[Unicode]

Google က ကိုရိုနာဗိုင်းရက်စ်ကြောင့် တရုတ်က ရုံးအားလုံးကို ယာယီ ပိတ်နေတယ်လို့ The Verge ကို ပြောပါတယ်။ တရုတ် ပြည်မကြီး အပြင် ဟောင်ကောင်နဲ့ ထိုင်ဝမ်က ရုံးတွေပါ ပါပါတယ်။ လက်ရှိမှာ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကို ထပ်တိုးပေးထားပြီး တရုတ် အစိုးရက ဗိုင်းရက်စ် ကူးစက်တာ ပိုဆိုးမလာအောင် ဒေသခံတွေကို အိမ်မှာပဲ နေဖို့ တိုက်တွန်းထားပါတယ်။

Google ရဲ့ ပြောရေးဆိုခွင့် ရှိသူ ၁ ယောက်က တရုတ် အစိုးရရဲ့ လမ်းညွှန်ချက် အတိုင်း ရုံးခန်းတွေကို ပိတ်ဖို့ စီစဉ်နေပြီး တရုတ် ပြည်မကြီးနဲ့ ဟောင်ကောင်ကို အလုပ်ကိစ္စ ခရီးသွားတာကို ယာယီ ရပ်နားထားမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက လက်ရှိ တရုတ်မှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့ တရုတ်က ပြန်လာတဲ့ မိသားစုဝင်တွေရှိတဲ့ ဝန်ထမ်းတွေကို အိမ်ကို တတ်နိုင်သလောက် စောစော ပြန်လာပြီး အိမ်ကနေ အလုပ်လုပ်ဖို့ အကြံပေးထားပါတယ်။

တရုတ် နိုင်ငံ ဝူဟန်ကနေ ဗိုင်းရက်စ် စတင် ကူးစက်တာလို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောထားပါတယ်။ လူ ၆၀၀၀ ကျော် ကူးစက်ခံထားရပြီး အနည်းဆုံး ၁၃၂ ယောက် သေဆုံးပြီးပြီလို့ သိရပါတယ်။ တရုတ်ဟာ ကမ္ဘာ့ အကြီးဆုံး အင်တာနက် ဈေးကွက်ဖြစ်ပြီး နည်းပညာ ထုတ်ကုန်တွေ အများဆုံးထုတ်လုပ်နေတဲ့အတွက် ကမ္ဘာ့ အထင်ကရ နည်းပညာ ကုမ္ပဏီတွေဟာ တရုတ်မှာ ရုံးတွေ တည်ရှိကြသလို ဝန်ထမ်းတွေဟာ မကြာခဏ အဲဒီကို ခရီးသွားနေကြရပါတယ်။

Google ဟာ တရုတ် အစိုးရနဲ့ တင်းမာမှုတွေ ကာလရှည်ကြာ ရှိခဲ့တဲ့အတွက် အဲဒီမှာ ရုံးခန်းများစွာ မရှိဘဲ ၄ ခုပဲ ဖွင့်လှစ်ထားပါတယ်။ အခုတော့ ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ရုံးခန်းတွေ ပိတ်နေရပြီး အမေရိကန် ဝန်ထမ်းတွေကို အိမ်ပြန်လာခိုင်းနေရပါပြီ။ Google တင် မကပါဘူး။ Apple နဲ့ Facebook တို့ကလည်း တရုတ်ကို ဝန်ထမ်းတွေ ခရီးသွားတာကို ပိတ်ပင်နေကြပါတယ်။

Ref : theverge

[Zawgyi]

ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ တ႐ုတ္က ႐ုံးအားလုံးကို ယာယီ ပိတ္လိုက္တဲ့ Google

Google က ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ တ႐ုတ္က ႐ုံးအားလုံးကို ယာယီ ပိတ္ေနတယ္လို႔ The Verge ကို ေျပာပါတယ္။ တ႐ုတ္ ျပည္မႀကီး အျပင္ ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္က ႐ုံးေတြပါ ပါပါတယ္။ လက္ရွိမွာ တ႐ုတ္ႏွစ္သစ္ကူး ႐ုံးပိတ္ရက္ကို ထပ္တိုးေပးထားၿပီး တ႐ုတ္ အစိုးရက ဗိုင္းရက္စ္ ကူးစက္တာ ပိုဆိုးမလာေအာင္ ေဒသခံေတြကို အိမ္မွာပဲ ေနဖို႔ တိုက္တြန္းထားပါတယ္။

Google ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ ၁ ေယာက္က တ႐ုတ္ အစိုးရရဲ႕ လမ္းၫႊန္ခ်က္ အတိုင္း ႐ုံးခန္းေတြကို ပိတ္ဖို႔ စီစဥ္ေနၿပီး တ႐ုတ္ ျပည္မႀကီးနဲ႔ ေဟာင္ေကာင္ကို အလုပ္ကိစၥ ခရီးသြားတာကို ယာယီ ရပ္နားထားမယ္လို႔ ေျပာပါတယ္။ ကုမၸဏီက လက္ရွိ တ႐ုတ္မွာ ရွိတဲ့ ဝန္ထမ္းေတြနဲ႔ တ႐ုတ္က ျပန္လာတဲ့ မိသားစုဝင္ေတြရွိတဲ့ ဝန္ထမ္းေတြကို အိမ္ကို တတ္ႏိုင္သေလာက္ ေစာေစာ ျပန္လာၿပီး အိမ္ကေန အလုပ္လုပ္ဖို႔ အႀကံေပးထားပါတယ္။

တ႐ုတ္ ႏိုင္ငံ ဝူဟန္ကေန ဗိုင္းရက္စ္ စတင္ ကူးစက္တာလို႔ က်န္းမာေရး အာဏာပိုင္ေတြက ေျပာထားပါတယ္။ လူ ၆၀၀၀ ေက်ာ္ ကူးစက္ခံထားရၿပီး အနည္းဆုံး ၁၃၂ ေယာက္ ေသဆုံးၿပီးၿပီလို႔ သိရပါတယ္။ တ႐ုတ္ဟာ ကမာၻ႔ အႀကီးဆုံး အင္တာနက္ ေဈးကြက္ျဖစ္ၿပီး နည္းပညာ ထုတ္ကုန္ေတြ အမ်ားဆုံးထုတ္လုပ္ေနတဲ့အတြက္ ကမာၻ႔ အထင္ကရ နည္းပညာ ကုမၸဏီေတြဟာ တ႐ုတ္မွာ ႐ုံးေတြ တည္ရွိၾကသလို ဝန္ထမ္းေတြဟာ မၾကာခဏ အဲဒီကို ခရီးသြားေနၾကရပါတယ္။

Google ဟာ တ႐ုတ္ အစိုးရနဲ႔ တင္းမာမႈေတြ ကာလရွည္ၾကာ ရွိခဲ့တဲ့အတြက္ အဲဒီမွာ ႐ုံးခန္းမ်ားစြာ မရွိဘဲ ၄ ခုပဲ ဖြင့္လွစ္ထားပါတယ္။ အခုေတာ့ ကို႐ိုနာ ဗိုင္းရက္စ္ေၾကာင့္ ႐ုံးခႏ္ုးေတြ ပိတ္ေနရၿပီး အေမရိကန္ ဝန္ထမ္းေတြကို အိမ္ျပန္လာခိုင္းေနရပါၿပီ။ Google တင္ မကပါဘူး။ Apple နဲ႔ Facebook တို႔ကလည္း တ႐ုတ္ကို ဝန္ထမ္းေတြ ခရီးသြားတာကို ပိတ္ပင္ေနၾကပါတယ္။

Ref : theverge