Google က Gmail ရဲ့ Design အသစ်ကို မိတ်ဆက်လိုက်တာ မကြာသေးပါဘူး။ အခုတစ်ခေါက်မှာတော့ Google ရဲ့ Cloud Storage ဖြစ်တဲ့ Google Drive ကိုလည်း Design ပိုင်းမှာ Update လုပ်ပေးလိုက်ပါပြီ။

Google Drive ကို အခုလို Design ပြောင်းလဲပေးလိုက်တာက Gmail ရဲ့ Design ပိုင်းအပြောင်းအလဲနဲ့ ထပ်တူကျသွားပြီးဖြစ်ပါတယ်။ အမြင်ပိုင်းမှာတင်မဟုတ်ပဲ အသုံးပြုရတာလည်း ပိုပြီး အဆင်ပြေသွားပါတယ်။ ပိုပြီးသပ်ရပ်တဲ့ Design ဖြစ်သွားတာကြောင့် အမြင်ပိုင်းမှာရှင်းရှင်းလင်းလင်း ပိုရှိလာပါတယ်။

New ဆိုတဲ့ ခလုတ်လေးကလည်း Gmail မှာပါတဲ့ Compose ဆိုတဲ့ ခလုတ်လေးအတိုင်း ပြောင်းပေးထားတာကို တွေ့ရပါတယ်။ New ကနေတော့ အရင်ကလိုပဲ File Upload လုပ်တာ၊ Folder ဖန်တီးတာမျိုးတွေကို လုပ်လို့ရပါတယ်။ အမြင်ပိုင်းမှာတော့ သိသိသာသာပြောင်းသွားပေမယ့် Drive ရဲ့ Feature တွေကတော့ ပြောင်းလဲသွားတာမျိုးမရှိပါဘူး။

Google အနေနဲ့ Gmail ကနေစပြောင်းပေးလာတာ အခုဆိုရင် Google Drive ကိုရောက်လာတာပဲဖြစ်ပါတယ်။ အခုလို ကြီးမားတဲ့ Design ပြောင်းလဲမှုတွေကို Google ရဲ့ Service တော်တော်များများကို မကြာခင်မှာတွေ့ရတော့မှာပါ။ Web မှာ Google Service တွေကို အသုံးပြုနေရသူတွေအတွက်တော့ အခုလိုပြောင်းဘဲမှုလေးတွေက သဘောကျစရာပါ။ အခု Google Drive Design အပြောင်းအလဲက လူတိုင်းမှာတော့တွေ့ရဦးမှာမဟုတ်ပါဘူး။ နောက်ထပ် နှစ်ရက်ကနေ သုံးရက်လောက်အတွင်းမှာ အလိုအလျောက်ပြောင်းလဲသွားမှာဖြစ်လို့ အခုမပြောင်းသေးရင် စိတ်ရှည်ရှည်နဲ့ စောင့်တာကလွဲလို့ ဘာမှလုပ်လို့မရပါဘူး။