Google ကနေထုတ်လုပ်ထားတဲ့ Android OS ဟာလက်ရှိအချိန်မှာအသုံးပြုသူအများဆုံးသော Mobile OS တစ်ခုဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Laptop လိုမျိုးကွန်ပျူတာတွေအတွက်လည်း Chrome OS ကို ထုတ်လုပ်ထားပါသေးတယ်။

အဆိုပါ Google Chrome OS ကို အသုံးပြုထားတဲ့ Chromebook တွေက ကျောင်းသားတွေနဲ့တခြားသော Internet-based လုပ်ငန်းအသုံးပြုသူတွေအတွက်ကတော့ အောင်မြင်နေတာဖြစ်ပါတယ်။ အခုလည်း Google ကနေ Dual-touchscreen ပါဝင်တဲ့ Chromebook အသစ်ကိုစမ်းသပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာပါပြီ။

ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက ASUS ကနေ Dual-screen Laptop တွေဖြစ်တဲ့ ZenBook Pro Duo နဲ့ ZenBook Duo လိုမျိုး Laptop တွေအပြင် Gaming ပိုင်းမှာကလည်း Zephyrus Duo လိုမျိုး Laptop တွေမိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Microsoft ကိုယ်တိုင်ကလည်း Dual-screen Device တွေအတွက်ရည်ရွယ်တဲ့ Windows 10X ကိုပါ မိတ်ဆက်ဖို့ရှိနေသေးပါတယ်။

ဘာပဲဖြစ်ဖြစ် Google ကနေ ဒီလိုမျိုး Dual-touchscreen Chromebook ကိုစမ်းသပ်နေပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Pixelbook အသစ်တွေက Dual-touchscreen အနေနဲ့ထုတ်လာဖို့များနေပါတယ်။ လက်ရှိအချိန်မှာတော့ Google ကနေ ကိုယ်ပိုင် Chrome OS Device တွေအနေနဲ့ Pixelbook ၊ Pixel Slate နဲ့ Pixelbook Go တွေကို မိတ်ဆက်ထားပြီးဖြစ်နေပါတယ်။

အဆိုပါ Dual-screen Chromebook အသစ်ဟာ Codename အနေနဲ့ “Palkia” လို့ခေါ်ဆိုထားပြီး Touchscreen ၂ ခုအပြင် Trackpad လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကျိန်းသေတာကတော့ Tablet ပုံစံထက် သာမန် Laptop ပုံစံအနေနဲ့ပဲ မိတ်ဆက်လာဖို့များနေပါတယ်။

Ref – 9to5Google