Google ရဲ့ Video Calling App တစ်ခုဖြစ်တဲ့ Google Duo ဟာ အခုနောက်ပိုင်း အိမ်ကနေ အလုပ်လုပ်ကိုင်သူများပြားလာတာနဲ့အတူ အသုံးပြုသူတွေပိုပြီး များပြားလာတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရဆိုရင် Google Duo ကို စတင် Register ပြုလုပ်သူပေါင်း ၁ ပတ်ကို ၁၀ သန်းကျော်ရှိနေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး Google Duo ကို အသုံးပြုသူများလာသလိုပဲ Google ကနေ အခုအချိန်မှာ အသုံးဝင်တဲ့ Feature Update တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကတော့ Google Duo ကနေ Group Video Call ခေါ်ဆိုမယ်ဆိုရင် လူ ၁၂ ယောက်အထိကို ခေါ်ဆိုခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Google Duo ဟာ Video Call Quality ကို သိသိသာသာမြှင့်တင်နိုင်ဖို့အတွက် AV1 Codec အသစ်ကို ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။ အဆိုပါ Codec အသစ်ကြောင့် Connection မကောင်းတဲ့အခြေအနေတွေမှာတောင် Video Call Quality ကျဆင်းသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ယခင်တုန်းက Google Duo ဟာ Group Video Call ကို လူ ၈ ယောက်အထိပဲ Support ပေးခဲ့တာဖြစ်ပြီး အခုလိုမျိုး ၁၂ ယောက်အပြင် နောက်ပိုင်းမှာထပ်တိုးပေးဖို့လည်း အစီအစဥ်ရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Messages တွေကိုလည်း ၂၄ နာရီထက်ပိုပြီး သိမ်းဆည်းထားနိုင်တော့မှာဖြစ်ပါတယ်။

Google Duo ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး Video Conferencing App တစ်ခုဖြစ်သလို ယခုလိုမျိုး Feature အသစ်တွေကြောင့် တကယ်လို့မသုံးရသေးဘူးဆိုရင် ပိုပြီး စမ်းသုံးကြည့်သင့်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။

Ref – Giz China