Zawgyi

Google ကေန Pixel 4 စမတ္ဖုန္းေတြမွာ Google Assistant အသစ္ကို ထည့္သြင္းေပးလာတဲ့အျပင္ Assistant ကို ခိုင္းေစတဲ့အခ်ိန္မွာလည္း “Hey Google” ဆိုၿပီး ေမးခြန္းတစ္ခုၿပီးတိုင္း ဆက္တိုက္ေျပာေနစရာမလိုေတာ့ေအာင္ Update ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ က်န္တဲ့ အေစာပိုင္းတုန္းက ထြက္ရွိထားတဲ့ Pixel စမတ္ဖုန္းေတြလည္း အလားတူ Feature Update ကို ရရွိလာေတာ့မွာပါ။

အခု Pixel ဖုန္းေတြမွာရရွိလာမယ့္ Assistant Feature အသစ္ကေတာ့ Continued Conversation Feature ပဲျဖစ္ပါတယ္။ အဆိုပါ Feature ဟာ လက္ရွိအခ်ိန္မွာ Google Assistant အသုံးျပဳႏိုင္တဲ့ Smart Speaker ေတြမွာရရွိၿပီးသား Feature တစ္ခုျဖစ္ၿပီးေတာ့ ပထမဆုံးအေနနဲ႔ Pixel ဖုန္းေတြမွာ ရရွိလာေတာ့မွာျဖစ္ပါတယ္။ Android Police ရဲ႕ ေျပာၾကားခ်က္အရေတာ့ Google ကေန A/B Test ေတြကို စတင္ေနၿပီလို႔ သိရပါတယ္။

တခ်ိဳ႕ေသာ Pixel စမတ္ဖုန္းေတြမွာ Google – Assistant Setting ရဲ႕ Device ေအာက္မွာလည္း Continued Conversion ကို Support ျပဳလုပ္တဲ့ Smart Speaker ေတြအျပင္ Phone ဆိုတဲ့ Option တစ္ခုကိုပါ ေတြ႕လာရပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာေတာ့ အလုပ္လုပ္ျခင္းမရွိေသးဘူးလို႔လည္း သိရပါတယ္။ Continued Conversation Feature ကို ရလာေတာ့မယ္ဆိုေပမယ့္ Pixel 4 ရဲ႕ New Assistant Feature ကိုေတာ့ တျခား Pixel ဖုန္းေတြမွာ ရလာႏိုင္မလားဆိုတာကိုေတာ့ မသိရေသးပါဘူး။

ဒီလိုမ်ိဳး Continued Conversation Feature ကို ရရွိလာမယ္ဆိုရင္ Assistant ကို ေမးခြန္းေတြေမးမယ္ဆိုရင္ ေမးခြန္းတစ္ခုေမးၿပီးတိုင္း “Hey Google” လို Keyword ကို ထပ္ၿပီး ေျပာေနစရာမလိုေတာ့ပါဘူး၊ ဥပမာ ေျပာရမယ္ဆိုရင္ “Hey Google, What’s the Weather Today?” လို႔ ေမးၿပီးရင္ “Hey Google” ထပ္ေျပာေနစရာမလိုဘဲ “What About Tomorrow?” ဆိုၿပီး ေျပာလိုက္႐ုံပါပဲ။ ဒါက Assistant ကို အသုံးျပဳတဲ့ေနရာမွာ သိသိသာသာကိုပိုၿပီး ျမန္ဆန္လာေစမွာျဖစ္ပါတယ္။

Ref – Phone Arena

Unicode

Google ကနေ Pixel 4 စမတ်ဖုန်းတွေမှာ Google Assistant အသစ်ကို ထည့်သွင်းပေးလာတဲ့အပြင် Assistant ကို ခိုင်းစေတဲ့အချိန်မှာလည်း “Hey Google” ဆိုပြီး မေးခွန်းတစ်ခုပြီးတိုင်း ဆက်တိုက်ပြောနေစရာမလိုတော့အောင် Update ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျန်တဲ့ အစောပိုင်းတုန်းက ထွက်ရှိထားတဲ့ Pixel စမတ်ဖုန်းတွေလည်း အလားတူ Feature Update ကို ရရှိလာတော့မှာပါ။

အခု Pixel ဖုန်းတွေမှာရရှိလာမယ့် Assistant Feature အသစ်ကတော့ Continued Conversation Feature ပဲဖြစ်ပါတယ်။ အဆိုပါ Feature ဟာ လက်ရှိအချိန်မှာ Google Assistant အသုံးပြုနိုင်တဲ့ Smart Speaker တွေမှာရရှိပြီးသား Feature တစ်ခုဖြစ်ပြီးတော့ ပထမဆုံးအနေနဲ့ Pixel ဖုန်းတွေမှာ ရရှိလာတော့မှာဖြစ်ပါတယ်။ Android Police ရဲ့ ပြောကြားချက်အရတော့ Google ကနေ A/B Test တွေကို စတင်နေပြီလို့ သိရပါတယ်။

တချို့သော Pixel စမတ်ဖုန်းတွေမှာ Google – Assistant Setting ရဲ့ Device အောက်မှာလည်း Continued Conversion ကို Support ပြုလုပ်တဲ့ Smart Speaker တွေအပြင် Phone ဆိုတဲ့ Option တစ်ခုကိုပါ တွေ့လာရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အလုပ်လုပ်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။ Continued Conversation Feature ကို ရလာတော့မယ်ဆိုပေမယ့် Pixel 4 ရဲ့ New Assistant Feature ကိုတော့ တခြား Pixel ဖုန်းတွေမှာ ရလာနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီလိုမျိုး Continued Conversation Feature ကို ရရှိလာမယ်ဆိုရင် Assistant ကို မေးခွန်းတွေမေးမယ်ဆိုရင် မေးခွန်းတစ်ခုမေးပြီးတိုင်း “Hey Google” လို Keyword ကို ထပ်ပြီး ပြောနေစရာမလိုတော့ပါဘူး၊ ဥပမာ ပြောရမယ်ဆိုရင် “Hey Google, What’s the Weather Today?” လို့ မေးပြီးရင် “Hey Google” ထပ်ပြောနေစရာမလိုဘဲ “What About Tomorrow?” ဆိုပြီး ပြောလိုက်ရုံပါပဲ။ ဒါက Assistant ကို အသုံးပြုတဲ့နေရာမှာ သိသိသာသာကိုပိုပြီး မြန်ဆန်လာစေမှာဖြစ်ပါတယ်။

Ref – Phone Arena