Unicode

Google ကနေ Android 10 ကို တရားဝင်မမိတ်ဆက်ခင် Android Q Beta 2 တုန်းက Chat Bubble ဆိုတဲ့ Feature တစ်ခုကို စမ်းသပ်ခဲ့ပါတယ်။ အခု Android 10 Stable Version ထွက်ရှိတဲ့အချိန်မှာတော့ အဆိုပါ Feature ကို ထပ်မံစမ်းသပ်နေတဲ့ပုံစံပါပဲ။

ဒီတစ်ကြိမ်မှာတော့ Google ကနေ အဆိုပါ Feature ကို Android Message App မှာ စမ်းသပ်နေတာဖြစ်ပြီးတော့ XDA Developer ကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခု Feature ဟာ Message ဝင်ရောက်လာရင် Facebook Messenger Chat Head ပုံစံမျိုးနဲ့ ပေါ်လာမှာဖြစ်ပြီး အဲ့ဒီမှာမှ Reply ပြန်တာတို့ Quick Replies Feature ကို အသုံးပြုတာမျိုးကို ဆောင်ရွက်နိုင်မှာပါ။

Google ဟာ အခုနောက်ပိုင်းမှာ ဒီ Android Message ကို အာရုံစိုက်လာပြီးတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းကလည်း Apple ရဲ့ iMessage နဲ့ ပုံစံတူညီတဲ့ RCS Feature ကို ထုတ်ပေးခဲ့ပါသေးတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး Feature အသစ်တွေကလည်း နောက်ပိုင်း Android 10 Version တွေ သို့မဟုတ် Android 11 မှာ ပါဝင်လာဖို့ များနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Feature ကို စမ်းသပ်ချင်တယ်ဆိုရင်တော့ Android 10 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေမှာ Developer Options ထဲမှာရှိတဲ့ Bubbles Feature ကို Enable ပြုလုပ်ပြီး Android Messages ရဲ့ Notification Setting မှာပါ Bubbles Option ကို On ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – Phone Arena

Zawgyi





Ref – Phone Arena