[Zawgyi]

Google က Fitbit ကို ၀ယ္ဖို႔ ေဆြးေႏြးေနတဲ့ သတင္းေတြ ၿပီးခဲ့တဲ့ ရက္ပိုင္းကထြက္ေပၚခဲ့ပါတယ္။ အခုေတာ့ Google က ေဒၚလာ ၂.၁ ဘီလီယမ္နဲ႔ ၀ယ္ယူလိုက္ၿပီလို႔ အတည္ျပဳလိုက္ပါတယ္။ ရွယ္ယာ ၁ ခုကို ၇.၃၅ ေဒၚလာနဲ႔ ၀ယ္ယူလိုက္တာပါ။ အဲဒီအတြက္ Google ကေန အလန္းစား စမတ္နာရီနဲ႔ စမတ္လက္ပတ္ေတြ ထြက္လာေတာ့မွာ ျဖစ္ပါတယ္။

စမတ္နာရီနဲ႔ စမတ္လက္ပတ္ နယ္ပယ္မွာ Fitbit ရဲ႕ ၿပိဳင္ဖက္ေတြက Apple , Samsung နဲ႔ Xiaomi တို႔ ျဖစ္ပါတယ္။ Google ရဲ႕ Devices & Services ဌာနက အႀကီးတန္း ဒုတိယ ဥကၠဌ ျဖစ္သူ Rick Osterloh က Fitbit ကို ၀ယ္ယူလိုက္တာဟာ Wear OS ကို ပိုၿပီး ရင္းႏွီးျမွပ္ႏွံဖို႔ အခြင့္အလမ္းရသြားတာ ျဖစ္ၿပီး Google ရဲ႕ Wearable Devices ေတြကို ေစ်းကြက္ထဲ ျဖန္႔ခ်ိေတာ့မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Fitbit ရဲ႕ စီအီးအိုနဲ႔ ပူးတြဲတည္ေထာင္သူ James Park က “ Google ဟာ ကြ်န္ေတာ္တို႔ ရည္မွန္းခ်က္အတြက္ လက္တြဲေဖာ္ေကာင္းျဖစ္ပါတယ္။ Google ရဲ႕ စြမ္းအင္ အရင္းအျမစ္ေတြနဲ႔ ကမာၻအ၀န္း ျဖန္႔က်က္ႏုိင္တာေတြေၾကာင့္ Fitbit ဟာ Wearable Devices နယ္ပယ္မွာ ပိုမို ထိုးေဖာက္ႏိုင္ေတာ့မွာ ျဖစ္ၿပီး လူတိုင္းရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ေပးႏိုင္ေတာ့မွာပါ။ အနာဂတ္အတြက္ အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ “ လို႔ ေျပာပါတယ္။

Google က Wearable Devices ေစ်းကြက္ကို ၀င္ေရာက္ဖို႔ အေတာ္ကို ႀကိဳးစားေနရပါတယ္။ အခုေတာ့ Fitbit ကို ၀ယ္လိုက္တဲ့အတြက္ အလားအလာ အရမ္းေကာင္းသြားပါၿပီ။ Fitbit ဟာ Wearable Devices နယ္ပယ္မွာ အရမ္းကို လွ်င္ျမန္စြာ တိုးတက္ေအာင္ျမင္ေနပါတယ္။

Ref : gizmochina

[Unicode]

Google က Fitbit ကို ဒေါ်လာ ၂.၁ ဘီလီယမ်နဲ့ ဝယ်ယူ

Google က Fitbit ကို ဝယ်ဖို့ ဆွေးနွေးနေတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းကထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ Google က ဒေါ်လာ ၂.၁ ဘီလီယမ်နဲ့ ဝယ်ယူလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။ ရှယ်ယာ ၁ ခုကို ၇.၃၅ ဒေါ်လာနဲ့ ဝယ်ယူလိုက်တာပါ။ အဲဒီအတွက် Google ကနေ အလန်းစား စမတ်နာရီနဲ့ စမတ်လက်ပတ်တွေ ထွက်လာတော့မှာ ဖြစ်ပါတယ်။

စမတ်နာရီနဲ့ စမတ်လက်ပတ် နယ်ပယ်မှာ Fitbit ရဲ့ ပြိုင်ဖက်တွေက Apple , Samsung နဲ့ Xiaomi တို့ ဖြစ်ပါတယ်။ Google ရဲ့ Devices & Services ဌာနက အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Rick Osterloh က Fitbit ကို ဝယ်ယူလိုက်တာဟာ Wear OS ကို ပိုပြီး ရင်းနှီးမြှပ်နှံဖို့ အခွင့်အလမ်းရသွားတာ ဖြစ်ပြီး Google ရဲ့ Wearable Devices တွေကို ဈေးကွက်ထဲ ဖြန့်ချိတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

Fitbit ရဲ့ စီအီးအိုနဲ့ ပူးတွဲတည်ထောင်သူ James Park က “ Google ဟာ ကျွန်တော်တို့ ရည်မှန်းချက်အတွက် လက်တွဲဖော်ကောင်းဖြစ်ပါတယ်။ Google ရဲ့ စွမ်းအင် အရင်းအမြစ်တွေနဲ့ ကမ္ဘာအဝန်း ဖြန့်ကျက်နိုင်တာတွေကြောင့် Fitbit ဟာ Wearable Devices နယ်ပယ်မှာ ပိုမို ထိုးဖောက်နိုင်တော့မှာ ဖြစ်ပြီး လူတိုင်းရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်တော့မှာပါ။ အနာဂတ်အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ “ လို့ ပြောပါတယ်။

Google က Wearable Devices ဈေးကွက်ကို ဝင်ရောက်ဖို့ အတော်ကို ကြိုးစားနေရပါတယ်။ အခုတော့ Fitbit ကို ဝယ်လိုက်တဲ့အတွက် အလားအလာ အရမ်းကောင်းသွားပါပြီ။ Fitbit ဟာ Wearable Devices နယ်ပယ်မှာ အရမ်းကို လျှင်မြန်စွာ တိုးတက်အောင်မြင်နေပါတယ်။

Ref : gizmochina