိုယ့် Data တွေ၊ Information တွေအပြင် Browsing History ကို ပေးမသိလိုတဲ့ Website တွေအတွက် အသုံးများပြီး အခုလိုမျိုး Lock Feature ရရှိလာတာက ပိုပြီး လုံခြုံသွားမှာဖြစ်ပါတယ်။

အသုံးပြုဖို့အတွက် Chrome Browser ထဲက Settings ထဲဝင်ရောက်ပြီး Privacy and Security ထဲမှာရှိတဲ့ Lock Incognito Tabs When You Leave Chrome ကို Enable ပြုလုပ်ထားရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက အခုလို Lock ပြုလုပ်တဲ့အချိန်မှာ Screen Lock ကိုပဲ အသုံးပြုမှာဖြစ်ပြီး သီးသန့် Password သတ်မှတ်စရာမလိုအပ်ပါဘူး။ ဒါကြောင့် ဖုန်း Screen ကို Unlock ပြုလုပ်ရတဲ့ PIN ၊ Fingerprint ၊ Face Unlock တွေကို အသုံးပြုပြီး Unlock ပြုလုပ်နိုင်ပါတယ်။

Google ရဲ့ ပြောကြားချက်အရ ယခု Feature ကို Device တွေအားလုံးအတွက် ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အသုံးပြုနိုင်ခြင်းမရှိသေးရင် Chrome Browser ကို Update ပြုလုပ်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။

Ref – GSM Arena