Google Pixel စမတ်ဖုန်းတွေဟာ မကြာသေးခင်တုန်းက June Security Patch Update ကို ရရှိခဲ့တာဖြစ်ပါတယ်။ တချို့သော Pixel 4 XL အသုံးပြုသူတွေအနေနဲ့ အဆိုပါ June Security Patch အစား Android 11 Beta 1 Update ကိုပါ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Google ကနေ Pixel ဖုန်းတွေအတွက် သီးသန့် Feature Drops ကိုပါ Update လုပ်ပေးခဲ့ပြီး အသုံးဝင်တဲ့ Feature တွေတော်တော်များများပါဝင်လာပြီဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ Personal Safety App ဟာ လက်ရှိ Pixel ဖုန်းတွေအားလုံးမှာ Default အနေနဲ့ ပါဝင်လာမှာပါ။

Pixel Personal Safety app emergency sharing

အဆိုပါ Personal Safety Feature ကနေ ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်မှာဖြစ်ပွားနေတဲ့ အရေးပေါ်အခြေအနေတွေကို အသိပေးနိုင်မယ့်အပြင် Pixel 3 Series နဲ့ Pixel 4 Series ဖုန်းတွေမှာ ယာဥ်မတော်တဆဖြစ်တာကို အလိုအလျောက်သိရှိပြီးတော့ Google ကနေ တစ်ဆင့်အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး တည်နေရာကို ပြောကြားသွားမယ့် Car Crash Detection Feature လည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ အဆိုပါ Car Crash Detection Feature ကို US မှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

နောက်ထပ် အသုံးဝင်တဲ့ Feature တစ်ခုအနေနဲ့ကတော့ Safety Check Tool ပဲဖြစ်ပြီး အဆိုပါ Tool ကနေ တကယ်လို့ စိတ်မချရတဲ့အခြေအနေမျိုးမှာ တစ်ယောက်ထဲလမ်းလျှောက်နေရတာမျိုး သို့မဟုတ် ညဘက်မှာ မလုံခြုံတဲ့ပတ်ဝန်းကျင်လိုမျိုးကို ဖြတ်သန်းရမယ်ဆိုရင် ခန့်မှန်းရောက်ရှိနိုင်မယ့် အချိန်နဲ့ အရေးပေါ်ဆက်သွယ်နိုင်မယ့် သူငယ်ချင်း၊ မိသားစုတွေကို ကြိုတင်အသိပေးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ရောက်ရှိမယ့်အချိန်ကို ကျော်လွန်သွားတယ်ဆိုရင် Google ကနေ အရေးပေါ်ဆက်သွယ်ဖို့ သတ်မှတ်ထားတဲ့ဖုန်းနံပါတ်တွေနဲ့ သက်ဆိုင်ရာအရေးပေါ်ဌာနကို ဖုန်းခေါ်ဆိုသွားမှာဖြစ်ပြီး လက်ရှိဖုန်းရဲ့ တည်နေရာကိုလည်း Live Location Share ပေးသွားဦးမှာဖြစ်ပါတယ်။ တကယ်လို့ လမ်းခရီးမှာ စိတ်ချလက်ချနဲ့ ဖြတ်သန်းနိုင်တယ်ဆိုရင်လည်း အဆင်ပြေစွာရောက်ရှိတဲ့အကြောင်းကို Google ကနေ တစ်ဆင့် အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို Message ပေးပို့ပြီး အသိပေးသွားမှာဖြစ်ပါတယ်။

Google Pixel Personal Safety app Safety Check

ဒါတင်မဟုတ်သေးဘဲ Google ကနေ လက်ရှိ Pixel ဖုန်းတွေမှာ ဝေဖန်အခံရဆုံး ဖြစ်တဲ့ Battery Life ကိုလည်း ပိုကောင်းလာစေဖို့အတွက် Adaptive Battery Feature ကို Update ပြုလုပ်ခဲ့ပြီး Battery Life ပိုခံအောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Bedtime Schedule နဲ့ Recording တွေကို Google Assistant ကနေ တစ်ဆင့်ခိုင်းစေနိုင်ပြီလည်းဖြစ်ပါတယ်။

Google Pixel Personal Safety app Safety Check

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Personal Safety App မှာပါဝင်တဲ့ Feature တွေဟာ Pixel ဖုန်းတွေတင်မဟဟုတ်ဘဲ တခြားသော စမတ်ဖုန်းတွေအတွက်လည်း ရရှိလာမယ်ဆိုရင် ပိုပြီးအသုံးဝင်လာမှာပါ။

Ref – Engadget