[Zawgyi]

Google ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ လကုန္ပိုင္းေလာက္တုန္းက မတ္လ ၁၉ ရက္ေန႔မွာ က်င္းပမယ့္ Game Developers Conference (GDC) အတြက္ ဖိတ္စာကို မီဒီယာေတြဆီ ပို႔ခဲ့ပါတယ္။ ဖိတ္စာအရ GDC မွာ Google က သူ႔ရဲ႕ Gaming product အခ်ိဳ႕ကို ေၾကညာသြားဖြယ္ရွိတယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။

အခုအခ်ိန္မွာေတာ့ Google က Gaming Product နဲ႔ ပတ္သက္တယ္လို႔ ယူဆရတဲ့ Teaser ကို ထုတ္လႊတ္လိုက္တာေၾကာင့္ ခန႔္မွန္းထားမႈေတြက ပိုၿပီးခိုင္မာလာၿပီ ျဖစ္ပါတယ္။ Teaser က လာမယ့္တစ္ပတ္မွာ က်င္းပမယ့္ GDC မွာ Google က ျပသဖြယ္ရွိတဲ့ ထုတ္ကုန္ဟာ Software မဟုတ္ဘဲ Physical hardware ျဖစ္တယ္ဆိုတဲ့အေၾကာင္းကို ျပသေနတယ္လို႔ ယူဆရပါတယ္။

Google ဟာ Gaming Product ႏွစ္ခုကို တစ္ခ်ိန္တည္းမွာပဲ ထုတ္လုပ္ဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့ သတင္းကလည္း ၂၀၁၉ ႏွစ္ဦးပိုင္းကတည္းက ထြက္ေပၚခဲ့ၿပီး ျဖစ္ပါတယ္။ ဒီထဲက တစ္ခုဟာ Project Stream ျဖစ္ၿပီး အျခားတစ္ခုကေတာ့ Project Yeti ျဖစ္ပါတယ္။ Google ဟာ Profect Stream အတြက္ ဂိမ္းကစားသူအခ်ိဳ႕ကို ေ႐ြးခ်ယ္ၿပီး စမ္းသပ္မႈ ျပဳလုပ္ထားခဲ့ဖူးပါတယ္။

သဲလြန္စေတြ အားလုံးကို စုေပါင္းဆက္စပ္ၾကည့္ရင္ေတာ့ Google ဟာ လာမယ့္ GDC မွာ အဆိုပါ Project Stream နဲ႔ Project Yeti တို႔ဟာ ဘာလဲဆိုတာကို ထုတ္ေဖာ္ျပသြားလိမ့္မယ္လို႔ ယူဆရပါတယ္။ Google အေနနဲ႔ Online Game Streaming Service ကို ေၾကညာတာမ်ိဳးေရာ မျဖစ္ႏိုင္ဘူးလားလို႔ ေမးခြန္းထုတ္စရာ ရွိေပမယ့္ Android Authority ကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ျငင္းဆိုထားပါတယ္။ ဒါေၾကာင့္ ဒီပေဟဠိကို အေျဖညႇိႏိုင္ဖို႔ GDC ကိုပဲ ေစာင့္ေမွ်ာ္ၾကရမွာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Google ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်တုန်းက မတ်လ ၁၉ ရက်နေ့မှာ ကျင်းပမယ့် Game Developers Conference (GDC) အတွက် ဖိတ်စာကို မီဒီယာတွေဆီ ပို့ခဲ့ပါတယ်။ ဖိတ်စာအရ GDC မှာ Google က သူ့ရဲ့ Gaming product အချို့ကို ကြေညာသွားဖွယ်ရှိတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ Google က Gaming Product နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ Teaser ကို ထုတ်လွှတ်လိုက်တာကြောင့် ခန့်မှန်းထားမှုတွေက ပိုပြီးခိုင်မာလာပြီ ဖြစ်ပါတယ်။ Teaser က လာမယ့်တစ်ပတ်မှာ ကျင်းပမယ့် GDC မှာ Google က ပြသဖွယ်ရှိတဲ့ ထုတ်ကုန်ဟာ Software မဟုတ်ဘဲ Physical hardware ဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြသနေတယ်လို့ ယူဆရပါတယ်။

Google ဟာ Gaming Product နှစ်ခုကို တစ်ချိန်တည်းမှာပဲ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကလည်း ၂၀၁၉ နှစ်ဦးပိုင်းကတည်းက ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီထဲက တစ်ခုဟာ Project Stream ဖြစ်ပြီး အခြားတစ်ခုကတော့ Project Yeti ဖြစ်ပါတယ်။ Google ဟာ Profect Stream အတွက် ဂိမ်းကစားသူအချို့ကို ရွေးချယ်ပြီး စမ်းသပ်မှု ပြုလုပ်ထားခဲ့ဖူးပါတယ်။

သဲလွန်စတွေ အားလုံးကို စုပေါင်းဆက်စပ်ကြည့်ရင်တော့ Google ဟာ လာမယ့် GDC မှာ အဆိုပါ Project Stream နဲ့ Project Yeti တို့ဟာ ဘာလဲဆိုတာကို ထုတ်ဖော်ပြသွားလိမ့်မယ်လို့ ယူဆရပါတယ်။ Google အနေနဲ့ Online Game Streaming Service ကို ကြေညာတာမျိုးရော မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိပေမယ့် Android Authority ကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါကြောင့် ဒီပဟေဠိကို အဖြေညှိနိုင်ဖို့ GDC ကိုပဲ စောင့်မျှော်ကြရမှာ ဖြစ်ပါတယ်။

Ref: Android Authority