Android ဖုန်းတွေအတွက် အကောင်းဆုံး Web Browser တစ်ခုဖြစ်တဲ့ Google Chrome ဟာ အခုဆိုရင် Version 64 အထိရောက်ရှိနေပြီဖြစ်ပါတယ်။ ယခု Version Update မှာ အသုံးပြုသူတွေအတွက် ကြီးကြီးမားမားအပြောင်းအလဲတစ်ခုကို ယူဆောင်လာတာပဲဖြစ်ပါတယ်။

အဲ့ဒါကတော့ Android ဖုန်းအသုံးပြုသူတွေအနေနဲ့ Google Chrome Browser ကို Version 64 ကို Update လုပ်လိုက်တာနဲ့ အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ ကြော်ငြာ Tabs တွေပွင့်လာတာကို တားဆီးပေးမယ့် Feature ပါဝင်လာတာကြောင့်ပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Google Chrome Version 64 ကို အသုံးပြုတဲ့ User တွေအနေနဲ့ အချို့သော Spam Website တွေ၊ ကြော်ငြာတွေ Screen အပြည့်တက်လာပြီး ဖုန်းသုံးလို့မရတော့တာတွေကို ကင်းဝေးစေမှာဖြစ်ပြီးတော့ စိတ်ချလက်ချနဲ့ အင်တာနက်အသုံးပြုနိုင်တော့မှာပါ။

Google Chrome ဟာ ယခု Version Update မှာ On Screen Navigation Keys တွေရဲ့ အရောင်ကိုလည်း အနက်ရောင်ကနေ အဖြုရောင်ကို ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါဟာ အချို့သော Android Devices တွေမှာပဲ ပြောင်းလဲမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။