[Zawgyi]






Ref: GSMArena

[Unicode]

Wearables ဌာနအတွက် ဒုတိယဥက္ကဋ္ဌ တစ်ဦးနဲ့ ဒီဇိုင်းမန်နေဂျာတစ်ဦး ရှာဖွေနေတဲ့ Google

၂၀၁၈ အတွက် ထွက်ပေါ်လာတဲ့ ဘဏ္ဍာရေးအစီရင်ခံစာမှာတော့ Googel ရဲ့ ဝင်ငွေစုစုပေါင်းမှာ ၈၀% က ကြော်ငြာတွေကနေ ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့် Google က ဂေဟစနစ်ကို (Ecosystem) အဓိကဦးစားပေးတဲ့ သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ ဈေးကွက်ကိုချဲ့ထွင်ဖို့လည်း ကြိုးစားနေတာပါ။

Pixel ဖုန်းတွေ၊ Google Home speaker တွေ၊ Chromebook တွေဟာ Google ရဲ့ လူသိများတဲ့ ထုတ်ကုန်တွေလို့ ဆိုရမှာပါ။ ဒါပေမယ့် Google က နာရီတွေထုတ်လုပ်ရောင်းချဖို့ကိုလည်း ပိုပြီးအာရုံစိုက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Fossil ရဲ့ Smartwatch နည်းပညာအချို့ကို ဒေါ်လာသန်း ၄၀ ပေးပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အခုတော့ Google က သူတို့ရဲ့ Wearables ဌာနအတွက် ဒုတိယဥက္ကဋ္ဌ ရာထူးမှာ ခန့်အပ်ဖို့ သင့်တော်သူတစ်ဦးကို ရှာဖွေနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇိုင်းမန်နေဂျာရာထူးအတွက်လည်း ခန့်အပ်ဖို့ရှာဖွေနေတယ်လို့ သိရပါတယ်။ Google ရဲ့ ရည်ရွယ်ချက်ကတော့ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းကိုဖန်တီးနိုင်ပြီး သုံးစွဲသူတွေအတွက် အထင်ကရဖြစ်နေစေချင်တာပဲ ဖြစ်ပါတယ်။

Wearables ဒီဇိုင်းမန်နေဂျာအတွက် လိုအပ်ချက်ထဲက တစ်ခုကတော့ ဒီနယ်ထဲမှာ အနည်းဆုံးလုပ်သက် ၁၅ နှစ်ရှိရမယ် ဆိုတာပါပဲ။ ဒါ့အပြင် တီထွင်ဆန်းသစ်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း စတာတွေလည်းရှိရမယ့်အပြင် ဒါတွေအားလုံးအပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိဖို့လိုအပ်တယ်လို့ Google က ကြေညာထားပါတယ်။

ဒုတိယဥက္ကဋ္ဌ ရာထူးအတွက်ကတော့ အီလက်ထရောနစ်ထုတ်ကုန်တွေထုတ်လုပ်ခြင်းနဲ့ ဒီဇိုင်းပိုင်းမှာ လုပ်သက်အတွေ့အကြုံ အနည်းဆုံး ၁၂ နှစ်ရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အောင်မြင်မှုအတွက် အဓိကမောင်းနှင်ပေးနိုင်ရမှာဖြစ်ပြီး တိုးတက်မှုအတွက် ခြေလှမ်းတွေကို အကောင်အထည်ဖော်ပေးနိုင်သူ ဖြစ်ရမယ်လို့ သိရပါတယ်။

Ref: GSMArena