[Zawgyi]

Google အေနနဲ႔ Android Platform အတြက္ ထုတ္ေပးလိုက္တဲ့ Chrome ဗားရွင္း 74.0.3729.112 မွာ လူေတာ္ေတာ္မ်ားမ်ား ေမွ်ာ္လင့္ေစာင့္စားေနတဲ့ Dark Mode ကို စတင္ထည့္သြင္းေပးလိုက္ပါၿပီ။ ဒါ့ေၾကာင့္ Dark Mode ကို ေျပာင္းလဲ အသုံးျပဳလိုသူမ်ားအေနနဲ႔ Google Chrome ရဲ႕ ေနာက္ဆုံးထြက္ ဗားရွင္းကို Update ျပဳလုပ္ဖို႔ လိုအပ္ပါလိမ့္မယ္။

Google Chrome ကို Update ျပဳလုပ္ၿပီးသြားၿပီဆိုရင္ ပထမဦးစြာ chrome://flags/#enable-android-night-mode ကို Chrome ရဲ႕ Address bar / Search box မွာ Paste ခ်ပါ။ ထိုအခါ Android Chrome UI dark mode ဆိုတဲ့ အဝါေရာင္ေနာက္ခံနဲ႔ စာတန္းေလး က်လာပါလိမ့္မယ္။ ၿပီးရင္ ထိုစာတန္းေအာက္က Default ကိုႏွိပ္ၿပီး Enabled သို႔ ေျပာင္းေပးပါ။ Relaunch Now ဆိုတဲ့ အျပာေရာင္ေနာက္ခံနဲ႔ ခလုတ္ေလးကို ႏွိပ္ေပးပါ။ Chrome Application ဟာ ျပန္ထြက္သြားၿပီး အလိုအေလ်ာက္ျပန္ဝင္လာပါလိမ့္မယ္။

ၿပီးရင္ Chrome Settings ထဲကို ဝင္လိုက္ပါ။ Basics ေခါင္းစဥ္ေအာက္က Notifications စာေၾကာင္းေအာက္မွာ Dark mode ဆိုတဲ့ ခလုတ္ေလး ေပၚထြက္လာပါၿပီ။ (Dark mode မေပၚေသးပါက App ထဲကေန ျပန္ထြက္ၿပီး Recent မွာ Clear လုပ္ေပးပါ) အဆိုပါ Dark Mode ကို On လိုက္ျခင္းအားျဖင့္ အမည္းေရာင္မ်က္ႏွာျပင္နဲ႔ Chrome ကို စတင္အသုံးျပဳႏိုင္ပါၿပီ။

Ref : GsmArena

[Unicode]

Google Chrome (Android) မှာလည်း Dark Mode ရပါြပီ

Google အနေနဲ့ Android Platform အတွက် ထုတ်ပေးလိုက်တဲ့ Chrome ဗားရှင်း 74.0.3729.112 မှာ လူတော်တော်များများ မျှော်လင့်စောင့်စားနေတဲ့ Dark Mode ကို စတင်ထည့်သွင်းပေးလိုက်ပါပြီ။ ဒါ့ကြောင့် Dark Mode ကို ပြောင်းလဲ အသုံးပြုလိုသူများအနေနဲ့ Google Chrome ရဲ့ နောက်ဆုံးထွက် ဗားရှင်းကို Update ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

Google Chrome ကို Update ပြုလုပ်ပြီးသွားပြီဆိုရင် ပထမဦးစွာ chrome://flags/#enable-android-night-mode ကို Chrome ရဲ့ Address bar / Search box မှာ Paste ချပါ။ ထိုအခါ Android Chrome UI dark mode ဆိုတဲ့ အဝါရောင်နောက်ခံနဲ့ စာတန်းလေး ကျလာပါလိမ့်မယ်။ ပြီးရင် ထိုစာတန်းအောက်က Default ကိုနှိပ်ပြီး Enabled သို့ ပြောင်းပေးပါ။ Relaunch Now ဆိုတဲ့ အပြာရောင်နောက်ခံနဲ့ ခလုတ်လေးကို နှိပ်ပေးပါ။ Chrome Application ဟာ ပြန်ထွက်သွားပြီး အလိုအလျောက်ပြန်ဝင်လာပါလိမ့်မယ်။

ပြီးရင် Chrome Settings ထဲကို ဝင်လိုက်ပါ။ Basics ခေါင်းစဥ်အောက်က Notifications စာကြောင်းအောက်မှာ Dark mode ဆိုတဲ့ ခလုတ်လေး ပေါ်ထွက်လာပါပြီ။ (Dark mode မပေါ်သေးပါက App ထဲကနေ ပြန်ထွက်ပြီး Recent မှာ Clear လုပ်ပေးပါ) အဆိုပါ Dark Mode ကို On လိုက်ခြင်းအားဖြင့် အမည်းရောင်မျက်နှာပြင်နဲ့ Chrome ကို စတင်အသုံးပြုနိုင်ပါပြီ။

Ref : GsmArena