Zawgyi

Google ရဲ႕ Pixel 4 စမတ္ဖုန္းေတြဟာ လာမယ့္ ေအာက္တုိဘာလဆုိရင္ မိတ္ဆက္လာေတာ့မွာျဖစ္ျပီးေတာ့ ထြက္ခဲ့သမွ် Pixel Series ဖုန္းေတြထဲမွာ အထူးျခားဆံုးလည္းျဖစ္လာႏုိင္ပါတယ္။ဒီ Pixel 4 ရဲ႕ Design ကို Google ကိုယ္တိုင္က အတည္ျပဳထားသလို Render ေတြလည္း ထြက္ရွိထားၿပီးျဖစ္ပါတယ္။

ဒါေပမယ့္ အခုထြက္ရွိထားသမွ် Pixel 4 ဓါတ္ပံုေတြမွာ အတည္ျပဳႏုိင္တဲ့ Feature တစ္ခုရွိျပီး၊ ဒါကေတာ့ Face Unlock စနစ္သစ္ကို ထည့္သြင္းလာမွာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ကိုလည္း Google ကေန လက္ရွိ Face Unlock နည္းစနစ္ေတြနဲ႔ မတူတဲ့ Face Unlock နည္းပညာတစ္ခုကို ထည့္သြင္းလာႏုိင္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ အခုအခ်ိန္မွာ Google ရဲ႕ ဝန္ထမ္းအခ်ိဳ႕ကေန ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာရွိတဲ့ ျမိဳ႕ၾကီးေတြမွာ လမ္းေပၚက လမ္းသြားလမ္းလာေတြကို အကူအညီေတာင္းျပီး Pixel 4 ရဲ႕ Face Unlock ကို စမ္းသပ္ေနပံုရလုိ႔ပါ။ Google ကိုယ္တုိင္ကေတာ့ ဒီဖုန္းက Pixel 4 လုိ႔ အတည္ျပဳျခင္းမရွိေပမယ့္လည္း Next Generation Face Unlock နည္းပညာအတြက္ Data Collect လုပ္ဖုိ႔လုိတယ္ဆိုျပီး အကူအညီေတာင္းေနတာျဖစ္ပါတယ္။ ဒီအတြက္ စမ္းသပ္တာက ဘာဖုန္းမွန္းမသိေအာင္ ျပဳလုပ္ထားတဲ့ Box ပံုစံ Cover ထဲမွာထည့္ထားတဲ့ဖုန္းကို ကိုင္ျပီး Selfie Mode နဲ႔ ကိုယ့္ မ်က္ႏွာပံုစံေတြကို Scan ဖတ္ယူတာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

အဲ့ဒီထက္ထူးဆန္းတာက အခုလုိမ်ိဳး စမ္းသပ္ခံတဲ့သူေတြကို Google ကေန ၅ ေဒၚလာတန္ Amazon ဒါမွမဟုတ္ Starbucks Giftcard တစ္ခုစီလက္ေဆာင္ေပးခဲ့တယ္လုိ႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ Google အေနနဲ႔ ဒီ Pixel 4 မွာပါဝင္လာမယ့္ Face Unlock စနစ္ကို ေသေသခ်ာခ်ာကို စမ္းသပ္ေနပံုပါပဲ။

Pixel 4 စမတ္ဖုန္းဟာ လက္ရွိသိထားရတဲ့ပံုေတြအရေတာ့ ဖုန္းရဲ႕ အေရွ႕ဘက္အေပၚဘက္မွာ Dual Selfie Camera ၊ Earpiece နဲ႔ Project Soli အပါအဝင္ အမ်ိဳးအမည္မသိေသးတဲ့ Sensor ေတြထည့္သြင္းထားတဲ့ Top Bezel တစ္ခုပဲ ပါမွာျဖစ္ျပီး က်န္တဲ့ေဘးေဘာင္ေတြကေတာ့ Bezel-less Design ျဖစ္ေနမွာပါ။

Ref – Phone Arena

Unicode

Google ရဲ့ Pixel 4 စမတ်ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလဆိုရင် မိတ်ဆက်လာတော့မှာဖြစ်ပြီးတော့ ထွက်ခဲ့သမျှ Pixel Series ဖုန်းတွေထဲမှာ အထူးခြားဆုံးလည်းဖြစ်လာနိုင်ပါတယ်။ ဒီ Pixel 4 ရဲ့ Design ကို Google ကိုယ်တိုင်ကရော Render တွေလည်း ထွက်ရှိထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အခုထွက်ရှိထားသမျှ Pixel 4 ဓါတ်ပုံတွေမှာ အတည်ပြုနိုင်တဲ့ Feature တစ်ခုရှိပြီးတော့ ဒါကတော့ Face Unlock စနစ်ကို ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း Google ကနေ လက်ရှိ Face Unlock နည်းစနစ်တွေနဲ့ မတူတဲ့ Face Unlock နည်းပညာတစ်ခုကို ထည့်သွင်းလာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Google ရဲ့ ဝန်ထမ်းအချို့ကနေ နိုင်ငံတော်တော်များများမှာရှိတဲ့ မြို့ကြီးတွေမှာ လမ်းပေါ်က လမ်းသွားလမ်းလာတွေကို အကူအညီတောင်းပြီး Pixel 4 ရဲ့ Face Unlock ကို စမ်းသပ်နေပုံရလို့ပါ။ Google ကိုယ်တိုင်ကတော့ ဒီဖုန်းက Pixel 4 လို့ အတည်ပြုခြင်းမရှိပေမယ့်လည်း Next Generation Face Unlock နည်းပညာအတွက် Data Collect လုပ်ဖို့လိုတယ်ဆိုပြီး အကူအညီတောင်းနေတာဖြစ်ပါတယ်။ ဒီအတွက် စမ်းသပ်တာက ဘာဖုန်းမှန်းမသိအောင် ပြုလုပ်ထားတဲ့ Box ပုံစံ Cover ထဲမှာထည့်ထားတဲ့ဖုန်းကို ကိုင်ပြီး Selfie Mode နဲ့ ကိုယ့် မျက်နှာပုံစံတွေကို Scan ဖတ်ယူတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီထက်ထူးဆန်းတာက အခုလိုမျိုး စမ်းသပ်ခံတဲ့သူတွေကို Google ကနေ ၅ ဒေါ်လာတန် Amazon ဒါမှမဟုတ် Starbucks Giftcard တစ်ခုစီလက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Google အနေနဲ့ ဒီ Pixel 4 မှာပါဝင်လာမယ့် Face Unlock စနစ်ကို သေသေချာချာကို စမ်းသပ်နေပုံပါပဲ။

Pixel 4 စမတ်ဖုန်းဟာ လက်ရှိသိထားရတဲ့ပုံတွေအရတော့ ဖုန်းရဲ့ အရှေ့ဘက်အပေါ်ဘက်မှာ Dual Selfie Camera ၊ Earpiece နဲ့ Project Soli အပါအဝင် အမျိုးအမည်မသိသေးတဲ့ Sensor တွေထည့်သွင်းထားတဲ့ Top Bezel တစ်ခုပဲ ပါမှာဖြစ်ပြီး ကျန်တဲ့ဘေးဘောင်တွေကတော့ Bezel-less Design ဖြစ်နေမှာပါ။

Ref – Phone Arena