Google က ဒတ်စတော့ရဲ့ Chrome ဘရောက်စာမှာ လုပ်ဆောင်ချက် အသစ် ၁ ခုကို ထည့်သွင်းပေးဖို့ စီစဉ်နေပါတယ်။ အဲဒီ လုပ်ဆောင်ချက်က Screenshot Tool ဖြစ်ပြီး သာမာန် Tool တွေထက် ပိုအသုံးဝင်အောင် Google Lens Integration လည်း ပါလာမှာပါ။

Google Chrome

လက်ရှိမှာတော့ Chrome ဘရောက်စာမှာ Screenshot ရိုက်နိုင်တဲ့ နည်းလမ်း ၂ ခု ရှိပါတယ်။ ပထမ ၁ ခုက Windows ရဲ့ Screenshot Tool ဖြစ်ပြီး ဒုတိယ ၁ ခုက Screenshot ရိုက်ပေးတဲ့ Chrome Extension ဖြစ်ပါတယ်။ Chrome Android Version မှာတော့ Share Menu မှာ Screenshot Tool ကို ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။

Google Chrome OS Logo Featured

အခုတော့ ဒတ်စတော့ Version ရဲ့ Share Menu မှာပါ အဲဒီ လုပ်ဆောင်ချက် ပါလာတော့မှာပါ။ Menu မှာ “Copy link”, “Copy link text’ နဲ့အတူ Screenshot Options  တွေကို ပြသပေးထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီ လုပ်ဆောင်ချက်ကို ဖန်တီးနေတာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး ရိုးရိုး Screenshot ပဲ ရိုက်လို့ရမှာပါ။ ဒါပေမယ့် အဲဒီ Screenshot ကို Clipboard မှာ သိမ်းပေးထားမှာ ဖြစ်ပြီး Download , Edit နဲ့ Sharing တွေ ပြုလုပ်နိုင်မှာပါ။ အဲဒီလုပ်ဆောင်ချက်ကို Chrome OS နဲ့ Windows 10 မှာ ထည့်သွင်းပေးမယ်လို့ ထင်ရပါတယ်။

Screenshot Tool မှာ Built in Editor ပါလာမှာ ဖြစ်ပြီး Android မှာလို ပုံအပေါ်  Right Click နှိပ်ရင် Google Lens ကိုပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Chrome မှာ Lens Integration ပိုကောင်းလာမယ့် သဘော ဖြစ်ပြီး ဘရောက်စာက အစိတ်အပိုင်း ၁ ခုကို Select လုပ်ကာ Lens နဲ့ ရှာဖွေနိုင်မှာပါ။ ဓါတ်ပုံတွေအပေါ် Right Click လုပ်တာကို ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေအတွက် အရမ်း အသုံးဝင်လာမှာပါ။

Ref : gizmochina