ဒီနှစ် အစောပိုင်းမှာ Android ရဲ့ Google Fit Application မှာ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို တိုင်းတာပေးတဲ့လုပ်ဆောင်ချက် ပါလာပါတယ်။ အခုတော့ အဲဒီလုပ်ဆောင်ချက်တွေကို iOS မှာ ထည့်သွင်းပေးလိုက်ပါတယ်။

Google Fit Heart Rate Monitoring for iOS

iPhone တွေရဲ့ iOS အတွက် Google Fit Application ဟာ User ရဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို တွက်ချက်ပေးနိုင်ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ အင်တာနက် ဆက်သွယ်မှု မရှိရင်တောင် အဲဒီတွက်ချက်မှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

Google Fit Heart Rate, Respiratory Rate Measurement Features Rolling Out  for Pixel Phone Users: How to Use | Technology News

အဲဒီ လုပ်ဆောင်ချက်အတွက် ကင်မရာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ User က လက်ချောင်းကို အနောက်ဘက်က ကင်မရာ အပေါ်တင်ထားရမှာ ဖြစ်ပြီး Google Fit က ဆန်ဆာကို ဝင်လာတဲ့ အလင်းရောင်ကနေ နှလုံးခုန်နှုန်းကို တွက်ချက်တာ ဖြစ်ပါတယ်။

Google Fit က ရလဒ်ကို ပြသပေးတဲ့အခါမှာ User က အဲဒီ ဒေတာတွေကို သိမ်းဆည်းနိုင်ပါတယ်။ Google က အဲဒီ လုပ်ဆောင်ချက်ရဲ့ တိကျမှုကို Algorithm က ဆုံးဖြတ်ပေးတာလို့ ပြောပါတယ်။

အဲဒီ လုပ်ဆောင်ချက်ကို ဒီနှစ် ဖေဖော်ဝါရီလမှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့် Pixel စမတ်ဖုန်းတွေမှာပဲ အသုံးပြုလို့ရခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြား Android စမတ်ဖုန်းတွေအတွက် Google က ဖြန့်ချိပေးခဲ့ပြီး အခုတော့ iOS Device တွေမှာ အသုံးပြုလို့ရလာပြီ ဖြစ်ပါတယ်။

Ref : gizmochina