[Zawgyi]

ၿပီးခဲ့တဲ့ ဇြန္လ ၂ရက္ေန႔ (အေမရိကန္ေဒသစံေတာ္ခ်ိန္ 2:40 PM) အခ်ိန္တုန္းက Google Cloud ျပတ္ေတာက္ျခင္း ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါျဖစ္ရပ္ေၾကာင့္ Google Search, Gmail, Google Drive, Google apps တို႔အျပင္ YouTube, Snapchat အစရွိသည္တို႔ကိုလည္း အသုံးျပဳ၍မရျခင္းေတြ ျဖစ္ေပၚခဲ့ပါတယ္။

DownDetector.com ရဲ႕ ေဖာ္ျပခ်က္အရေတာ့ Google က ဝန္ေဆာင္မႈေပးထားတဲ့ apps ေတြအားလုံး အလုပ္မလုပ္ဘဲ ျဖစ္ခဲ့တယ္လို႔ ေတြ႕ရွိရပါတယ္။ ဒီျပႆနာဟာ အေမရိကန္ အေရွ႕ေျမာက္ပိုင္းျဖစ္တဲ့ တကၠဆက္၊ ကယ္လီဖိုးနီးယား ေတာင္ပိုင္းေတြမွာ ပိုၿပီး ဆိုးဆိုး႐ြား႐ြား ျဖစ္ေပၚခဲ့တယ္လို႔လည္း သိရပါတယ္။

အေမရိကန္ျပင္ပႏိုင္ငံေတြအျဖစ္ ယူေက၊ ဂ်ာမနီ၊ ၾသစႀတီးယား စတဲ့ႏိုင္ငံေတြမွာလည္း ျပတ္ေတာက္မႈျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီျဖစ္ရပ္ကို ႀကဳံေတြ႕ခဲ့ၾကရတဲ့ အသုံးျပဳသူေတြဟာ Google ကို တိုင္ၾကားမႈေတြျပဳလုပ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

Google က ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အေမရိကန္ အေရွ႕ပိုင္းမွာ ျမင့္မားတဲ့ ကြန္ရက္ပိတ္ဆို႔မႈနဲ႔ ႀကဳံေတြ႕ခဲ့ရေၾကာင္း၊ Google Cloud, G Suite နဲ႔ YouTube ေတြကို သက္ေရာက္ႏိုင္ေၾကာင္း၊ သုံးစြဲသူေတြအေနနဲ႔ အသုံးျပဳရ ေႏွးေကြးျခင္းေတြ၊ ဒါမွမဟုတ္ ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္တာမ်ိဳးေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

Google က အေသးစိတ္ထုတ္ျပန္ေၾကညာျခင္း မျပဳခဲ့ေပမယ့္ ေလ့လာသူမ်ားရဲ႕အဆိုအရ မိနစ္ပိုင္းအတြင္းမွာပဲ YouTube အသုံးျပဳသူေတြထဲက အနည္းဆုံး ႏွစ္ေသာင္းေလာက္က တိုင္ၾကားခဲ့ေၾကာင္း ေရးသားေဖာ္ျပထားပါတယ္။

Ref: Phone Arena

[Unicode]

Google ဝန်ဆောင်မှုပြတ်တောက်ခဲ့ပြီး Gmail, YouTube အစရှိသည်တို့လည်း အသုံးပြုမရခြင်းများ ဖြစ်ပေါ်ခဲ့

ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့ (အမေရိကန်ဒေသစံတော်ချိန် 2:40 PM) အချိန်တုန်းက Google Cloud ပြတ်တောက်ခြင်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် Google Search, Gmail, Google Drive, Google apps တို့အပြင် YouTube, Snapchat အစရှိသည်တို့ကိုလည်း အသုံးပြု၍မရခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

DownDetector.com ရဲ့ ဖော်ပြချက်အရတော့ Google က ဝန်ဆောင်မှုပေးထားတဲ့ apps တွေအားလုံး အလုပ်မလုပ်ဘဲ ဖြစ်ခဲ့တယ်လို့ တွေ့ရှိရပါတယ်။ ဒီပြဿနာဟာ အမေရိကန် အရှေ့မြောက်ပိုင်းဖြစ်တဲ့ တက္ကဆက်၊ ကယ်လီဖိုးနီးယား တောင်ပိုင်းတွေမှာ ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်ပြင်ပနိုင်ငံတွေအဖြစ် ယူကေ၊ ဂျာမနီ၊ သြစတြီးယား စတဲ့နိုင်ငံတွေမှာလည်း ပြတ်တောက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကို ကြုံတွေ့ခဲ့ကြရတဲ့ အသုံးပြုသူတွေဟာ Google ကို တိုင်ကြားမှုတွေပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Google က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန် အရှေ့ပိုင်းမှာ မြင့်မားတဲ့ ကွန်ရက်ပိတ်ဆို့မှုနဲ့ ကြုံတွေ့ခဲ့ရကြောင်း၊ Google Cloud, G Suite နဲ့ YouTube တွေကို သက်ရောက်နိုင်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ အသုံးပြုရ နှေးကွေးခြင်းတွေ၊ ဒါမှမဟုတ် ပြတ်တောင်းပြတ်တောင်း ဖြစ်တာမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Google က အသေးစိတ်ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေမယ့် လေ့လာသူများရဲ့အဆိုအရ မိနစ်ပိုင်းအတွင်းမှာပဲ YouTube အသုံးပြုသူတွေထဲက အနည်းဆုံး နှစ်သောင်းလောက်က တိုင်ကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။
Ref: Phone Arena