Zawgyi

တကယ္လို႔သင္ဟာ ဗီဒီယုိဂိမ္းေတြကို စြဲစြဲလမ္းလမ္း ေဆာ့ကစားသူတစ္ဦးဆုိရင္ တစ္ခ်ိန္ခ်ိန္မွာေတာ့ ကိုယ္ပိုင္ဂိမ္းတစ္ခုအတြက္ အုိင္ဒီယာရခဲ့ဖူးမွာပါ။ ဒါေပမယ့္ လက္ေတြ႕မွာ ဒီအုိင္ဒီယာကို အသက္သြင္းဖို႔ဆုိတာ Coding ေရးတတ္ဖို႔၊ ဒီဇုိင္းဆြဲတတ္ဖို႔ စတဲ့ အဆင့္ေတြ အမ်ားႀကီးရွိေနပါတယ္။

ဒီျပႆနာအတြက္ ယခုအခါ အေျဖအျဖစ္ Prototype ေဆာ့ဖ္ဝဲတစ္ခုအား Google မွထုတ္လုပ္လာကာ Google Game Builder သို႔မဟုတ္ Game Builder လို႔ရွာေဖြႏုိင္ပါတယ္။ Game Builder ဟာ လူၾကိဳက္မ်ား အြန္လိုင္းဂိမ္းပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Steam မွာလည္း အခမဲ့စမ္းသပ္အသုံးျပဳႏုိင္ေနပါၿပီ။

သူ႕ကိုေတာ့ Google ရဲ႕စမ္းသပ္မႈသုေတသနဌာနခြဲ Area 120 ကေန ဖန္တီးခဲ့တာျဖစ္ၿပီး Coding ေရးတတ္စရာမလုိ၊ ဒီဇုိင္းဆြဲတတ္စရာမလိုဘဲနဲ႔ ဗီဒီယုိဂိမ္းတစ္ခုကို အစအဆုံးဖန္တီးႏုိင္ေအာင္ ျပဳလုပ္ထားပါတယ္။ သုံးစြဲသူေတြက မိမိႏွစ္သက္ရာ Element ေတြကို ဆြဲထည့္ (Drag-and-drop) ျပဳလုပ္ျခင္းျဖင့္ ဂိမ္းတစ္ခုကို တည္ေဆာက္ရမွာျဖစ္ၿပီး ‘Minecraft’ ဂိမ္းထဲမွာ ကိုယ္အလိုရွိရာေတြကို တည္ေဆာက္တာနဲ႔ ဆင္တူပါတယ္။

Google Game Builder ဟာ မည္သူမဆုိ အသုံးျပဳႏုိင္ေလာက္ေအာင္ လြယ္ကူစြာ တည္ေဆာက္ထားရုံမက ဂိမ္းတစ္ခုကို သူငယ္ခ်င္းေတြ၊ သူစိမ္းေတြနဲ႔ပါ ပူးေပါင္းတည္ေဆာက္ႏုိင္ခြင့္လည္း ေပးထားတယ္။ ကိုယ့္ရဲ႕ဂိမ္းကို ကိုယ္ျပန္ေဆာ့ႏုိင္သလို၊ သူမ်ားေတြကိုလည္း ေပးေဆာ့ႏုိင္ပါတယ္။ ေဆာ့ေနရင္း နဲ႔လည္း ဆက္ၿပီးတည္ေဆာက္ေနလို႔ရတယ္။

တကယ္လို႔ သင္က Game Developer တစ္ေယာက္ဆုိရင္လည္း Game Builder ထဲမွာ Java Editor တစ္ခု ပါဝင္တာေၾကာင့္ ဒီပလက္ေဖာင္းဟာ ပရုိဂိမ္းဖန္တီးရွင္ေတြအတြက္ပါ အသုံးတည့္ေစမွာျဖစ္ပါတယ္။ Google Game Builder ကိုလက္ရွိမွာ Steam ကေန အခမဲ့ Download ဆြဲယူသုံးစြဲႏုိင္ၿပီး Windows နဲ႔ MacOS ႏွစ္မ်ဳိးလုံးမွာ ရရွိေနပါၿပီ။

Ref – Android Authority

Unicode

တကယ်လို့သင်ဟာ ဗီဒီယိုဂိမ်းတွေကို စွဲစွဲလမ်းလမ်း ဆော့ကစားသူတစ်ဦးဆိုရင် တစ်ချိန်ချိန်မှာတော့ ကိုယ်ပိုင်ဂိမ်းတစ်ခုအတွက် အိုင်ဒီယာရခဲ့ဖူးမှာပါ။ ဒါပေမယ့် လက်တွေ့မှာ ဒီအိုင်ဒီယာကို အသက်သွင်းဖို့ဆိုတာ Coding ရေးတတ်ဖို့၊ ဒီဇိုင်းဆွဲတတ်ဖို့ စတဲ့ အဆင့်တွေ အများကြီးရှိနေပါတယ်။

ဒီပြဿနာအတွက် ယခုအခါ အဖြေအဖြစ် Prototype ဆော့ဖ်ဝဲတစ်ခုအား Google မှထုတ်လုပ်လာကာ Google Game Builder သို့မဟုတ် Game Builder လို့ရှာဖွေနိုင်ပါတယ်။ Game Builder ဟာ လူကြိုက်များ အွန်လိုင်းဂိမ်းပလက်ဖောင်းတစ်ခုဖြစ်တဲ့ Steam မှာလည်း အခမဲ့စမ်းသပ်အသုံးပြုနိုင်နေပါပြီ။

သူ့ကိုတော့ Google ရဲ့စမ်းသပ်မှုသုတေသနဌာနခွဲ Area 120 ကနေ ဖန်တီးခဲ့တာဖြစ်ပြီး Coding ရေးတတ်စရာမလို၊ ဒီဇိုင်းဆွဲတတ်စရာမလိုဘဲနဲ့ ဗီဒီယိုဂိမ်းတစ်ခုကို အစအဆုံးဖန်တီးနိုင်အောင် ပြုလုပ်ထားပါတယ်။ သုံးစွဲသူတွေက မိမိနှစ်သက်ရာ Element တွေကို ဆွဲထည့် (Drag-and-drop) ပြုလုပ်ခြင်းဖြင့် ဂိမ်းတစ်ခုကို တည်ဆောက်ရမှာဖြစ်ပြီး ‘Minecraft’ ဂိမ်းထဲမှာ ကိုယ်အလိုရှိရာတွေကို တည်ဆောက်တာနဲ့ ဆင်တူပါတယ်။

Google Game Builder ဟာ မည်သူမဆို အသုံးပြုနိုင်လောက်အောင် လွယ်ကူစွာ တည်ဆောက်ထားရုံမက ဂိမ်းတစ်ခုကို သူငယ်ချင်းတွေ၊ သူစိမ်းတွေနဲ့ပါ ပူးပေါင်းတည်ဆောက်နိုင်ခွင့်လည်း ပေးထားတယ်။ ကိုယ့်ရဲ့ဂိမ်းကို ကိုယ်ပြန်ဆော့နိုင်သလို၊ သူများတွေကိုလည်း ပေးဆော့နိုင်ပါတယ်။ ဆော့နေရင်း နဲ့လည်း ဆက်ပြီးတည်ဆောက်နေလို့ရတယ်။

တကယ်လို့ သင်က Game Developer တစ်ယောက်ဆိုရင်လည်း Game Builder ထဲမှာ Java Editor တစ်ခု ပါဝင်တာကြောင့် ဒီပလက်ဖောင်းဟာ ပရိုဂိမ်းဖန်တီးရှင်တွေအတွက်ပါ အသုံးတည့်စေမှာဖြစ်ပါတယ်။ Google Game Builder ကိုလက်ရှိမှာ Steam ကနေ အခမဲ့ Download ဆွဲယူသုံးစွဲနိုင်ပြီး Windows နဲ့ MacOS နှစ်မျိုးလုံးမှာ ရရှိနေပါပြီ။

Ref – Android Authority