Satoshi Nakamoto ဟာ Bitcoin နဲ့ Blockchain ကို မိတ်ဆက်ခဲ့တာ ၁၀ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ Blockchain ဟာ နည်းပညာ အသစ် ၁ ခု ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဒီနည်းပညာကို Cryptocurrency နဲ့ NFT ပြင်ပမှာ အသုံးပြုနေတာ မရှိသေးပါဘူး။ အခုတော့ Google ဟာ Blockchain နည်းပညာ နယ်ပယ်ထဲ ဝင်ရောက်လာတော့မယ်လို့ သတင်းထွက်လာတဲ့အတွက် ပြောင်းလဲမှုတွေ မြင်လာရတော့မှာပါ။

Google Forms Blockchain Group Under Newly Appointed Executive - Bloomberg

Blockchain နဲ့ ဒေတာ သိုလှောင်မှု နည်းပညာတွေကို အဓိကထား ဖန်တီးမယ့် ဌာန ၁ ခုမှာ ဒုတိယ ဥက္ကဌ ရာထူးအသစ်အတွက် Shivakumar Venkataraman ကို ခန့်အပ်လိုက်တယ်ဆိုတဲ့ အီးမေး ၁ စောင်ကို Bloomberg က တွေ့ရှိခဲ့ပါတယ်။ Venkataraman ဟာ Google မှာ တာဝန်ထမ်းဆောင်နေတာ နှစ် ၂၀ နီးပါး ရှိပြီ ဖြစ်ပြီး အရင်က Google Search မှ ကြော်ငြာတွေနဲ့ တခြား Google ရဲ့ လုပ်ငန်းတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

Google is starting work on blockchain, and this may lead to crypto payments  on Google Pay - Technology News

ဒီသတင်းထွက်လာတဲ့အတွက် Google ဟာ Cryptocurrency ၁ ခုကို ဖန်တီးနေတယ်လို့ ထင်ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Google ရဲ့ စီးပွားရေး အရာရှိ Bill Ready က ကုမ္ပဏီဟာ Crypto နယ်ပယ်ကို အာရုံစိုက် လေ့လာနေပြီး Google Pay ရဲ့ အနာဂတ်မှာလည်း Crypto ပါဝင်လာနိုင်တယ်လို့ သတင်းသမားတွေကို ပြောခဲ့ပါတယ်။ Google ဟာ Cryptocurrency ဖန်တီးမယ့် ပထမဆုံး နည်းပညာ ကုမ္ပဏီကြီး မဟုတ်ဘဲ Meta ကလည်း Cryptocurrency ဖန်တီးဖို့ ကြိုးစားနေပါတယ်။

Twitter, Discord နဲ့ Reddit တို့ကလည်း Blockchain နယ်ပယ်ထဲ ဝင်ရောက်လာကြပါပြီ။ Twitter က NFT တွေကို စမ်းသပ် အသုံးပြုနေပြီး Discord က NFT Group များစွာနဲ့ ပူးပေါင်းထားပါတယ်။ Reddit က NFT ပလက်ဖောင်း ၁ ခုကို ဖန်တီးဖို့ Software Developer တွေကို ငှားရမ်းထားပါတယ်။

Ref : androidpolice