[Zawgyi]

ျပင္သစ္ႏိုင္ငံရဲ႕ အခ်က္အလက္ ကာကြယ္ေစာင့္ၾကည့္ေရးအဖြဲ႕ (CNIL) ကေတာ့ Google ကို အခ်က္အလက္မ်ား ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒ (General Data Protection Regulation – GDPR) ကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ ယူ႐ို သန္း ၅၀ ဒဏ္ေငြခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ Google ရဲ႕ ေပးေဆာင္ရမယ့္ ဒဏ္ေၾကးေငြဟာ (အေမရိကန္ ေဒၚလာ ၅၆.၈ သန္းဝန္းက်င္) ျဖစ္ပါတယ္။

Google ဟာ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို အသုံးခ်ရာမွာ ရွင္းလင္းလြယ္ကူတဲ့ ေဖာ္ျပခ်က္ေတြအသုံးမျပဳဘဲ၊ နားလည္မလြယ္တဲ့၊ ရႈပ္ေထြးတဲ့ နည္းလမ္းကို အသုံးျပဳထားတာေၾကာင့္ အခုလို ဒဏ္ေငြခ်မွတ္ခဲ့ရတာျဖစ္တယ္လို႔ CNIL က ဆိုပါတယ္။ တစ္နည္းအားျဖင့္ အသုံးျပဳသူေတြကို မမွန္ကန္တဲ့ နည္းလမ္းနဲ႔ ဆက္ဆံတယ္လို႔ သတ္မွတ္ႏိုင္တာလည္း ျဖစ္ပါတယ္။

အခ်က္အလက္ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒအရ အခုလိုမ်ိဳး ေပါက္ၾကားမႈအတြက္ ဥပေဒခ်ိဳးေဖာက္တဲ့ကုမၸဏီတစ္ႏွစ္ဝင္ေငြရဲ႕ ၄ ရာခိုင္ႏႈန္း၊ ဒါမွမဟုတ္ ယူ႐ို သန္း ၂၀ ကို ဒဏ္ေၾကးအျဖစ္ ခ်မွတ္ႏိုင္တယ္လို႔ ျပဌာန္းထားပါတယ္။ Google ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ တတိယသံုးလပတ္အထိ 3Q ကာလအတြင္းမွာတင္ ဝင္ေငြ ၃၃.၇၄ ဘီလီယံရွိခဲ့တာ ျဖစ္ပါတယ္။

ဒီဥပေဒျပဌာန္းခ်က္ေတြဟာ ၿပီးခဲ့တဲ ၂၀၁၈ ခုႏွစ္ ေမလကတည္းက စတင္အသက္ဝင္ခဲ့တာျဖစ္ၿပီး အဓိကအားျဖင့္ အသုံးျပဳသူေတြရဲ႕ အခြင့္အေရးနဲ႔ အခ်က္အလက္ေတြကို ပိုမိုတင္းက်ပ္စြာ ကာကြယ္ေပးထားတာပဲ ျဖစ္ပါတယ္။ အသုံးျပဳသူေတြက နားမလည္ဘဲျဖစ္ျဖစ္၊ နားလည္ၿပီးေတာ့ပဲျဖစ္ျဖစ္ လက္ခံခဲ့ရင္ေတာင္ GDPR ရဲ႕ စံႏႈန္းနဲ႔ မကိုက္ညီရင္ အခုလို ဒဏ္မ်ိဳး ခ်မွတ္ႏိုင္တယ္လို႔လည္း သိရပါတယ္။ Google အေနနဲ႔ အဆိုပါဒဏ္ေငြကို မေပးေဆာင္မီ အယူခံဝင္ႏိုင္ေသးတယ္လို႔လည္း သိရပါတယ္။

Ref: The Verge

[Unicode]

Googel ကို ယူရို သန်း ၅၀ ဒဏ်ရိုက်လိုက်တဲ့ ပြင်သစ်အချက်အလက် ကာကွယ်စောင့်ကြည့်ရေးအဖွဲ့

ပြင်သစ်နိုင်ငံရဲ့ အချက်အလက် ကာကွယ်စောင့်ကြည့်ရေးအဖွဲ့ (CNIL) ကတော့ Google ကို အချက်အလက်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ (General Data Protection Regulation – GDPR) ကို ချိုးဖောက်ခဲ့တဲ့အတွက် ယူရို သန်း ၅၀ ဒဏ်ငွေချမှတ်ခဲ့တယ်လို့ သိရပါတယ်။ Google ရဲ့ ပေးဆောင်ရမယ့် ဒဏ်ကြေးငွေဟာ (အမေရိကန် ဒေါ်လာ ၅၆.၈ သန်းဝန်းကျင်) ဖြစ်ပါတယ်။

Google ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အသုံးချရာမှာ ရှင်းလင်းလွယ်ကူတဲ့ ဖော်ပြချက်တွေအသုံးမပြုဘဲ၊ နားလည်မလွယ်တဲ့၊ ရှုပ်ထွေးတဲ့ နည်းလမ်းကို အသုံးပြုထားတာကြောင့် အခုလို ဒဏ်ငွေချမှတ်ခဲ့ရတာဖြစ်တယ်လို့ CNIL က ဆိုပါတယ်။ တစ်နည်းအားဖြင့် အသုံးပြုသူတွေကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ ဆက်ဆံတယ်လို့ သတ်မှတ်နိုင်တာလည်း ဖြစ်ပါတယ်။

အချက်အလက်ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အခုလိုမျိုး ပေါက်ကြားမှုအတွက် ဥပဒေချိုးဖောက်တဲ့ကုမ္ပဏီတစ်နှစ်ဝင်ငွေရဲ့ ၄ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ယူရို သန်း ၂၀ ကို ဒဏ်ကြေးအဖြစ် ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ Google ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အထိ 3Q ကာလအတွင်းမှာတင် ဝင်ငွေ ၃၃.၇၄ ဘီလီယံရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေပြဌာန်းချက်တွေဟာ ပြီးခဲ့တဲ ၂၀၁၈ ခုနှစ် မေလကတည်းက စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး အဓိကအားဖြင့် အသုံးပြုသူတွေရဲ့ အခွင့်အရေးနဲ့ အချက်အလက်တွေကို ပိုမိုတင်းကျပ်စွာ ကာကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေက နားမလည်ဘဲဖြစ်ဖြစ်၊ နားလည်ပြီးတော့ပဲဖြစ်ဖြစ် လက်ခံခဲ့ရင်တောင် GDPR ရဲ့ စံနှုန်းနဲ့ မကိုက်ညီရင် အခုလို ဒဏ်မျိုး ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။ Google အနေနဲ့ အဆိုပါဒဏ်ငွေကို မပေးဆောင်မီ အယူခံဝင်နိုင်သေးတယ်လို့လည်း သိရပါတယ်။

Ref: The Verge