Google ဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ်က Files App ကို Play Store မှာ စတင်ဖြန့်ချိခဲ့ပြီး စွမ်းဆောင်ရည်နိမ့် Device တွေအတွက် Go App လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းထဲက မလိုလားအပ်တဲ့ ဖိုင်တွေကို ရှင်းလင်းပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး အခုတော့ Google Files ကို Play Store မှာ Download ပြုလုပ်မှု သန်း ၅၀၀ ပြည့်သွားပြီဖြစ်ပါတယ်။

Files မှာ အခြေခံ ဖိုင် ဘရောက်စာ ပါပေမယ့် ဒါဟာ App ရဲ့ ပင်မ စွမ်းရည် မဟုတ်ပါဘူး။ App က Storage သက်သာစေဖို့ မလိုလားအပ်တဲ့ ဖိုင်အဟောင်းတွေနဲ့ ကော်ပီပွားနေတဲ့ ဖိုင်တွေကို ရှာဖွေရှင်းလင်းပေးပြီး အင်တာနက် မလိုဘဲ Device တွေကြားမှာ ဖိုင်တွေမျှဝေပေးပါတယ်။ အဲဒီ App ကို လူတွေ တော်တော် နှစ်သက်ကြတဲ့အတွက် အခုလို Download ပမာဏရလာတာ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးနိုင်တဲ့ App များစွာ ရှိပေမယ့် ကြော်ငြာတွေနဲ့ သံသယ ဖြစ်စရာကောင်းတဲ့ Permissions တွေ ပါလာကြပါတယ်။

အခုဆိုရင် Google Files ကို Download ပြုလုပ်မှု အရေအတွက် သန်း ၅၀၀ ပြည့်ပြီ ဖြစ်တဲ့အတွက် Google Calculator , Keep နဲ့ SwiftKey တို့ကို ရင်ဘောင်တန်းလိုက်နိုင်ပါပြီ။ Google Files ကို စမ်းသပ် အသုံးပြုချင်ရင် ဒီလင့်  ကနေ ရယူနိုင်သလို Play Store မရှိသူတွေအတွက် APK Mirror ကနေ ရယူနိုင်ပါတယ်။

Ref : androidpolice