Google က အန္တရာယ်ရှိတဲ့ ဖိုင်တွေ Download လုပ်ရင် Chrome User တွေကို အသိပေးမယ်လို့ ကြေညာလိုက်ပြီး အနာဂတ်မှာတော့ လုံးဝကို ပိတ်ပင်ဖို့ စီစဉ်ထားပါတယ်။ Chrome Security Team မှ Joe DeBlasio က “ HTTPS Pages တွေကနေ လုံခြုံတဲ့ ဖိုင်တွေကို Download လုပ်တာကိုပဲ Chrome မှာ အားပေးပါတယ်။ မလုံခြုံတဲ့ ဖိုင်တွေဟာ User တွေအတွက် အန္တရာယ်များပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ခိုးယူခံရနိုင်ပါတယ်။ မသမာသူတွေက Malware တွေနဲ့ တိုက်ခိုက်နိုင်ပြီး ဘဏ် အကောင့်တွေရဲ့ သတင်းအချက်အလက်တွေ ပါသွားနိုင်ပါတယ်။ “ လို့ ဘလော့မှာ ရေးသားထားပါတယ်။

ဧပြီလကစပြီး Chrome 82 မှာ EXE ဖိုင်တွေ Download လုပ်ရင် သတိပေးခဲ့ပါတယ်။ အနာဂတ်မှာတော့ အဲဒီ ဖိုင်တွေ Download လုပ်တာကို ပိုပြီး ကန့်သတ်လာနိုင်ပါတယ်။ အဲဒီ သတိပေးချက်ကို iOS နဲ့ Android အတွက် ထုတ်လုပ်ထားတဲ့ Chrome Version တွေမှာပါ ပြသပေးတာ ဖြစ်ပါတယ်။

Google အောက်တိုဘာလမှာ ဖြန့်ချိမယ့် Chrome 86 မှာ အန္တရာယ်ရှိနိုင်တဲ့ ဖိုင်တွေအားလုံးကို ပိတ်ပင်မှာ ဖြစ်ပါတယ်။ အထက်က ပုံမှာ Chrome Version အသစ်တွေ ဖြန့်ချိပေးမယ့် အချိန်တွေနဲ့ Block လုပ်မယ့်၊ သတိပေးမယ့်  အရာတွေကို လေ့လာနိုင်ပါတယ်။

Ref : tnw