Google ဟာ လက်ရှိကိုရိုနာဗိုင်းရပ်စ် (COVID-19) ပြန့်နှံ့မှုတွေဖြစ်ပွားနေတဲ့အတွက် ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ အခုအချိန်မှာလည်း ဒီလိုမျိုး အိမ်ကနေ အလုပ်လုပ်နေကြတဲ့အတွက် Chrome နဲ့ Chrome OS တွေကို Update ထုတ်ပေးဖို့ကို ခတ္တရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အခုလိုမျိုး ခတ္တရပ်ဆိုင်းလိုက်ရတာကလည်း လောလောဆယ်မှာ အလုပ်ချိန်အပြောင်းအလဲတွေရှိနေတဲ့အတွက် Update တွေကို အလောတကြီးလုပ်မယ့်အစား ပိုပြီး Stable ဖြစ်သလို လုံခြုံရေးကိုလည်း အဓိကထားတဲ့အနေနဲ့ လက်ရှိ Version တွေကိုပဲ Security ပိုင်းအဓိကထားပြီး Update ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာတစ်ခုက Google အနေနဲ့ အခုအတိုင်း Chrome OS နဲ့ Chrome Update တွေကိုဆက်လက်ထုတ်ပေးသွားမယ်ဆိုရင် Bugs တွေနဲ့ တခြားသောအခက်အခဲတွေပေါ်ပေါက်လာနိုင်တဲ့ပုံစံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ကြေညာချက်ထုတ်ပြန်လိုက်တာက Google အနေနဲ့ Chrome OS နဲ့ Chrome အတွက် လူတွေအားစိုက်ထုတ်ဖို့က အရေးကြီးတယ်ဆိုတာကို ဝန်ခံလိုက်တာလည်းဖြစ်နိုင်ပါတယ်။

Google လိုမျိုးပဲ တခြားသော Tech ကုမ္ပဏီတွေဖြစ်တဲ့ Twitter ၊ Apple ၊ Microsoft လိုမျိုး ကုမ္ပဏီတွေကလည်း အခုအချိန်မှာ လုပ်ငန်းခွင်ဝင်စရာမလိုဘဲ အိမ်ကနေပဲ အလုပ်လုပ်ကိုင်ဖို့ အသီးသီးညွှန်ကြားထားတာလည်းဖြစ်ပါတယ်။

Ref – The Verge