Unicode

Google ကနေ မနှစ်တုန်းက စတင်ပြီးတော့ Flagship Pixel Series ဖုန်းတွေအပြင် Pixel 3a နဲ့ Pixel 3a XL စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီးတော့ Mid Range စျေးကွက်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ အဆိုပါ Pixel 3a ဖုန်းတွေဟာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီးတော့ ကြည့်ရတာ Google ကနေ ဒီနှစ်မှာလည်း Pixel 4a ဖုန်းကို မိတ်ဆက်ဖို့က ကျိန်းသေသလောက်ကို ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ Google Pixel 4a ဖုန်းရဲ့ Render ပုံတွေထွက်ပေါ်လာခဲ့ဖူးပြီး ဒီနှစ်မှာတော့ Pixel 4a XL ကို ထုတ်တော့မှာမဟုတ်ဘဲ Pixel 4a တစ်မျိုးပဲ မိတ်ဆက်လာမှာဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့တာဖြစ်ပါတယ်။ ကြည့်ရတာ အခု သတင်းကမှန်ကန်တယ်လို့ ပြောနိုင်ပေမယ့် နောက်ထပ်သတင်းတစ်ခုက ထပ်ပြီး ထွက်ရှိလာပြီဖြစ်ပါတယ်။

ဒါကတော့ Google ကနေ ဒီနှစ်မှာ Mid Range Pixel ဖုန်း ၂ မျိုး ထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။ ဒီသတင်းကို XDA Developer ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဒီနှစ် Mid Range ဖုန်းတွေရဲ့ Codename အရ သိရှိခဲ့တာလည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Sunfish Codename နဲ့ Mid Range ဖုန်းတစ်လုံးကို အရင်တွေ့ရှိတာဖြစ်ပြီးတေ့ာ အဆိုပါဖုန်းဟာ sm7150 platform ကို အခြေခံထားမှာဖြစ်တဲ့အတွက် Qualcomm Snapdragon 730 Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒီဖုန်းကတော့ ယခင်တုန်းက သတင်းတွေထွက်ရှိခဲ့တဲ့ Google Pixel 4a ဖုန်းဖြစ်လာနိုင်ပါတယ်။

နောက်ထပ် Codename တစ်ခုကတော့ Redfin လို့ သိရပြီးတော့ Qualcomm Snapdragon 765 5G Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ဖြစ်နိုင်တာက Google ကနေ ဒီ ၂၀၂၀ ထဲမှာ 5G Support ပြုလုပ်တဲ့ Upper Mid Range Pixel ဖုန်းအသစ်ကိုပါ မိတ်ဆက်လာဖို့များနေပါတယ်။ အဆိုပါ စမတ်ဖုန်းကို Original Device Manufacturer တစ်ဦးဖြစ်တဲ့ FIH Mobile ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး အဆိုပါ ကုမ္ပဏီဟာ Foxconn ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့အတွက် တကယ်တရားဝင် မိတ်ဆက်လာနိုင်ပါတယ်။

နောက်ထပ် XDA ကနေ Bramble Codename နာမည်နဲ့ နောက်ထပ် Device တစ်လုံးကိုပါ တွေ့ရှိခဲ့ပြီးတော့ အဆိုပါ Device က Snapdragon 765 Platform ကို အသုံးပြုလာမှာဖြစ်ပေမယ့် တကယ့်ဖုန်းအစား Development Board တစ်ခုဖြစ်ဖို့ ပိုများနေပါတယ်။

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ Pixel 4a အပြင် 5G Support ပြုလုပ်တဲ့ Mid Range ဖုန်းအသစ်ကိုပါ မိတ်ဆက်လာမယ်ဆိုရင် ဒီနှစ် Pixel 5 Flagship ဖုန်းမှာလည်း 5G ပါဝင်လာဖို့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – Android Authority

Zawgyi

Google ကေန မႏွစ္တုန္းက စတင္ၿပီးေတာ့ Flagship Pixel Series ဖုန္းေတြအျပင္  Pixel 3a နဲ႔ Pixel 3a XL စမတ္ဖုန္းေတြကို ထုတ္လုပ္ၿပီးေတာ့ Mid Range ေစ်းကြက္ကို စတင္ဝင္ေရာက္ခဲ့ပါတယ္။ အဆိုပါ Pixel 3a ဖုန္းေတြဟာ ေအာင္ျမင္မႈအႀကီးအက်ယ္ရရွိခဲ့ၿပီးေတာ့ ၾကည့္ရတာ Google ကေန ဒီႏွစ္မွာလည္း Pixel 4a ဖုန္းကို မိတ္ဆက္ဖို႔က က်ိန္းေသသေလာက္ကို ျဖစ္ေနပါၿပီ။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကေတာ့ Google Pixel 4a ဖုန္းရဲ႕ Render ပုံေတြထြက္ေပၚလာခဲ့ဖူးၿပီး ဒီႏွစ္မွာေတာ့ Pixel 4a XL ကို ထုတ္ေတာ့မွာမဟုတ္ဘဲ Pixel 4a တစ္မ်ိဳးပဲ မိတ္ဆက္လာမွာျဖစ္တယ္ဆိုၿပီး သတင္းေတြထြက္ရွိခဲ့တာျဖစ္ပါတယ္။ ၾကည့္ရတာ အခု သတင္းကမွန္ကန္တယ္လို႔ ေျပာႏိုင္ေပမယ့္ ေနာက္ထပ္သတင္းတစ္ခုက ထပ္ၿပီး ထြက္႐ွိလာၿပီျဖစ္ပါတယ္။

ဒါကေတာ့ Google ကေန ဒီႏွစ္မွာ Mid Range Pixel ဖုန္း ၂ မ်ိဳး ထုတ္လုပ္သြားမွာပဲျဖစ္ပါတယ္။ ဒီသတင္းကို XDA Developer ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ ဒီႏွစ္ Mid Range ဖုန္းေတြရဲ႕ Codename အရ သိရွိခဲ့တာလည္းျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႔ Sunfish Codename နဲ႔ Mid Range ဖုန္းတစ္လုံးကို အရင္ေတြ႕ရွီတာျဖစ္ၿပီးေတ့ာ အဆိုပါဖုန္းဟာ sm7150 platform ကို အေျခခံထားမွာျဖစ္တဲ့အတြက္ Qualcomm Snapdragon 730 Processor ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒီဖုန္းကေတာ့ ယခင္တုန္းက သတင္းေတြထြက္ရွိခဲ့တဲ့ Google Pixel 4a ဖုန္းျဖစ္လာႏိုင္ပါတယ္။

ေနာက္ထပ္ Codename တစ္ခုကေတာ့ Redfin လို႔ သိရၿပီးေတာ့ Qualcomm Snapdragon 765 5G Chipset ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ျဖစ္ႏိုင္တာက Google ကေန ဒီ ၂၀၂၀ ထဲမွာ 5G Support ျပဳလုပ္တဲ့ Upper Mid Range Pixel ဖုန္းအသစ္ကိုပါ မိတ္ဆက္လာဖို႔မ်ားေနပါတယ္။ အဆိုပါ စမတ္ဖုန္းကို Original Device Manufacturer တစ္ဦးျဖစ္တဲ့ FIH Mobile ကေန ထုတ္လုပ္ထားတာျဖစ္ၿပီး အဆိုပါ ကုမၸဏီဟာ Foxconn ရဲ႕ ကုမၸဏီခြဲျဖစ္တဲ့အတြက္ တကယ္တရားဝင္ မိတ္ဆက္လာႏိုင္ပါတယ္။

ေနာက္ထပ္ XDA ကေန Bramble Codename နာမည္နဲ႔ ေနာက္ထပ္ Device တစ္လုံးကိုပါ ေတြ႕ရွိခဲ့ၿပီးေတာ့ အဆိုပါ Device က Snapdragon 765 Platform ကို အသုံးျပဳလာမွာျဖစ္ေပမယ့္ တကယ့္ဖုန္းအစား Development Board တစ္ခုျဖစ္ဖို႔ ပိုမ်ားေနပါတယ္။

ဘာပဲျဖစ္ျဖစ္ Google အေနနဲ႔ Pixel 4a အျပင္ 5G Support ျပဳလုပ္တဲ့ Mid Range ဖုန္းအသစ္ကိုပါ မိတ္ဆက္လာမယ္ဆိုရင္ ဒီႏွစ္ Pixel 5 Flagship ဖုန္းမွာလည္း 5G ပါဝင္လာဖို႔ ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။

Ref – Android Authority